ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ပြီးမှ မြင်ကွင်းထဲ ဆေးခြောက်ပင်တွေ့လို့ အဖမ်းခံရတဲ့ အဖြစ်

0
174

စပိန်နိုင်ငံမှာ ၃ပတ်အကြာ ကျင်းပပြုလုပ်တဲ့ Vuelta a Espana လို့ အမည်ရ စက်ဘီးစီးပြိုင်ပွဲ ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲ ကျင်းပချိန်မှာတော့ မှတ်တမ်းတင်ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့ပြီး ဝေဟင်ပေါ်ကနေလည်း ရဟတ်ယာဉ်နဲ့ ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ဝေဟင်ကနေ ရိုက်ကူးရေးပြုလုပ်ချိန်မှာတော့ အမှတ်မထင် အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဆိုပါ ရိုက်ကူးရေး ပြီးစီးတဲ့ အချိန်မှာတော့ ဗီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ စနေနေ့က လူမှုကွန်ယက်ပေါ်မှာ post တင်ပေးခဲ့ပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ မြင်ကွင်းထဲမှာတော့ တိုက်ပေါ်မှာ ဆေးခြောက်လို့ ယူဆရတဲ့ အပင်တွေကို တွေ့ရတယ်လို့ မျက်စိလျင်တဲ့ ကြည့်ရှု့သူတွေက မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အဆိုပါ ဆေးခြောက်ပင်တွေဟာ ဘာစီလိုနာ အနောက်မြောက်ဘက် Lgualada တိုက် ခေါင်းမိုးပေါ်တွေမှာ စိုက်ပျိုးထားတာဖြစ်ပါတယ်။

ဒေသဆိုင်ရာ ရဲတွေဟာ လူမှုကွန်ယက်ပေါ်ကတစ်ဆင့် သတင်းကြားသိခဲ့ရတာကြောင့် အဆိုပါ နေရာကို သွားရောက်စစ်ဆေးတဲ့အခါမှာတော့ ဆေးခြောက်အပင် ၄၀ကို သိမ်းဆည်းရမိပါတယ်။ စိုက်ခင်းကို ၂နေရာ ခွဲစိုက်ထားပြီး လက်ရှိမှာတော့ အပင်တွေနဲ့ပတ်သတ်ပြီး တရားခံ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိရသေးတဲ့အပြင် ဖမ်းစီးအရေးယူမှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုတာတော့ စီးပွားဖြစ်ဖြန့်ဖြူးရောင်းချတာမျိုးမဟုတ်ဘဲ တစ်ကိုယ်ရည်တစ်ကာယ သုံးစွဲဖို့အတွက် ဆေးခြောက်စိုက်ပျိုးတာမျိုးကို အရေးယူတားဆီးနိုင်တဲ့ ဥပဒေ စပိန်နိုင်ငံမှာ မရှိသေးတဲ့အတွက်ပါပဲ။ လက်ရှိမှာတော့ အဆိုပါ အဆောက်အဦးနဲ့ ပတ်သက်သူ အားလုံးကို အများပြည်သူတွေသိသာ မြင်သာ ရှိစေရန်အတွက် ပေါင် ၂၇၀၀၀ ဒဏ်ကြေးတပ်ဖို့ ရှိကြောင်း ကြေညာထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

ေဝဟင္ကေန ရိုက္ကူးေရးလုပ္ၿပီးမွ ျမင္ကြင္းထဲ ေဆးေျခာက္ပင္ေတြ႕လို႔ အဖမ္းခံရတဲ့ အျဖစ္

စပိန္နိုင္ငံမွာ ၃ပတ္အၾကာ က်င္းပျပဳလုပ္တဲ့ Vuelta a Espana လို႔ အမည္ရ စက္ဘီးစီးၿပိဳင္ပြဲ ကို ၿပီးခဲ့တဲ့ ရက္ပိုင္းက က်င္းပခဲ့ပါတယ္။ အဲ့ဒီၿပိဳင္ပြဲ က်င္းပခ်ိန္မွာေတာ့ မွတ္တမ္းတင္ရိုက္ကူးေရးေတြ ျပဳလုပ္ခဲ့ၿပီး ေဝဟင္ေပၚကေနလည္း ရဟတ္ယာဥ္နဲ႔ ရိုက္ကူးေရးေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီလို ေဝဟင္ကေန ရိုက္ကူးေရးျပဳလုပ္ခ်ိန္မွာေတာ့ အမွတ္မထင္ အျဖစ္အပ်က္တစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။

အဆိုပါ ရိုက္ကူးေရး ၿပီးစီးတဲ့ အခ်ိန္မွာေတာ့ ဗီဒီယိုဖိုင္ကို ၿပီးခဲ့တဲ့ စေနေန႔က လူမွုကြန္ယက္ေပၚမွာ post တင္ေပးခဲ့ပါတယ္။ ေဝဟင္က ရိုက္ကူးထားတဲ့ ျမင္ကြင္းထဲမွာေတာ့ တိုက္ေပၚမွာ ေဆးေျခာက္လို႔ ယူဆရတဲ့ အပင္ေတြကို ေတြ႕ရတယ္လို႔ မ်က္စိလ်င္တဲ့ ၾကည့္ရွု႔သူေတြက မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ အဆိုပါ ေဆးေျခာက္ပင္ေတြဟာ ဘာစီလိုနာ အေနာက္ေျမာက္ဘက္ Lgualada တိုက္ ေခါင္းမိုးေပၚေတြမွာ စိုက္ပ်ိဳးထားတာျဖစ္ပါတယ္။

ေဒသဆိုင္ရာ ရဲေတြဟာ လူမွုကြန္ယက္ေပၚကတစ္ဆင့္ သတင္းၾကားသိခဲ့ရတာေၾကာင့္ အဆိုပါ ေနရာကို သြားေရာက္စစ္ေဆးတဲ့အခါမွာေတာ့ ေဆးေျခာက္အပင္ ၄၀ကို သိမ္းဆည္းရမိပါတယ္။ စိုက္ခင္းကို ၂ေနရာ ခြဲစိုက္ထားၿပီး လက္ရွိမွာေတာ့ အပင္ေတြနဲ႔ပတ္သတ္ၿပီး တရားခံ ဘယ္သူဘယ္ဝါဆိုတာ တိတိက်က် မသိရေသးတဲ့အျပင္ ဖမ္းစီးအေရးယူမွုေတြ မျပဳလုပ္ရေသးဘူးလို႔ သိရပါတယ္။

ဘာေၾကာင့္လဲဆိုတာေတာ့ စီးပြားျဖစ္ျဖန္႔ျဖဴးေရာင္းခ်တာမ်ိဳးမဟုတ္ဘဲ တစ္ကိုယ္ရည္တစ္ကာယ သုံးစြဲဖို႔အတြက္ ေဆးေျခာက္စိုက္ပ်ိဳးတာမ်ိဳးကို အေရးယူတားဆီးနိုင္တဲ့ ဥပေဒ စပိန္နိုင္ငံမွာ မရွိေသးတဲ့အတြက္ပါပဲ။ လက္ရွိမွာေတာ့ အဆိုပါ အေဆာက္အဦးနဲ႔ ပတ္သက္သူ အားလုံးကို အမ်ားျပည္သူေတြသိသာ ျမင္သာ ရွိေစရန္အတြက္ ေပါင္ ၂၇၀၀၀ ဒဏ္ေၾကးတပ္ဖို႔ ရွိေၾကာင္း ေၾကညာထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here