ဝမ်းနည်းစရာကောင်းတဲ့ မိသားစု ရာဇဝင်ရှိခဲ့သူ K-Pop အိုင်ဒေါ (၈)ယောက်
0
286
ဒီကိုရီးယား အိုင်ဒေါ (၈)ယောက်ဟာ အတိတ်မှာတုန်းက အခက်အခဲတွေ၊ ဒုက္ခတွေ ရင်ဆိုင်ခဲ့ရပေမယ့် ယခုအချိန်မှာ အဲ့ဒီအခက်အခဲတွေကို ဖြတ်သန်း ကျော်လွှားနိုင်ခဲ့ပြီး စိတ်ဓါတ်ခိုင်မာသူတွေ၊ အတောက်ပဆုံး ကြယ်ပွင့်လေးတွေ ဖြစ်လာခဲ့ပါတယ်။
-Advertisement-
၁။ Sunmi
Sunmi ဟာလေးတန်းကျောင်းသူ အရွယ်တည်းက အနုပညာရှင်တစ်ယောက် ဖြစ်လာချင်ခဲ့ပါတယ်။ သူမဟာ ဖျော်ဖြေမှုတွေမှာ စိတ်အားထန်သန်ခဲ့ပြီး နာမည်ကြီးတစ်ယောက် ဖြစ်လာခြင်းက ပိုက်ဆံမြန်မြန်ရဖို့ နည်းလမ်းဟု ယုံကြည်ခဲ့ပါတယ်။ Sunmi ရဲ့အဖေဟာ single ဖခင် တစ်ယောက်အဖြစ် Sunmi နှင့် သူမအစ်ကိုနှစ်ယောက်ကို ပျိုးထောင်ခဲ့ပါတယ်။ သူမဖခင်ဟာ တီဘီရောဂါကြောင့် ဆေးရုံတတ်ခဲ့ရပါတယ်။ ကုသဖို့ ပိုက်ဆံမတတ်နိုင်တာကြောင့် ငယ်ရွယ်တဲ့ Sunmi ဟာ ငွေရှာချင်ခဲ့ပါတယ်။
သူမရဲ့ ဆရာတွေက သူမကို ဆရာမတစ်ယောက် လုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။ Sunmi ဟာ ဆရာမတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းကို ရွေးရင် အောင်မြင်ပြီး ချမ်းသာကြွယ်ဝသူဖြစ်လာဖို့ အချိန်ကြာလွန်းလိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၁၂နှစ်မှာ သူမဟာ ကိုယ့်ဘာသာ အသံစစ်ဆေးတာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၁၄နှစ်တွင် JYP Entertainment မှာ ထရိန်နင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကံမကောင်းစွာပဲ Sunmi ရဲ့ဖခင်ဟာ သူမ debuted မလုပ်ခင် ၃လလောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမအစ်ကိုတွေဟာ သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံပေးခဲ့ပြီး ချစ်စရာကောင်းတဲ့ မိသားစုလေး ဖြစ်ခဲ့ပါတယ်။
၂။ BIGBANG အဖွဲ့ဝင် Taeyang
Taeyang ဟာ ယခုအချိန်မှာ နာမည်အကြီးဆုံး ကေပေါ့အိုင်ဒေါများထဲက တစ်ယောက်ဖြစ်ပေမယ့် တချိန်တုန်းက သူ့ဟာ ကြေကွဲဖွယ်ကိစ္စတစ်ချို့နှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကိုရီးယားမှာကြုံရတဲ့ စီးပွားရေး အကျပ်အတည်းများကြောင့် ရုန်းကန်နေရတဲ့ မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေဖို့အတွက် အသက် ၁၃နှစ်အရွယ်သာ ရှိသေးတဲ့ Taeyang ဟာ အလုပ်ထွက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Taeyang ဟာ ဖျော်ဖြေရေး အေဂျင်စီတစ်ခုမှာ အသံစစ်ဆေးခြင်းဖြင့် ဆိုးလ်မှာ ရှင်သန်ပြီး ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အေဂျင်စီက သူ့ကို အငယ်ဆုံး ရက်ပ်ပါတစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူလက်ခံခဲ့ပြီး hiphop ကို ပထမဆုံးအကြိမ် နှဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရတဲ့အခါမှာ ထရိန်နင်တစ်ယောက် ဖြစ်လာချင်ခဲ့တယ်လို့ Taeyang ကဆိုပါတယ်၊ အဲ့ဒီကစလို့ Taeyang ဟာ ကမ္ဘာကျော်စူပါစတားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ BIGBANG ပရိုမိုးရှင်းများကနေ တစ်ဦးတည်းရရှိခဲ့တဲ့ ငွေတွေနှင့်အတူ ၂၀၁၇ခုနှစ် Forbes မဂ္ဂဇင်းရဲ့ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
၃။ Girls’ Generation အဖွဲ့ဝင် Tiffany
Tiffany ဟာ အသက် ၁၄နှစ်အရွယ်မှာ မိခင်ကို ဆုံးရှုံးခဲ့ရပါတယ်။ သူမဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပြီး ဖြေရှင်းချက်ကို ဂီတမှာသာ ရှာတွေခဲ့ပါတယ်။ Tiffany ဟာ သီချင်းဆိုတဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ပေမယ့် ဖခင်ဖြစ်သူက ဆန့်ကျင်ခဲ့တာကြောင့် ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ အိမ်ကထွက်ခဲ့ပါတယ်။ Tiffany ဟာ ကိုရီးယားမှာ တစ်ယောက်တည်း ရှင်သန်နေချိန်မှာ ဘဝရပ်တည်ရေးအတွက် အင်္ဂလိပ်စာသင်ပေးခြင်းကဲ့သို့သော တစ်ခြားအလုပ်တွေကို လုပ်ကိုင်ခဲ့ရပါတယ်။ ပထမတော့ Tiffanyဟာ ပရိတ်သတ်တွေကို ဒီမိသားစုရာဇဝင်ကို ဖော်မပြခဲ့ပေမယ့် ၂၀၀၉ခုနှစ် Kim Jung Eun ရဲ့ချောကလက်မှာ သူမမိခင်ရဲ့ ကျေးဇူးကြီးမားမှုအကြောင်းကို မျှဝေခဲ့ပါတယ်။ သူမဟာ အဖွဲ့ဝင်တွေထဲမှာ အထက်မြက်ဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေက သူမရဲ့အပြုံးနောက်မှာ ဖုံးကွယ်ထားတဲ့ နာကျင်စရာ မိသားစုအတိတ်တစ်ခု ရှိတယ်ဆိုတာ မသိခဲ့ကြပါဘူး။
“မေမေက ကျွန်မကို ထားပြီး ထွက်သွားပေမယ့်လည်း ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ညီအစ်မ ရှစ်ယောက် ရခဲ့တယ်”လို့ Tiffany ကဆိုပါတယ်။
၄။ Super Junior အဖွဲ့ဝင် Leeteuk
Super Junior အဖွဲ့ဝင် Leeteuk ရဲ့ မိဘတွေဟာ အချိန်တိုင်း ရန်ဖြစ်နေတတ်ပြီး သူ့ကိုရိုက်နှက်တတ်တာကြောင့် ကံမကောင်းတဲ့ ကလေးဘဝကနေ ကြီးပြင်းလာသူလို့ ဆိုနိုင်ပါတယ်။ ငယ်စဉ် ကလေးဘဝကတည်းက သူ့မှာ အသက်မွေးဝမ်းကျောင်းနှင့် အောင်မြင်ချင်တဲ့ ဆန္ဒတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ Leeteuk ဟာ သူလုပ်တဲ့ အရာတွေ အောင်မြင်ပြီး သူ့အိမ်မက်တွေ အမှန်တကယ်ဖြစ်လာစေခြင်းဖြင့် ပျော်ရွင်မှုကို ရှာဖွေချင်ခဲ့ပါတယ်။ Leeteuk ရဲ့ဖခင်ဟာ သူ့မိဘတွေကို သတ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သတင်းထုတ်ပြန်တဲ့အချိန်မှာ ပရိတ်သတ်တွေ စိတ်နှလုံး ထိခိုက်ခဲ့ရပါတယ်။ ဒီသတင်းတွေကို ကြားတဲ့အချိန်မှာ Leeteuk ဟာ တောင်ကိုရီးယားစစ်တပ်မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။
၁၉၉၈မှာ Leeteuk ရဲ့ဖခင်ဟာ ကွာရှင်းခဲ့ပြီး မိဘတွေနှင့်အတူ နေထိုင်ခဲ့ပါတယ်။ သူ့မိဘနှစ်ယောက်စလုံးဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရပြီး မိခင်ဟာ အဆုတ်ကင်ဆာရောဂါပါ ခံစားနေရချိန်မှာ Leeteuk ရဲ့ဖခင်ဟာ စိတ်ကျရောဂါဖြစ်ခဲ့ရပါတယ်။ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာကြောင့် Leeteuk ရဲ့ဖခင်ဟာ သူ့ရဲ့ မိဘနှစ်ယောက်စလုံးကို ဘိုးဘွားရိပ်သာမှာထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိဘတွေကို မပို့ခင်တစ်ရက်အလိုမှာ Leeteukရဲ့ ဖခင်ဟာ သူ့မိဘတွေကို သတ်ပြီး သူ့ကိုယ်သူသတ်သေခဲ့ပါတယ်။
Leeteuk ရဲ့ဖခင်ဟာ သူ့မိဘတွေကို လူအိုရုံမှာ ထားတာနှင့် ပတ်သတ်ပြီး အပြစ်ရှိသလိုခံစားရပေမယ့် သူဟာ နောက်ထပ်ကြည့်ရှု စောင့်ရှောက်ဖို့ မစီမံနိုင်တော့တာကြောင့် ဖြစ်ပါတယ်။
Leeteuk ရဲ့ လုပ်ဖော်ကိုင်ဖက် စူပါဂျူနီယာအဖွဲ့ဝင်များဟာ စျာပနအခမ်းအနား တလျှာက်လုံး သူ့ကိုကူညီပေးခဲပါတယ်။ ဒီကြေကွဲဖွယ်အဖြစ်အပျက်ဟာ ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး တောင်ကိုရီးယားအစိုးရက အယ်ဇိုင်းမာရောဂါနှင့် တခြားရောဂါသည်တွေကို ဘယ်လိုကာကွယ်မှုတွေ လုပ်ပေးသင့်ကြောင်း ဆွေးနွေးနှိုးဆော်ခဲ့ကြပါတယ်။
၅။ IU
IU ရဲ့မိသားစုဟာ အရမ်းကို ဆင်းရဲမွဲတေခဲ့ပြီး ကြွေးမြီတွေများခဲ့ပါတယ်။ IU ရဲ့မိဘတွေဟာ ဒီအခြေအနေကို ဖြေရှင်းဖို့ IUတို့ မောင်နှမကို အဖွားနှင့်အတူ သွားထားခဲ့ပါတယ်။ ပထမတော့ သုံးယောက်လုံးဟာ ပိုးဟပ်တွေ ပြည့်နေတဲ့ အခန်းသေးသေးလေးတစ်ခုမှာ နေထိုင်ခဲ့ရပါတယ်။ ပြီးမှ သူတို့ ဆွေမျိုးတစ်ယောက်အိမ်ကို ပြောင်းရွေ့ခဲ့ပါတယ်၊ ဒီဆွေမျိုးသားချင်း အမျိုးသားဟာ အရက်မူးမူးနှင့် အိမ်ပြန်လာပြီး IUတို့မောင်နှမနဲ့ အဘွားကို ပြောဆိုခဲ့ပါတယ်။ IUကို အဆိုတော် ဘယ်တော့မှဖြစ်မှာ မဟုတ်လို့ လေ့ကျင့်နေမယ်အစား စာတွေ လေ့လာနေသင့်တယ်လို့ အော်ဟစ်ခဲ့ပါတယ်။ IU ဟာ အိပ်ချင်ယောင်ဆောင်ပြီး ဒီစကားလုံးတွေနှင့် စော်ကားမူကို ကြံ့ကြံ့ခံခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီအချက်ကြောင့် သူမဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။
ထရိန်နင်တစ်ယောက် ဖြစ်လာပြီးမှာတောင် IUဟာ မလွယ်ကူခဲ့ပါဘူး။ auditionတွေမှာ ပါဝင်ယှဉ်ပြိုင်ရဖို့ ရှာဖွေနေစဉ်မှာ ငယ်ရွယ်တဲ့ IUဟာ လေ့ကျင့်ရေးနှင့် တီဗီပရိုဂရမ်မှာ ပါလာဖို့အတွက် အေဂျင်စီတစ်ခုကို ပိုက်ဆံများစွာ ပို့ပေးပြီး ဆက်သွယ်ခဲ့ရပါတယ်။ သူမရဲ့အဘွားဟာ သေးငယ်တဲ့ accessories လေးတွေ ရောင်းချပြီး နည်းနည်း နည်းနည်းချင်းစုထားတဲ့ ပိုက်ဆံဖြစ်တာကြောင့် IU ဟာ လုံးဝ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။
၆။ TVXQအဖွဲ့ဝင် Yunho
Yunhoရဲ့ ဖခင် ဒေဝါလီခံရချိန်မှာ Yunhoနင့် သူ့မိသားစုဟာ ကြီးမားတဲ့အခက်အခဲများကို ရင်ဆိုင်ခဲ့ရပါတယ်။ အသက် ၁၂နှစ်အရွယ်သာရှိသေးတဲ့ Yunho ဟာအကြွေးတွေကို ဆပ်ပြီး ညီမလေးရဲ့ ပညာရေးကို ထောက်ပံ့ဖို့ စတင်အလုပ်လုပ်ခဲ့ပါတယ်။ Yunho ရဲ့မိဘတွေဟာ မိသားစုကို ပြန်လည်လမ်းကြောင်းချဖို့ အလုပ်မျိုးစုံလုပ်ခဲ့ရပါတယ်။
“ကျွန်တော့ဖေဖေဟာ မနက်ခင်းတိုင်း ၄နာရီလောက်မှာ အိမ်က ထွက်သွားတတ်လို့ ကိစ္စတစ်ခု ရှိမယ်လို့ ကျွန်တော်ထင်ခဲ့တာ။ သိချင်လို့ တနေ့မှာ ကျွန်တာ် သူ့နောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အိမ်အတွက် ဝင်ငွေရဖို့ သတင်းစာတွေ လိုက်ပို့နေခဲ့တာပါ “လို့ Yunho ကဆိုပါတယ်။
Yunho ဟာ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ SM Entertainment နှင့်အတူ လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့K-Pop အသက်မွေးဝမ်းကြောင်းကို သဘာမတူခဲ့ကြတာကြောင့် သူ့မိသားစုဆီကနေ ဘာငွေကြေးအထောက်အပံ့မှ မရရှိခဲ့ပါဘူး။ သူ့ကို မြေတောင်မြှောက်ပေးမယ့် Junsuနှင့် မတွေ့ဆုံခင်အထိ ဘာပိုက်ဆံမှမရှိတဲ့ Yunho ဟာ မြေအောက် ရထားဘူတာများမှာ အိပ်ခဲ့ရပေမယ့် ရွေးချယ်စရာမရှိခဲ့ပါဘူး။ မည်သို့ပင်ဆိုစေ Yunho မှာတာဝန်ယူချင်စိတ် ရှိခဲ့တာကြောင့် သူ့ဖခင်ကို ပြန်ကြည့်ရှု စောင့်ရှောက်ခဲ့ပါတယ်။ သူ့ဖခင်ဟာ Yunho အောင်မြင်ဖို့နှင့် မိသားစုကို ပြန်လည် တည်ဆောက်ဖို့အတွက် လှုံဆော်ပေးခဲ့သူလို့ ဆိုပါတယ်။
၇။ Wonder Girls အဖွဲ့ဝင်ဟောင်း Yenny
Wonder Girls အဖွဲ့ဝင်ဟောင်း Yenny ကို Ha:tfelt လို့လည်းသိကြပါတယ်။ သူမဖခင်ဟာ အမေရိကန်ဒေါ်လာ ၁၈သန်းကျော်လိမ်လည်မှုအတွက် ဖမ်းဆီးခံခဲ့ရတဲ့ ဘုန်းတော်ကြီး Park Young Kyoon ဖြစ်ပါတယ်။ Yennyရဲ့ မိဘတွေဟာ သူမငယ်ငယ်လေးထဲက ကွာရှင်းခဲ့ပြီး နှစ်ပေါင်းများစွာ သူမရဲ့ မွေးဖခင်နှင့် အဆက်အသွယ်မရှိခဲ့ပါဘူး။ သူမဖခင်ဟာ သူ့ချက်ချ် ဘုရားကျောင်းသို့ တတ်ရောက်လာသူများကို ငွေအတွက် ချဉ်းကပ်ဖို့ Yenny ရဲ့ကျော်ကြားမှုနှင့် ဂုဏ်သတင်း ကျော်ဇော်မှုကို အသုံးချခဲ့ပါတယ်။
အဆိုပါ ဘုန်းတော်ကြီးဟာ သူ့ဘုရားကျောင်းလက်အောက်မှာ သုတေသန စင်တာအသစ် တည်ဆောက်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုများကို တောင်းဆိုခဲ့ပြီး ရန်ပုံငွေတွေ ထောက်ပံ့ပေးသူကို အမြတ်ဝေစုပေးမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ သူ့ပစ်မှတ်တွေက ပိုက်ဆံနှင့် ပတ်သတ်ပြီး သံသယကြီးထွားလာတဲ့အခါ Yenny နာမည်ကို ထုတ်သုံးပြီး ယုံကြည်မှု ရယူခဲ့ပါတယ်။
“ကျွန်မမှာ ပြန်ပေးဖို့ ဒေါ်လာ ၁၈သန်း မရှိဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး”လို့ Yenny ကဆိုပါတယ်။
၈။ JYJ အဖွဲ့ဝင် Jaejoong
Jaejoong ဟာ မိဘရင်းတွေ ဘယ်သူဘယ်ဝါမှန်းမသိဘဲ အသက် (၃)နှစ်အရွယ် ကတည်းက မွေးစားခံခဲ့ရပါတယ်။ သူ့ရဲ့မိခင်ရင်းက သူမမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ ရှင်းပြထားပါတယ်။ “ကျွန်မခင်ပွန်းဟာ လိမ်လည်မှု တစ်ခုကြောင့် သူ့ပိုက်ဆံတွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၈၉မှာ ကျွန်မတို့ကွာရှင်းခဲ့ပြီး ကျွန်မက မနက် ၁၀နာရီကနေ ည ၁၁နာရီအထိ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ရပါတယ်။ Jaejoong ကိုမစောင့်ရှောက်နိုင်ခဲ့ပါဘူး။ နေ့ကလေးထိန်းကျောင်း (သို့) မူလတန်းကျောင်းကိုလည်း မပို့နိုင်ခဲ့ပါဘူး။ သူ့ကို စားသောက်ဆိုင်က စားကြွင်းစားကျန်တွေ ယူကျွေးခဲ့ရပါတယ်။ ဒီအရာတွေက မကောင်းပါဘူး။ ကျွန်မရဲ့ အသိမိတ်ဆွေတစ်ယောက်က မွေးစားဖို့အတွက် သူ့ကို ပေးဖို့ အကြံပြုခဲ့ပါတယ်။ သူမမှာ သမီးတွေချည်းပဲရှိတာကြောင့် Jaejoong ကို အငယ်ဆုံးသားအဖြစ် ကောင်းကောင်းဂရုစိုက်မယ်လို့ ကျွန်မ ထင်ပါတယ် “ဟု Jaejoong ရဲ့မွေးမိခင်က ပြောပါတယ်။
၂၀၀၄ခုနှစ်မှာ Jaejoong ဟာ TVXQ နှင့်အတူ ပွဲဦးထွက်ခဲ့တာကြောင့် သူရဲ့ မွေးမိခင်ဟာ သူမသားရှိတဲ့နေရာကို သတိထားမိလာခဲ့ပါတယ်။
သူ့ဆီရောက်အောင်လည်း ကြိုးစားခဲ့ပါတယ်။ ဒီအချက်ကြောင့် Jaejoong ဟာ သူ့ရဲ့မိသားစုရာဇဝင်ကို သတိထားမိလာခဲ့ပါတဘ်။ ၂၀၀၅မှာ စစ်မှုထမ်းဖို့ စစ်တပ်ထဲကို စာရင်းသွင်းတဲ့အခါ မွေးစားမိဘများနှင့် မိဘရင်းတွေအကြား အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ မွေးစားမိခင်တွေက သူတို့ဟာ Jaejoong ရဲ့ ဘဝကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသူတွေ ဖြစ်ကြောင်း အတည်ပြုခဲ့စဉ်မှာ Jaejoong ရဲ့မိခင်ရင်းက သူ့သားအရင်ဖြစ်ကြောင်း အတည်ပြုဖို့ တရားရုံးကို ဖိုင်တွေ တင်သွင်းခဲ့ပါတယ်။ ဒီကိစ္စကြောင့် Jaejoong နှင့်သူ့မိသားစု နှစ်စုနှင့်ပတ်သတ်ပြီး ကောလဟာလတွေအများကြီး ထွက်ခဲ့ပါတယ်။ Jaejoongက ဒီကိစ္စနှင့်ပတ်သတ်ပြီး ဖွင့်ပြောခဲ့သလို သူဟာ မယိုင်မလဲရှိနေဆဲပါလို့ ဖော်ပြခဲ့ပါတယ်။
“ကျွန်တော် Kim Jae Joong အဖြစ်ဆက်နေချင်ပါတယ်။ ကျွန်တော်ရဲ့ မိဘရင်းနှင့် မွေးစားမိဘတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ပြီး နားလည်မှုပေးစေချင်တယ်”လို့ Jae Joong ကဆိုပါတယ်။
Lifestyle_Myanmar
LM_Nandar
ZawGyi
၁။ Sunmi
၅။ IU
၆။ TVXQအဖွဲ့ဝင် Yunho
၈။ JYJ အဖွဲ့ဝင် Jaejoong
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here