ဝူဟန်ဗိုင်းရပ်စ် သေဆုံးသူ ၁၀၆ဦး ထိရှိလာပြီး ရောဂါကူးစက်မှု နှစ်ဆမြင့်တက်လာလို့ ကမ္ဘာလုံးဆိုင်ရာအန္တရယ်မြင့်မားနေပြီ

0
862
- Advertisement -

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုး (Wuhan coronavirus) သည်အာရှနှင့်ကမ္ဘာအနှံ့အပြားမှာဆက်လက်ပျံ့နှံ့နေပြီးလူ ၁၀၆ ဦးသေဆုံးပြီးလူပေါင်း၄၁၇၄ဦးနီးပါးရောဂါကူးစက်ခံထားရတယ်လို့ တရုတ်အာဏာပိုင်များကတရား၀င်ထုတ်ပြန်လိုက်ပါပြီ။

-Advertisement-

လက်ရှိမှာ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်မှာဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူ လူနာ ၁၉ ဦးရှိတယ်လို့တရုတ်အာဏာပိုင်တွေကမနေ့ကထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေအရဆိုတရုတ်တစ်နိင်ငံလုံးနီးပါးရောဂါကူးစက်ခံရမယ့်အခြေအနေရောက်နေပြီလို့သိရပါတယ်။ ယမန် နေ့က စာရင်းတွေအရ ေသဆုံးသူ၈၂ဦးနဲ့ကူးစက်ခံရသူ ၂၈၈၂ဦးရှိခဲ့ရာက တစ်ရက်အတွင်းသေဆုံးသူ၂၄ဦးမြင့်တက်ခဲ့ပြီး ရောဂါကူးစက်ခံရသူ၁၂၉၁ဦးထပ်မံများပြားလာတာဖြစ်လို့ အခြေအနေက တော်တော်ဆိုး၀ါးလာတာပါ။

WHOထုတ်ပြောပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ တရုတ်နိုင်ငံကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားပြီးဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု ထိန်းချုပ်နိုင်ရေးအတွက် WHO ညွှန်ကြားရေးမှူးချုပ်က တရုတ်အစိုးရတာဝန်ရှိသူတွေကိုသွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက် ၀ူဟန်ဗိုင်းရပ်စ်ပြန့်နှံမှုဟာ ကမ္ဘာလုံးဆိုင်ရာအန္တရယ်မြင့်မားနေပြီဖြစ်တယ်လို့ ဇန်န၀ါရီလ၂၇ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံ၏ပိတ်ဆို့ထိန်းချုပ်မှု

တရုတ်အစိုးရကရောဂါကူးစက်မှုကိုထိန်းချုပ်တုန့်ပြန်မှုကိုတိုးမြှင့်လိုက်တဲ့အတွက် တရုတ်မြို့ကြီးတွေမှာနေတဲ့ လူဦး ရေသန်း ၆၀ နီးပါးဟာ တစိတ်တပိုင်းသို့မဟုတ်အပြည့်အ၀ ပိတ်ဆို့ထိန်းချုပ်မှုများခံစားနေ့ရပါတယ်။

၅သန်းထွက်ခွာခဲ့

ဒီဗိုင်းရပ်စ် ပိုးဟာ လူသားအချင်းချင်း ကူးစက်နိုင်ကြောင်း အတည်ပြုထားပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ထဲက ဝင်ထွက်သွားလာခွင့်ပိတ်ထားခဲ့ပါပြီ။ ဒါ့အပြင် တရုတ်နိုင်ငံတွင်းက မြို့ပေါင်း၁၅ခုထက်မနည်း ဝင်ထွက်၊ သွားလာခွင့်တွေကို တရုတ်အစိုးရက ပိတ်ထားပါတယ်။

ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ တစ်နေ့တစ်ခြာ းတိုးလာနေတဲ့ ဝူဟန်မြို့ကနေ အစိုးရကမြို့က ထွက်ခွာခွင့် ပိတ်ဆို့မှုမလုပ်ခင်မှာ လူဦးရေ၅သန်းလောက်ဟာထွက်ခွာခဲ့ကြတာပါ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ကမီဒီယာတွေဖော်ပြချက်အရ ၉သန်းကျော်လောက်ကတော့ဝူဟန်မှာပဲပိတ်မိနေပါတယ်။

ရောဂါလက္ခဏာမပြမီကူးစက်

ဝူဟန်ဗိုင်းရပ်စ်ဟာ လက်ရှိချိန်ထိ ပျံနှံမှုအားကောင်းနေဆဲဖြစ်ပီး ရောဂါလက္ခဏာမပြမီကူးစက်နိုင်တဲ့အတွက်တရုတ်ဘ က်ကသတိပေးမှုတွေပြုလုပ်နေတာပါ။

အရေးပေါ်ကြေညာထား

တရုတ်ကျန်းမာရေးဝန်ကြီးဌာနမှ ( ဝူဟန် ခိုယိုနာ Virusရောဂါ) အား အဆင့် 1မှ အဆင့်2 အဖြစ်သို့ တိုးမြှင့် ကြေညာထားပါပြီ။ အသက် 10နှစ်အရွယ် ကလေးငယ်ကို ပုံမှန် စစ်ဆေးတာ ရောဂါ မတွေ့ရဘဲ CT scan ရိုက် ဓတ်ခွဲခန်းမှာ အဖြေရှာမှ ဒီရောဂါပိုးက အဆုတ်ထဲမှာ ခိုးအောင်းနေကြောင်း တွေ့ရှိသွားလို့ပါ။

ပေ့ါပေါ့ဆဆ သဘောမထားသင့်တော့ပဲ လုံး၀ ဂရုစိုက်ကြရတော့မယ့် အခြေအနေ ဖြစ်ကြောင်း ကြေညာထားပါပြီ။
ဒီဗိုင်းရပ်စ် ပိုးဟာ လူသားအချင်းချင်း ကူးစက်နိုင်ကြောင်း အတည်ပြုထားပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ထဲက ဝင်ထွက်သွားလာခွင့်ပိတ်ထားခဲ့ပါပြီ။

ဒါ့အပြင် တရုတ်နိုင်ငံတွင်းက မြို့ပေါင်း ၁၅ ခုထက်မနည်း ဝင်ထွက်၊ သွားလာခွင့်တွေကို တရုတ်အစိုးရက ပိတ်ထားပါတယ်။ အင်တာနက်လူမှုကွန်ရက်တွေမှာလည်း ရောဂါကူးစက်ခံရမှု မရှိသေးတဲ့ မြို့နဲ့ ကျေးရွာတချို့ဟာ သူတို့ဆီကို ဝင်ထွက်သွားလာနိုင်တဲ့ လမ်းမကြီးတွေကို ပိတ်ဆို့နေတဲ့ ပုံတွေလည်း ပျံနှံနေပါတယ်။

ဝူဟန်ဗိုင်းရပ်စ်နဲ့မြန်မာနိင်ငံ

လက်ရှိအချိန် အထိတော့ မြန်မာနိင်ငံဟာ ဗိုင်းရပ်စ်မကူးစက်ခံရသေးပါဘူးလို့အစိုးရကတရား၀င်သတင်းထုတ်ပြန်ထားပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်းဆိုပါတယ်။ ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံနယ်စပ်မြို့တွေဖြစ်တဲ့ ကန်ပိုက်တီ၊ မူဆယ်၊ မြဝတီ၊ တမူး၊ မူဆယ် စတဲ့ မြို့နယ်တွေမှာ စောင့်ကြပ်စစ်ဆေးဖို့အတွက် တိုင်းနဲ့ပြည်နယ် ကျန်း မာရေးဦးစီးမှူးတွေက ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

#Lifestyle_Mynmar

#MG_HTET

REF_CNN
REF_South China Morning Post
Photo Credit_Ministy Of Health and sports
CNA/ AFP /AP

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here