ဝိတ်ကျစေဖို့ စိတ်ပိုင်းဆိုင်ရာ သိကောင်းစရာ (၅)ခု

0
351

ဝိတ်ချတယ်ဆိုတာ တကယ်တော့မလွယ်ပါဘူးနော်။ ကိုယ်က အဝလွန်နေလို့ ပဲဖြစ်စေ၊ ကိုယ့်ခန္ဓာကိုယ်လေးကို ပိုကြည့်ကောင်းစေချင်လို့ပဲဖြစ်စေ ကိုယ်အလေးချိန်လျော့နည်းသွားခြင်းက ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ တစ်ချို့က ဝိတ်ချမယ်လို့သာ ဆုံးဖြတ်ချက်ချထားတယ်၊ ကိုယ်ကြိုက်တဲ့ အစားအစာမြင်ရင် မနေနိုင်ဘဲ ပိုစားမိလိုက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်ချင်တဲ့အခါမှ ထလုပ်တာမျိုး စတဲ့ ကိုယ့်စိတ်ကို မထိန်းနိုင်တာမျိုးက ဝိတ်ချတဲ့နေရာမှာ ထိရောက်မှုမရှိဘဲ ကိုယ်အလေးချိန်ကိုတောင် တိုးလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အကျိုးရှိစွာ အသုံးချနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဗျူဟာတစ်ချို့ ကိုဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး ကိုယ့်ရဲ့ ideal(စံနမူနာ) သို့ အကြံပြုထားတဲ့ ကိုယအလေးချိန် ကိုသိထားသင့်ပါတယ်။ ဒါကို BMI (body mass index)တွက်ချက်ခြင်း ဖြင့် သိရှိနိုင်ပါတယ်။ ဥပမာ- သင့်အရပ်က ၅ပေ ၇လက်မရှိလျှင် သင့်စံနမူနာကိုယ်အလေးချိန်က 116 ပေါင်နဲ့ 158 ပေါင် အကြားမှာ ဖြစ်ပါလိမ့်မယ်။ BMIတွက်နည်းက 703x{(ကိုယ်အလေးချိန်(ပေါင်)/အရပ်(လက်မ)x(လက်မ)} ဖြစ်ပါတယ်။၁၈.၅ထက်နည်းရင် Underweight ဖြစ်ပြီး ၁၈.၅-၂၄.၉ အတွင်းဆို Normal Weightပါ။ ၂၅နှင့် ၂၉.၉အကြားဆိုရင် Overweight ဖြစ်ပြီး ၃၀နဲ့ ၃၉.၉အကြားဆိုရင် Obese ဖြစ်ပါတယ်။ အင်တာနက်မှာBMI Calculator လို့ ရိုက်ရှာပြီးလည်း အလွယ်တွက်ကြည့်နိုင်ပါတယ်။

၁။ ဗိုက်ဆာနေတဲ့အခါ အစားအသောက်ကုန်စုံဆိုင်ကို မသွားပါနဲ့

ပထမဆုံးစိတ်ပိုင်းဆိုင်ရာ ဗျူဟာတစ်ခုက ဗိုက်ဆာနေတဲ့အခါ အစားအသောက်တွေချည်းရောင်းတဲ့ ကုန်စုံဆိုင်ကို ဘယ်တော့မှမသွားပါနဲ့။ ဒါကို လူတွေအမြဲတမ်းကျင့်သုံးခဲပါတယ်။
ဗိုက်ဆာနေတဲ့အချိန် မုန့်ဆိုင်မှာ စျေးဝယ်တာက မလိုအပ်တဲ့ အစားအစာတွေကို ဝယ်မိစေတဲ့ အမှားကြီးဖြစ်ပါတယ်။ မကျန်းမာတဲ့ အစားအသောက်တွေ ရွေးချယ်မိတာ၊ အကြွေအမ်းစရာမရှိလို့ သကြားလုံးပေးလိုက်တာတွေက သင့်ကို ကိုယ်အလေးချိန်ပိုပြီးတော့တောင် တိုးစေနိုင်ပါတယ်။

၂။ တချို့အစားအသောက်တွေကို အလွယ်မြင်နိုင်တဲ့နေရာမှာ မထားပါနဲ့

အစားအသောက်မက်တဲ့ ကိုယ့်အတွက် အစားအစာမြင်ရင် ရှောင်သွားနိုင်မှာ မဟုတ်ပါဘူးနော်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ချမယ်လို့ ရည်မှန်းထားရင် ကိုယ်အလွယ်မြင်နိုင်တဲ့ နေရာမှာ အစားအသောက်တွေကို မထားပါနဲ့။
ချောကလက် သို့ သကြားလုံးတွေလို ကျန်းမာရေးနှင့် ညီညွတ်တဲ့ အရာတစ်ခုခုဖြစ်ရင် လုံးဝမဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ယောက်ယောက်က လာပေးတယ်ဆိုရင်တောင် တစ်ယောက်ယောက်ကို ပေးလိုက်တာ သို့ ကိုယ်မမြင်နိုင်တဲ့ နေရာမှာ ဖွက်ထားပါ။

၃။ အပြေးအလွှားမစားဘဲ ဖြည်းဖြည်းစားပါ

တခါတရံမှာ ကျွန်မတို့ အစားအသောက်စားရင် မြန်မြန်စားမိတတ်ကြပါတယ်။ ကိုယ်အလေးချိန်ချမယ်ဆိုရင် အစားအသောက်ကို မြန်မြန်မစားသင့်ပါဘူး။ အစားအသောက်ကို ဖြည်းဖြည်းစားပြီး သင့်အစာအိမ်ကို လှည့်စားနိုင်ပါတယ်။ ဖြည်းဖြည်းစားတဲ့အတွက် မြန်မြန်ဗိုက်ပြည့်စေပါတယ်။ ဒါက စားပြီးနောက် ဗိုက်တင်းတဲ့ ခံစားမှုကိုလည်း ရှောင်ရှားပေးပါတယ်။
သင့်ဟာ မနက်စာကို အရမ်းမြန်မြန် စားလေ့ရှိသူဖြစ်ရင် အိပ်ရာက စောစောထဖို့ ကြိုးစားပါ။ အိပ်စက်မှု မိနစ်အနည်းငယ်လျော့သွားနိုင်ပေမယ့် သင့်ကိုယ်အလေးချိန်လျော့မယ့် ရည်မှန်းချက်အတွက် အကျိုးရှိပါလိမ့်မယ်။

၄။ စိုးရိမ်စိတ်ကို လျှော့ချတာက ကိုယ်အလေးချိန်ကျဖို့ ကူညီနိုင်ပါတယ်

စိုးရိမ်စိတ်က ဗိုက်မဆာတဲ့ အချိန်မှာတောင် စားမိနေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ တစ်ချို့က စိတ်ဖိစီးမှုများလေ အစားပိုဝင်လေဖြစ်ပါတယ်။ စိုးရိမ်စိတ်က ကိုယ်အလေးချိန်တိုးစေတဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်ကို လျော့ကျစေမယ့် အလေ့အထတွေကို စတင်အကောင်အထည်ဖော်နိုင်ပါတယ်။
လုပ်ဖို့အလွယ်ဆုံးအရာက လေ့ကျင့်ခန်းလုပ်ဖို့ ဖြစ်ပါတယ်။ ညဘက်မှာ လေ့ကျင့်ခန်းလုပ်ခြင်းက တစ်နေ့လုံးစုစည်းထားသမျှ စိတ်ဖိစီးမှုအားလုံးကို ထုတ်လွှတ်ပေးဖို့ ကူညီပေးပါတယ်။ အားလပ်ရက်မှာ လမ်းလျှာက်တာ ပြုလုပ်ပေးလို့ရပါတယ်။

၅။ ဗိုက်ပြည့်အင့်တဲ့အထိ မစားပါနဲ့

အစားစားပြီးတဲ့အချိန်မှာ ဗိုက်အရမ်းတင်းသွားတယ်လို့ ခံစားရပါသလား? နေ့လယ်စာစားပြီးနောက် အမြဲတမ်း မသက်မသာခံစားနေရပါသလား? နောက်ဆုံးစိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုက သင်ဗိုက်ပြည့်နေပြီလို့ ခံစားရတဲ့အထိ မစားပါနဲ့။
သင့်ပန်းကန်ပေါ်မှာ အစားအစာနည်းနည်းပဲ ထည့်ပါ။ ထမင်းကို ကိုယ့်အတွက် သင့်တော်မယ့်၊ လုံလောက်မယ့် ပမာဏကို တွက်ချက်စားပေးပါ။ ထမင်းစမစားခင်မှာ အသီးအရွက်ကို များများစားပါ။ အသားကိုလုံလောက်တဲ့ ပမာဏ စားပေးပါ။
စက္ကန့်လောက် နားနားပြီး ဖြည်းဖြည်းစားပါ။
အချိုပွဲမစားပါနဲ့။
လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစားအသောက်ထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ ထည့်စားပေးပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

ZawGyi

ဝိတ္က်ေစဖို႔ စိတ္ပိုင္းဆိုင္ရာ သိေကာင္းစရာ (၅)ခု
ဝိတ္ခ်တယ္ဆိုတာ တကယ္ေတာ့မလြယ္ပါဘူးေနာ္။ ကိုယ္က အဝလြန္ေနလို႔ ပဲျဖစ္ေစ၊ ကိုယ့္ခႏၶာကိုယ္ေလးကို ပိုၾကည့္ေကာင္းေစခ်င္လို႔ပဲျဖစ္ေစ ကိုယ္အေလးခ်ိန္ေလ်ာ့နည္းသြားျခင္းက ခႏၶာကိုယ္ရဲ႕က်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။ တစ္ခ်ိဳ႕က ဝိတ္ခ်မယ္လို႔သာ ဆုံးျဖတ္ခ်က္ခ်ထားတယ္၊ ကိုယ္ႀကိဳက္တဲ့ အစားအစာျမင္ရင္ မေနႏိုင္ဘဲ ပိုစားမိလိုက္တာမ်ိဳး၊ ေလ့က်င့္ခန္းလုပ္ခ်င္တဲ့အခါမွ ထလုပ္တာမ်ိဳး စတဲ့ ကိုယ့္စိတ္ကို မထိန္းႏိုင္တာမ်ိဳးက ဝိတ္ခ်တဲ့ေနရာမွာ ထိေရာက္မႈမရွိဘဲ ကိုယ္အေလးခ်ိန္ကိုေတာင္ တိုးလာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္က်ေစဖို႔ အက်ိဳးရွိစြာ အသုံးခ်ႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာ ဗ်ဴဟာတစ္ခ်ိဳ႕ ကိုေဖာ္ျပေပးလိုက္ပါတယ္။

ပထမဆုံး ကိုယ့္ရဲ႕ ideal(စံနမူနာ) သို႔ အႀကံျပဳထားတဲ့ ကိုယအေလးခ်ိန္ ကိုသိထားသင့္ပါတယ္။ ဒါကို BMI (body mass index)တြက္ခ်က္ျခင္း ျဖင့္ သိရွိႏိုင္ပါတယ္။ ဥပမာ- သင့္အရပ္က ၅ေပ ၇လက္မရွိလွ်င္ သင့္စံနမူနာကိုယ္အေလးခ်ိန္က 116 ေပါင္နဲ႔ 158 ေပါင္ အၾကားမွာ ျဖစ္ပါလိမ့္မယ္။ BMIတြက္နည္းက 703x{(ကိုယ္အေလးခ်ိန္(ေပါင္)/အရပ္(လက္မ)x(လက္မ)} ျဖစ္ပါတယ္။၁၈.၅ထက္နည္းရင္ Underweight ျဖစ္ၿပီး ၁၈.၅-၂၄.၉ အတြင္းဆို Normal Weightပါ။ ၂၅ႏွင့္ ၂၉.၉အၾကားဆိုရင္ Overweight ျဖစ္ၿပီး ၃၀နဲ႔ ၃၉.၉အၾကားဆိုရင္ Obese ျဖစ္ပါတယ္။ အင္တာနက္မွာBMI Calculator လို႔ ႐ိုက္ရွာၿပီးလည္း အလြယ္တြက္ၾကည့္ႏိုင္ပါတယ္။

၁။ ဗိုက္ဆာေနတဲ့အခါ အစားအေသာက္ကုန္စုံဆိုင္ကို မသြားပါနဲ႔

ပထမဆုံးစိတ္ပိုင္းဆိုင္ရာ ဗ်ဴဟာတစ္ခုက ဗိုက္ဆာေနတဲ့အခါ အစားအေသာက္ေတြခ်ည္းေရာင္းတဲ့ ကုန္စုံဆိုင္ကို ဘယ္ေတာ့မွမသြားပါနဲ႔။ ဒါကို လူေတြအၿမဲတမ္းက်င့္သုံးခဲပါတယ္။
ဗိုက္ဆာေနတဲ့အခ်ိန္ မုန္႔ဆိုင္မွာ ေစ်းဝယ္တာက မလိုအပ္တဲ့ အစားအစာေတြကို ဝယ္မိေစတဲ့ အမွားႀကီးျဖစ္ပါတယ္။ မက်န္းမာတဲ့ အစားအေသာက္ေတြ ေ႐ြးခ်ယ္မိတာ၊ အေႂကြအမ္းစရာမရွိလို႔ သၾကားလုံးေပးလိုက္တာေတြက သင့္ကို ကိုယ္အေလးခ်ိန္ပိုၿပီးေတာ့ေတာင္ တိုးေစႏိုင္ပါတယ္။

၂။ တခ်ိဳ႕အစားအေသာက္ေတြကို အလြယ္ျမင္ႏိုင္တဲ့ေနရာမွာ မထားပါနဲ႔

အစားအေသာက္မက္တဲ့ ကိုယ့္အတြက္ အစားအစာျမင္ရင္ ေရွာင္သြားႏိုင္မွာ မဟုတ္ပါဘူးေနာ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ခ်မယ္လို႔ ရည္မွန္းထားရင္ ကိုယ္အလြယ္ျမင္ႏိုင္တဲ့ ေနရာမွာ အစားအေသာက္ေတြကို မထားပါနဲ႔။
ေခ်ာကလက္ သို႔ သၾကားလုံးေတြလို က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အရာတစ္ခုခုျဖစ္ရင္ လုံးဝမဝယ္တာ အေကာင္းဆုံး ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္က လာေပးတယ္ဆိုရင္ေတာင္ တစ္ေယာက္ေယာက္ကို ေပးလိုက္တာ သို႔ ကိုယ္မျမင္ႏိုင္တဲ့ ေနရာမွာ ဖြက္ထားပါ။

၃။ အေျပးအလႊားမစားဘဲ ျဖည္းျဖည္းစားပါ

တခါတရံမွာ ကြၽန္မတို႔ အစားအေသာက္စားရင္ ျမန္ျမန္စားမိတတ္ၾကပါတယ္။ ကိုယ္အေလးခ်ိန္ခ်မယ္ဆိုရင္ အစားအေသာက္ကို ျမန္ျမန္မစားသင့္ပါဘူး။ အစားအေသာက္ကို ျဖည္းျဖည္းစားၿပီး သင့္အစာအိမ္ကို လွည့္စားႏိုင္ပါတယ္။ ျဖည္းျဖည္းစားတဲ့အတြက္ ျမန္ျမန္ဗိုက္ျပည့္ေစပါတယ္။ ဒါက စားၿပီးေနာက္ ဗိုက္တင္းတဲ့ ခံစားမႈကိုလည္း ေရွာင္ရွားေပးပါတယ္။
သင့္ဟာ မနက္စာကို အရမ္းျမန္ျမန္ စားေလ့ရွိသူျဖစ္ရင္ အိပ္ရာက ေစာေစာထဖို႔ ႀကိဳးစားပါ။ အိပ္စက္မႈ မိနစ္အနည္းငယ္ေလ်ာ့သြားႏိုင္ေပမယ့္ သင့္ကိုယ္အေလးခ်ိန္ေလ်ာ့မယ့္ ရည္မွန္းခ်က္အတြက္ အက်ိဳးရွိပါလိမ့္မယ္။

၄။ စိုးရိမ္စိတ္ကို ေလွ်ာ့ခ်တာက ကိုယ္အေလးခ်ိန္က်ဖို႔ ကူညီႏိုင္ပါတယ္

စိုးရိမ္စိတ္က ဗိုက္မဆာတဲ့ အခ်ိန္မွာေတာင္ စားမိေနတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ တစ္ခ်ိဳ႕က စိတ္ဖိစီးမႈမ်ားေလ အစားပိုဝင္ေလျဖစ္ပါတယ္။ စိုးရိမ္စိတ္က ကိုယ္အေလးခ်ိန္တိုးေစတဲ့အရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈႏွင့္ စိုးရိမ္စိတ္ကို ေလ်ာ့က်ေစမယ့္ အေလ့အထေတြကို စတင္အေကာင္အထည္ေဖာ္ႏိုင္ပါတယ္။
လုပ္ဖို႔အလြယ္ဆုံးအရာက ေလ့က်င့္ခန္းလုပ္ဖို႔ ျဖစ္ပါတယ္။ ညဘက္မွာ ေလ့က်င့္ခန္းလုပ္ျခင္းက တစ္ေန႔လုံးစုစည္းထားသမွ် စိတ္ဖိစီးမႈအားလုံးကို ထုတ္လႊတ္ေပးဖို႔ ကူညီေပးပါတယ္။ အားလပ္ရက္မွာ လမ္းလွ်ာက္တာ ျပဳလုပ္ေပးလို႔ရပါတယ္။

၅။ ဗိုက္ျပည့္အင့္တဲ့အထိ မစားပါနဲ႔

အစားစားၿပီးတဲ့အခ်ိန္မွာ ဗိုက္အရမ္းတင္းသြားတယ္လို႔ ခံစားရပါသလား? ေန႔လယ္စာစားၿပီးေနာက္ အၿမဲတမ္း မသက္မသာခံစားေနရပါသလား? ေနာက္ဆုံးစိတ္ပိုင္းဆိုင္ရာ နည္းလမ္းတစ္ခုက သင္ဗိုက္ျပည့္ေနၿပီလို႔ ခံစားရတဲ့အထိ မစားပါနဲ႔။
သင့္ပန္းကန္ေပၚမွာ အစားအစာနည္းနည္းပဲ ထည့္ပါ။ ထမင္းကို ကိုယ့္အတြက္ သင့္ေတာ္မယ့္၊ လုံေလာက္မယ့္ ပမာဏကို တြက္ခ်က္စားေပးပါ။ ထမင္းစမစားခင္မွာ အသီးအ႐ြက္ကို မ်ားမ်ားစားပါ။ အသားကိုလုံေလာက္တဲ့ ပမာဏ စားေပးပါ။
စကၠန္႔ေလာက္ နားနားၿပီး ျဖည္းျဖည္းစားပါ။
အခ်ိဳပြဲမစားပါနဲ႔။
ေလ့က်င့္ခန္းပုံမွန္လုပ္ၿပီး အစားအေသာက္ထဲမွာ ဟင္းသီးဟင္း႐ြက္ေတြ၊ သစ္သီးေတြ ထည့္စားေပးပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here