ကၽြန္မတို႔ဟာ ႏို႔ကဲ့သို႔ အစားအေသာက္ သက္တမ္းကုန္ဆံုးရက္ကို စစ္ေဆးဖို႔ အၿမဲတမ္း သတိရၾကၿပီး ကၽြန္မတို႔ရဲ႕ အလွကုန္မ်ားကို ဘယ္ေလာက္ၾကာၾကာထိန္းသိမ္းသင့္လဲဆိုတာ သိၾကပါတယ္။ ဒါေပမယ့္ ကၽြန္မတို႔ဟာ အမွန္တကယ္ သံုးသင့္တာထက္ အခ်ိန္ၾကာၾကာသံုးေနတဲ့ အိမ္သံုးပစၥည္းမ်ားကို ဂရုမစိုက္မိပါဘူး။ ေရခဲေသတၱာထဲက စားေသာက္ကုန္ေတြသာ သက္တမ္းကုန္ဆံုးရက္ ရွိတာမဟုတ္ပါဘူး။ ဒီလိုပစၥည္းေတြကလည္း သက္တမ္းကုန္ဆံုးရက္ ရွိပါတယ္။
၁။ သြားတုိက္တံ
သြားတိုက္တံက အမွ်င္ေလးေတြမွာ ေရာဂါပိုးမ်ားႏွင့္ ဘက္တီးရီးယားမ်ား တည္ေဆာက္ႏိုင္တာေၾကာင့္ သြားဆရာ၀န္မ်ားကသင့္ရဲ႕ သြားတိုက္တံကို ၃လ တစ္ႀကိမ္ေျပာင္းလဲဖို႔ အႀကံျပဳထားပါတယ္။
၂။ မ်က္ႏွာသုတ္ပု၀ါ
မ်က္ႏွာသုတ္ပု၀ါက အမ်ားဆံုး ၁ႏွစ္ သို႔မဟုတ္ ၂ႏွစ္သက္တမ္းရွိပါတယ္။
၃။ ေရေမႊး
ေရေမႊးကို ၁၀ႏွစ္ေလာက္ သိမ္းထားႏိုင္ၿပီး ဘာျပႆနာမွမရွိဘဲ အသံုးျပဳႏိုင္တယ္လို႔ သင္ထင္ပါသလား?။ ေရေမႊးကို ဖြင့္ၿပီးတာႏွင့္ တၿပိဳက္နက္ ၁ႏွစ္ႏွင့္၂ႏွစ္အၾကား ၾကာရွည္ထားႏိုင္ပါတယ္။ မဖြင့္ထားဘူးဆိုရင္ သူတို႔ကို ၃ႏွစ္အထိ ၾကာရွည္ထားႏိုင္ပါတယ္။
၄။ေခါင္းၿဖီးတဲ့ ဘီး
ကၽြန္မတို႔သည္ တခါတေလမွာ ဘီးတစ္ေခ်ာင္းထဲကိုပဲ ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳတတ္ၾကပါတယ္။ ဒါေပမယ့္ ဘီးကို အပတ္တိုင္း ေဆးေၾကာၿပီး ႏွစ္တိုင္းလဲသင့္တယ္လို႔ အႀကံျပဳထားပါတယ္။
၅။ ေခါင္းအံုး
ႏွစ္ေပါင္းမ်ားစြာ ေခါင္းအံုးကို ထိန္းသိမ္းတာ လူတိုင္းျပဳလုပ္တဲ့ အေလ့အက်င့္တစ္ခုပါ။ ဒါေပမယ့္ အဲ့လိုအၾကာႀကီးသံုးတဲ့အခါ သူတို႔ရဲ႕ ပံုသ႑ာန္ ေပ်ာက္ဆံုးသြားတဲ့အျပင္ ေခါင္းအံုးထဲမွာ ဖုန္မႈန္႔ေတြ ၀င္ႏိုင္တယ္ဆိုတာ ကၽြန္မတို႔ သတိမျပဳမိပါဘူး။ ဟုတ္ပါတယ္။ ၁ႏွစ္ ၂ႏွစ္ၾကာၿပီးေနာက္ ေခါင္းအံုးမ်ားသည္ ဓါတ္မတည့္မႈကို ျဖစ္ပြားေစတဲ့ ဒီေသးငယ္တဲ့သတၱ၀ါေတြအတြက္ ခိုေအာင္းရာ အိမ္တစ္လံုး ျဖစ္လာပါတယ္။
၆။ ဘရာဇီယာ
ဘရာဇီယာတစ္ထည္ကို ပံုမွန္ေလွ်ာ္ဖြပ္ၿပီး ဘယ္ေလာက္ၾကာၾကာ အသံုးျပဳလို႔ရလဲဆိုတာ သတိထားမိဖို႔အတြက္ အေရးႀကီးပါတယ္။ ဘရာဇီယာတစ္ထည္က ၁ႏွစ္ ၂ႏွစ္ၾကာၿပီးေနာက္မွာ ေလ်ာ့ရဲလာၿပီး ပံုပ်က္လာတာေၾကာင့္ သင့္ရင္သားကို အေကာင္းဆံုး ေထာက္ပံ့ေပးႏိုင္ျခငး္ မရွိေတာ့ပါဘူး။
၇။ ကေလး ကားထိုင္ခံု
ကားထဲမွာ ကေလးေတြလံုၿခံဳဖို႔အတြက္ ျပဳလုပ္ထားတဲ့ ထိုင္ခံုကို တခါတရံမွာ ကိုယ့္ကေလးေတြ ဒါမွမဟုတ္ တူမေတြ၊ တူေတြအတြက္ ျပန္သံုးစြဲလုိ႔ရေအာင္ သိမ္းထားတတ္ၾကပါတယ္။ ဒီခါးပတ္ပါထိုင္ခံုေတြက ေျခာက္ႏွစ္ၾကာၿပီးေနာက္ သူတို႔ပံုသ႑ာန္ ဆံုးရံႈးသြားၿပီး သင့္ကေလးေတြအတြက္ အသံုးျပဳဖို႔ ၾကာရွည္မလံုၿခံဳေတာ့ပါဘူး။
၈။ အိမ္စီးဖိနပ္
အိမ္စီးဖိနပ္ေတြက သင့္ေျခေထာက္အတြက္ မလိုလားအပ္တဲ့မိႈပိုးရဲ႕ အရင္းအျမစ္ျဖစ္လာႏိုင္တာေၾကာင့္ ၆လထက္ ပိုၾကာရွည္စြာ မသိမ္းထားသင့္ဘူးလို႔ အႀကံျပဳထားပါတယ္။
၉။ ဂ်ံဳမႈန္႔
ကၽြန္မတို႔ဟာ တခါတရံမွာ ဂ်ံဳမႈန္႔ထုပ္ကို အသံုးမျပဳခင္ မီးဖိုေခ်ာင္ထဲမွာ လေပါင္းမ်ားစြာၾကာေအာင္ ထားတတ္ပါတယ္။ ဂ်ံဳမႈန္႔ထုပ္ကို ပိတ္ထားတဲ့အခါ အပူခ်ိန္ေပၚမႈတည္ၿပီး ၆လကေန ၁၂လအၾကားသာ သိမ္းထားႏိုင္တယ္ဆိုတာ သင္သိဖို႔ အေရးႀကီးပါတယ္။
၁၀။ ဟင္းခတ္အေမႊးအႀကိဳင္
ဇီယာ၊ နႏြင္း၊ ငရုတ္ေကာင္း၊ ေလးညွင္းပြင့္ႏွင့္ အျခားနံသာမ်ိဳးေတြကို ဟင္းခ်က္တဲ့အခါ အသံုးျပဳဖို႔ မဆံုးျဖတ္ရေသးခင္မွာ ႏွစ္ေပါင္းမ်ားစြာ ထားတတ္ၾကပါတယ္။ ဒီဟင္းခတ္အေမႊးအႀကိဳင္မ်ားကို ၃ႏွစ္ထက္ပိုၿပီး သိမ္းမထားသင့္ပါဘူး။ ဒီထက္ပိုၾကာၿပီး သက္တမ္းလြန္သံုးစြဲပါက သူတို႔ရဲ႕ ဂုဏ္သတၱိေတြ ဆံုးရံႈးပါတယ္။
ဒါ့ေၾကာင့္ သင့္မွာ ဒီိလိုသက္တမ္းလြန္ပစၥည္းေတြရွိေနရင္ သိမ္းမထားပါနဲ႔။ ဘာအက်ိဳးေက်းဇူးမွမေပးဘဲ ေနရာယူထားတဲ့ ဒီပစၥည္းေတြကို ဖယ္ရွားပါ။
#Lifestyle_Myanmar
#LM_Nandar
Unicode
သက်တမ်းလွန်နေပြီဆိုတာ သင်မသိတဲ့ အိမ်သုံးပစ္စည်းများ
ကျွန်မတို့သည် နို့ကဲ့သို့ အစားအသောက် သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးဖို့ အမြဲတမ်း သတိရကြပြီး ကျွန်မတို့ရဲ့ အလှကုန်များကို ဘယ်လောက်ကြာကြာထိန်းသိမ်းသင့်လဲဆိုတာ သိကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ အမှန်တကယ် သုံးသင့်တာထက် အချိန်ကြာကြာသုံးနေတဲ့ အိမ်သုံးပစ္စည်းများကို ဂရုမစိုက်မိပါဘူး။ ရေခဲသေတ္တာထဲက စားသောက်ကုန်တွေသာ သက်တမ်းကုန်ဆုံးရက် ရှိတာမဟုတ်ပါဘူး။ ဒီလိုပစ္စည်းတွေကလည်း သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။
၁။ သွားတိုက်တံ
သွားတိုက်တံက အမျှင်လေးတွေမှာ ရောဂါပိုးများနှင့် ဘက်တီးရီးယားများ တည်ဆောက်နိုင်တာကြောင့် သွားဆရာဝန်များကသင့်ရဲ့ သွားတိုက်တံကို ၃လ တစ်ကြိမ်ပြောင်းလဲဖို့ အကြံပြုထားပါတယ်။
၂။ မျက်နှာသုတ်ပုဝါ
တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကြာရှည်ခံမှု၏ အကြောင်းရင်းအတွက် မျက်နှာသုတ်ပုဝါက အများဆုံး ၁နှစ် သို့မဟုတ် ၂နှစ်သက်တမ်းရှိပါတယ်။
၃။ ရေမွှေး
ရေမွှေးကို ၁ဝနှစ်လောက် သိမ်းထားနိုင်ပြီး ဘာပြဿနာမှမရှိဘဲ အသုံးပြုနိုင်တယ်လို့ သင်ထင်ပါသလား?။ ရေမွှေးကို ဖွင့်ပြီးတာနှင့် တပြိုက်နက် ၁နှစ်နှင့်၂နှစ်အကြား ကြာရှည်ထားနိုင်ပါတယ်။ မဖွင့်ထားဘူးဆိုရင် သူတို့ကို ၃နှစ်အထိ ကြာရှည်ထားနိုင်ပါတယ်။
၄။ခေါင်းဖြီးတဲ့ ဘီး
ကျွန်မတို့သည် တခါတလေမှာ ဘီးတစ်ချောင်းထဲကိုပဲ နှစ်ပေါင်းများစွာ အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့် ဘီးကို အပတ်တိုင်း ဆေးကြောပြီး နှစ်တိုင်းလဲသင့်တယ်လို့ အကြံပြုထားပါတယ်။
၅။ ခေါင်းအုံး
နှစ်ပေါင်းများစွာ ခေါင်းအုံးကို ထိန်းသိမ်းတာ လူတိုင်းပြုလုပ်တဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါပေမယ့် အဲ့လိုအကြာကြီးသုံးတဲ့အခါ သူတို့ရဲ့ ပုံသဏ္ဍာန် ပျောက်ဆုံးသွားတဲ့အပြင် ခေါင်းအုံးထဲမှာ ဖုန်မှုန့်တွေ ဝင်နိုင်တယ်ဆိုတာ ကျွန်မတို့ သတိမပြုမိပါဘူး။ ဟုတ်ပါတယ်။ ၁နှစ် ၂နှစ်ကြာပြီးနောက် ခေါင်းအုံးများသည် ဓါတ်မတည့်မှုကို ဖြစ်ပွားစေတဲ့ ဒီသေးငယ်တဲ့သတ္တဝါတွေအတွက် ခိုအောင်းရာ အိမ်တစ်လုံး ဖြစ်လာပါတယ်။
၆။ ဘရာဇီယာ
ဘရာဇီယာတစ်ထည်ကို ပုံမှန်လျှော်ဖွပ်ပြီး ဘယ်လောက်ကြာကြာ အသုံးပြုလို့ရလဲဆိုတာ သတိထားမိဖို့အတွက် အရေးကြီးပါတယ်။ ဘရာဇီယာတစ်ထည်က ၁နှစ် ၂နှစ်ကြာပြီးနောက်မှာ လျော့ရဲလာပြီး ပုံပျက်လာတာကြောင့် သင့်ကို ထောက်ပံ့ပေးနိုင်ခြငး် မရှိတော့ပါဘူး။
၇။ ကလေး ကားထိုင်ခုံ
ကားထဲမှာ ကလေးတွေလုံခြုံဖို့အတွက် ပြုလုပ်ထားတဲ့ ထိုင်ခုံကို တခါတရံမှာ ကိုယ့်ကလေးတွေ ဒါမှမဟုတ် တူမတွေ၊ တူတွေအတွက် ပြန်သုံးစွဲလို့ရအောင် သိမ်းထားတတ်ကြပါတယ်။ ဒီခါးပတ်ပါထိုင်ခုံတွေက ခြောက်နှစ်ကြာပြီးနောက် သူတို့ပုံသဏ္ဍာန် ဆုံးရှုံးသွားပြီး သင့်ကလေးတွေအတွက် အသုံးပြုဖို့ ကြာရှည်မလုံခြုံတော့ပါဘူး။
၈။ အိမ်စီးဖိနပ်
အိမ်စီးဖိနပ်တွေက သင့်ခြေထောက်အတွက် မလိုလားအပ်တဲ့မှိုပိုးရဲ့ အရင်းအမြစ်ဖြစ်လာနိုင်တာကြောင့် ၆လထက် ပိုကြာရှည်စွာ မသိမ်းထားသင့်ဘူးလို့ အကြံပြုထားပါတယ်။
၉။ ဂျုံမှုန့်
ကျွန်မတို့သည် တခါတရံမှာ ဂျုံမှုန့်ထုပ်ကို အသုံးမပြုခင် မီးဖိုချောင်ထဲမှာ လပေါင်းများစွာကြာအောင် ထားတတ်ပါတယ်။ ဂျုံမှုန့်ထုပ်ကို ပိတ်ထားတဲ့အခါ အပူချိန်ပေါ်မှုတည်ပြီး ၆လကနေ ၁၂လအကြားသာ သိမ်းထားနိုင်တယ်ဆိုတာ သင်သိဖို့ အရေးကြီးပါတယ်။
၁၀။ ဟင်းခတ်အမွှေးအကြိုင်
ဇီယာ၊ နနွင်း၊ ငရုတ်ကောင်း၊ လေးညှင်းပွင့်နှင့် အခြားနံသာမျိုးတွေကို ဟင်းချက်တဲ့အခါ အသုံးပြုဖို့ မဆုံးဖြတ်ရသေးခင်မှာ နှစ်ပေါင်းများစွာ ထားတတ်ကြပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်များကို ၃နှစ်ထက်ပိုပြီး သိမ်းမထားသင့်ပါဘူး။ ဒီထက်ပိုကြာပြီး သက်တမ်းလွန်သုံးစွဲပါက သူတို့ရဲ့ ဂုဏ်သတ္တိတွေ ဆုံးရှုံးပါတယ်။
ဒါ့ကြောင့် သင့်မှာ ဒီိလိုသက်တမ်းလွန်ပစ္စည်းတွေရှိနေရင် သိမ်းမထားပါနဲ့။ ဘာအကျိုးကျေးဇူးမှမပေးဘဲ နေရာယူထားတဲ့ ဒီပစ္စည်းတွေကို ဖယ်ရှားပါ။
#Lifestyle_Myanmar
#LM_Nandar