လူတွေအနေနဲ့ ကိုယ့်ရဲ့ ဝါသနာအသစ်ကို အမြဲဖွေရှာနေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူတွေဟာ ကြာလာတဲ့အခါမှာ လူကို ငြီးငွေ့လာစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဘဝကို ငြီးငွေ့ဖွယ်ရာတွေကနေ ဖောက်ထွက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ဝါသနာအသစ်ကို ရှာဖွေကြည့်ပါ။
ဘယ်လို ဝါသနာအသစ်ကို ရှာဖွေရမလဲ။ ဝါသနာအသစ်ကို ရှာဖွေတဲ့နေရာမှာ ကိုယ့်ရဲ့ ဝါသနာအစစ်အမှန် ဟုတ်ရဲ့လားဆိုတာလည်း သေချာသိဖို့တော့ လိုအပ်ပါသေးတယ်။ ဝါသနာဆိုတာ တကယ်စိတ်ဝင်စားပြီး လုပ်နေတဲ့အချိန်မှာလည်း အာရုံနစ်နေတာမျိုး စိတ်ပျော်နေတာမျိုးကို ဆိုလိုတာပါ။

ကိုယ့်ဝါသနာအသစ်ထဲမှာ အားကစားပြုလုပ်တာမျိုးပါဝင်ပါသလား။ ဒါဆိုရင်တော့ ကျန်းမာရေးအတွက်လည်းကောင်း ၊ ဝါသနာလည်း ပြုလုပ်ရတာမို့ ဘယ်လိုမှ အကျိုးမယုတ်တဲ့ ဝါသနာပါပဲ။ ယောဂကျင့်တာမျိုးဆိုရင်လည်း စိတ်ကို တည်ငြိမ်စေပြီး ကျန်းမာရေးအရလည်း အလွန်ကောင်းပါတယ်။
တချို့ကတော့ ကခုန်ရတာကို ဝါသနာထုံကြပါတယ်။ ကခုန်နေလိုက်ရရင် စိတ်တွေပေါ့ပါးပြီး ပျော်ရွှင်လာတဲ့သူမျိုးတွေလည်း ရှိပါတယ်။ ကလပ်တွေ ဘာတွေ မသွားချင်ဘူး ၊ သွားဖို့အချိန်မရဘူးဆိုရင်လည်း ရေချိုးခါနီးမှာဖြစ်ဖြစ် သွေးပူသဘောမျိုး ကခုန်ကြည့်ပါ။

တချို့ကတော့ ပန်းချီဆွဲရတာကို ဝါသနာပါကြပါတယ်။ ပန်းချီဆွဲရတာကလည်း တကယ်ကို စိတ်ကို ငြိမ်းချမ်းစေပြီး တည်ငြိမ်စေပါတယ်။ ကိုယ်က ပန်းချီမဆွဲတတ်တဲ့သူဖြစ်နေရင်တောင် Youtube တွေက ကြည့်ပြီး လိုက်ဆွဲလို့ရပါတယ်။
ဝါသနာပါတဲ့အလုပ်ကို လုပ်နေရမယ်ဆိုရင် လူကို လန်းဆန်းစေပြီး စိတ်ကို ငြိမ်းအေးစေပါတယ်။ အာရုံအသစ်တွေနဲ့ ထိတွေ့တဲ့အခါ နိစ္စဒူဝ အလုပ်တာဝန်တွေကို မငြီးငွေ့စေတော့ဘဲ စိတ်တက်ကြွမှုတွေက အသစ်တဖန် ပြန်လည်ရှင်သန်လာပါတယ်။

Lifestyle_Myanmar
ref-lifehack