Home Health & Beauty ဝက်ခြံတွေကင်းစင်စေပြီး မှန်ကန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းကိုအသုံးပြုတတ်ဖို့အကြံပေးချက်အချို့
ဝက်ခြံတွေကင်းစင်စေပြီး မှန်ကန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းကိုအသုံးပြုတတ်ဖို့အကြံပေးချက်အချို့
0
1438
မှန်ကန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း
မှန်ကန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်း
#Lifestyle_Myanmar
#Thar_Nage
ရက်သတ္တပတ်အနည်းငယ်အတွင်း ကြွက်သားကိုလျှင်မြန်စွာကြီးထွားစေတဲ့ အစားအစာများ
Unicode
၁။ ဖြူဝင်းတောက်ပတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်စေဖို့အတွက်
မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်နဲ့ ဝက်ခြံအချို့ကို ဖယ်ရှားပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဒါကတော့ ပန်းကန်တစ်လုံးထဲသို့ နွားနို့ လက်ဖက်ရည်ဇွန်း ၂/၃ ဇွန်း နဲ့ Gelatin (အလှအပအတွက်အသုံးပြုသော ဂျယ်/ခရင်မ်) ၁ဇွန်း ကိုထည့်ပြီး အချိန်အတန်ကြာစိမ်ထားပေးပါ။ ပြီးလျှင် မိုက်ခရိုဝေ့ ပေါ်မှာ ၃၀ စက္ကန့် (သို့မဟုတ်) ခရင်မ် အနေအထားသို့ ရောက်အောင် ထားထားပေးပါ။ ခရင်မ်ကဲ့သို့ဖြစ်သွားတဲ့အခါမှာ သင့်မျက်နှာပေါ်သို့ ညင်ညင်သာသာသုတ်လိမ်းပေးပါ။ မျက်နှာဖုံးကဲ့သို့ ခြောက်သွေ့တဲ့အထိအခြောက်ခံပြီးမှ ညင်ညင်သာသာ ခွာထုတ်ပါ။ ပြီးလျှင်ရေဖြင့် သေချာဆေးကြောပေးပါက သင့်မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်နဲ့ ဝက်ခြံများကို အချိန်တိုအတွင်း ပျောက်ကင်းသွားမှာဖြစ်ပါတယ်။
၂။ ၁၀ မိနစ်အတွင်း ဆားဝက်ခြံနဲ့ အမည်းစက်တွေပျောက်ကင်းနိုင်ဖို့အတွက်
အချိန်ခဏလေးအတွင်းမှာ သင့်မျက်နှာပေါ်က ဆားဝက်ခြံနဲ့ အမည်းစက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ပျားရည်နဲ့ သစ်ကြံပိုးကို ရောစပ်ပြီး အမည်းစက်နဲ့ ဝက်ခြံရှိတဲ့နေရာပေါ်မှာ သုတ်လိမ်းပေးပါ။ အချိန် ၅မိနစ်လောက်ကြာတဲ့အခါမှ ဝါဂွမ်းဖြင့် သုတ်လိမ်းထားတဲ့နေရာကို ဖယ်ရှားပေးပါ။ မိနစ်ပိုင်းမှာပဲ ကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
၃။ ရေခဲသေတ္တာထဲက ပစ္စည်းအချို့နဲ့ ပေါင်းတင်နိုင်မဲ့ နည်းလမ်းလေးများ
(၁) တောက်ပမှုမရှိတဲ့ အသားအရေအတွက် ပျားရည်နဲ့ ပန်းသီးဖျော်ရည်ကို အသုံးပြုပါ။ ပျားရည်နဲ့ ပန်းသီးဖျော်ရည်ကို ရောမွှေပြီး သင့်ရဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ ၅မိနစ်ခန့်အချိန်ကြာတဲ့အခါမှ သင့်မျက်နှာပေါ်က ခွာပေးပါ။
(၂) မျက်ကွင်းတစ်ဝိုက်ညိုမည်းနေခြင်းနဲ့ အောက်မျက်ခမ်းဖောင်းခြင်းအတွက် အာလူးကိုလှီးပြီး ကပ်ထားပေးပါ။ ၁၅မိနစ်လောက်ကြာမှ သင့်မျက်နှာပေါ်က ဖယ်ရှားပေးလိုက်ပါ။
(၃) ခြောက်သွေ့မှုရှိတဲ့အသားအရေအတွက် ထောပတ်နဲ့ Sour Cream ကို ရောစပ်ပြီး သင့်မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။
(၄) အဆီပြန်တဲ့ အသားအရေများရှိတဲ့သူတွေအတွက် ကြက်ဥအကာ၊ သံလွင်ဆီ၊ သံပုရာရည် တို့ကို ပေါင်းစပ်ပြီး သင့်မျက်နှာပေါ်သို့ ညင်သာစွာသုတ်လိမ်းပေးပါ။
(၅) ပုံမှန်အသားအရေရှိတဲ့သူတွေ ပိုပြီး ဖြူဝင်းလာစေဖို့အတွက် ငှက်ပျောသီး နဲ့ ကျွဲကောသီးကို ရောစပ်ပြီး မျက်နှာကိုလိမ်းခြယ်ပေးပါ။
(၆) အသားအရများ စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ ယားခြင်း၊ နာခြင်း၊ အနီကွက်များဖြစ်ခြင်း အတွက် Buttermilk ကို သင့်မျက်နှာပေါ်မှာ ၁၅မိနစ်ခန့်သုပ်လိမ်းပေးပါက အမြန်ဆုံးသက်သာစေပါတယ်။
၄။ မျက်နှာပေါ်ကအပြစ်အနာအဆာကို ဖုံးကွယ်ဖို့အတွက် မိတ်ကပ်ဘယ်အရောင်ကိုရွေးသင့်သလဲ။
မျက်နှာပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်ဖို့ဆိုတာ လိမ်းခြယ်တဲ့ မိတ်ကပ်အရောင်မှန်ကန်ဖို့လိုလုပ်ပါတယ်။ အစိမ်းရောင်ဟာ မျက်နှာပေါ်က ရောင်းရမ်းခြင်းကို ဖုံးကွယ်ပေးပြီး မက်မွန်ရောင်/ပန်းရောင်ကတော့ အသားအရေဝင်းပမှုရှိပြီး မည်းခြင်းကို ဖုံးကွယ်ပေးပါတယ်။ အဝါရောင်ဟာ သွေးကြောနဲ့ အစက်အပြောက် သို့မဟုတ် သေးငယ်တဲ့ ဒဏ်ရာကို ဖုံးကွယ်ပေးပြီး အောက်မျက်ခမ်းမည်းခြင်း ညိုခြင်းအတွက် လိမ္မော်ရောင်ကို အောက်ခံမိတ်ကပ်အဖြင့်အသုံးပြုသင့်ပါတယ်။
၅။ နုဖက်နေတဲ့ နှုတ်ခမ်းလေးဖြစ်ဖို့
သင့်ရဲ့ နှုတ်ခမ်းအရေပြားလှပြစေဖို့အတွက် သွားတိုက်တံပေါ်သို့ သကြားထည့်ပြီး နှုတ်ခမ်းတစ်ဝိုက်ကို ဖြေးညင်းစွာပွက်တိုက်ပေးပါ။ ပြီးလျှင် သစ်ကြံပိုး နဲ့ သံလွင်ဆီကို ရောနှောပြီး သင့်ရဲ့ နှုတ်ခမ်းကို သုတ်လိမ်းပေးပါ။ အချိန်တိုအတွင်းမှာ သင့်နှုတ်ခမ်းတစ်ဝိုက်မှချေးများကျွတ်စေပြီး နှုတ်ခမ်းသားကိုလည်းပိုပြီး နုဖက်စေပါတယ်။
၅။ ၂ပတ်အတွင်း ရင်သားကိတ်စေဖို့
ရင်သားအရွယ်အစားအချိုးကျစေဖို့အတွက် ညစဉ်ညတိုင်း အိပ်ယာမဝင်ခင် Vaseline ကို ရင်သားပေါ်သို့ ပွတ်လိမ်းပေးပါ။ အချိန် ၂ပတ်ကြာတဲ့အခါမှာ သုတ်လိမ်းထားတဲ့ ရင်းသားတစ်ဝိုက်ရဲ့ အသားအရေအဟာ နူးညံ့မှုရှိတဲ့အပြင်ကျုံ့နိုင် ဆန့်နိုင်တဲ့ သတ္တိရှိပြီး လိုသလိုပြောင်းလဲနိုင်ပါတယ်။
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here