Home Celebrity လွ်ံလွ်ံေတာက္ေအာင္ျမင္ရာကေန လမ္းေဘးဘဝေရာက္ခဲ့ရတဲ့ မဂၢဇင္းကာဗာေမာ္ဒယ္

လွ်ံလွ်ံေတာက္ေအာင္ျမင္ရာကေန လမ္းေဘးဘဝေရာက္ခဲ့ရတဲ့ မဂၢဇင္းကာဗာေမာ္ဒယ္

0
4588
Nastasia Urbano
Nastasia Urbano

တစ္ခ်ိန္က ရက္ ၂၀ေလာက္အလုပ္လုပ္႐ုံနဲ႔ ေဒၚလာ သန္းနဲ႔ခ်ီရတဲ့ Vogue မဂၢဇင္းကာဗာ ေမာ္ဒယ္မေလးဟာ အခုဆိုရင္ အိုးမဲ့အိမ္မဲ့ဘဝနဲ႔ ဘာစီလိုနာရဲ႕ လမ္းမေပၚမွာ သူ႔ဘဝကို ေက်ာင္းေနရပါတယ္။ သူမကေတာ့ တစ္ခ်ိန္က လွ်ံလွ်ံေတာက္ေအာင္ျမင္ခဲ့တဲ့ Nastasia Urbano ဆိုတဲ့ အမ်ိဳးသမီးပဲျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ အသက္ ၅၇ႏွစ္ရွိေနပါၿပီ။ သူမဟာ ဖက္ရွင္မ်က္ႏွာဖုံးကာဗာ ေမာ္ဒယ္တစ္ဦးျဖစ္ၿပီး ယခင္က Linda Evangelista လို စူပါမင္းသမီးေတြနဲ႔အၿပိဳင္တန္းရွိတဲ့ ထိပ္တန္းေမာ္ဒယ္တစ္ဦးလည္းျဖစ္ပါတယ္။

Nastasia Urbano ဟာ စပိန္အလွမယ္တစ္ဦးျဖစ္ၿပီး အသက္ ၂၀အရြယ္မွာ ဥေရာပမွာနာမည္ႀကီးတဲ့ Vogue မဂၢဇင္းရဲ႕ မ်က္ႏွာဖုံးကာဗာ ေမာ္ဒယ္တစ္ဦးျဖစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ နာမည္ေက်ာ္ Ford ေမာ္ဒယ္ေအဂ်င္စီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး နယူးေယာက္မွာ ေျပာင္းေရြ႕ေနထိုင္ခဲ့ပါတယ္။ တစ္ခ်ိန္က လူတိုင္းမက္ခြင့္မရတဲ့ အိမ္မက္လိုမ်ိဳးဘဝကို တကယ္လက္ေတြ႕မွာ ပိုင္ဆိုင္ခြင့္ရတဲ့သူတစ္ဦးျဖစ္ေပမဲ့ အခုသူမရဲ႕ ဘဝဟာ စပိန္အေရွ႕ေျမာက္ဘက္ Catalonia ေဒသမွာရွိတဲ့ ဘဏ္တစ္ခုရဲ႕ အဝင္ခန္းမေနရာတစ္ေနရာမွာ အိပ္စက္ရတဲ့အျဖစ္ကို ေရာက္ေနပါၿပီ။

သူမ်ားေတြ သုံးေလးႏွစ္ေလာက္လုပ္မွရတဲ့ဝင္ေငြ ေဒၚလာ ၁သန္းကို သူမ ရက္ ၂၀ထဲနဲ႔ ရွာႏိုင္ၿပီး အားလုံးကလည္း သူမကိုေလးစားခ်စ္ခင္ၾကပါတယ္။ နာမည္ေက်ာ္ အႏုပညာရွင္ေပါင္းမ်ားစြာနဲ႔လည္း ရင္းႏွီးကၽြမ္းဝင္မႈရွိၿပီး အေမရိကန္႐ုပ္ရွင္မင္းသားDavid Keith ရဲ႕ ဖိတ္ေခၚျခင္းေတာင္ ခံရတယ္လို႔ သူမကဆိုပါတယ္။ သူမအိမ္ေထာင္က်ၿပီး သူမရဲ႕ အမ်ိဳးသား ကေလးအေဖျဖစ္လာတဲ့အခ်ိန္မွာ သူမရဲ႕ဘဝက ေျပာင္းလဲသြားခဲ့တယ္လို႔ဆိုပါတယ္။ “ကၽြန္မရဲ႕ ခင္ပြန္း၊ ကၽြန္မရဲ႕ ကေလးေတြရဲ႕ လိုအင္ဆႏၵကို ျပည့္စုံသထက္ျပည့္စုံေအာင္ ျဖည့္ဆည္းေပးရင္ ေနာက္ဆုံးမွာ ခါးဝတ္ခါးစားသာ က်န္ခဲ့ပါတယ္။ ကၽြန္မရဲ႕ ခင္ပြန္းဟာ ရည္းစားဘဝထဲက သူဘာဝယ္ဝယ္ ကၽြန္မရဲ႕ ပိုက္ဆံနဲ႔သာဝယ္ပါတယ္။ သူနဲ႔ သိတာ ၂ရက္ေလာက္ပဲရွိေသးတယ္ BMW ကားဝယ္ခ်င္တယ္ဆိုလို ကၽြန္မကိုယ္တိုင္ခ်က္ခ္လက္မွတ္ထိုးေပးလိုက္တယ္။ အဲ့ဒီအခ်ိန္တုန္းက ကၽြန္မလည္း အခ်စ္စိတ္မႊန္ေနေတာ့ အ႐ူးတစ္ေယာက္လိုျဖစ္ေနတာလို႔” ဆိုပါတယ္။

သူမမွာရွိတဲ့ ပစၥည္းေတြ တစ္ျဖည္းျဖည္း ဆုံး႐ႈံးသြားတဲ့အျပင္ စီးပြားေရးအေျခအေနမေကာင္းတာေၾကာင့္ အိမ္ငွားခေတာင္ မေပးႏိုင္လို႔ ေမာင္းထုတ္ခံခဲ့ရဖူးပါတယ္။ အဲ့ဒီေနာက္ သူငယ္ခ်င္းေတြအိမ္မွာ တစ္လွည့္စီေလွ်ာက္ေနရင္း ေနာက္ဆုံးေတာ့ ဘဏ္ေရွ႕မွာရွိတဲ့ ေငြထုတ္စက္ထားတဲ့ေနရာေလးကို အိပ္ရာအျဖစ္သတ္မွတ္ၿပီး ေနခဲ့ရပါတယ္။ Nastasia ဟာ ဖက္ရွင္အလုပ္ကို ၁၉၈၁ခုနွစ္မွာ စတင္လုပ္ကိုင္ၿပီး Vogue မဂၢဇင္းေမာ္ဒယ္အျပင္ Revlon နဲ႔ Yves Saint Laurent ထိပ္တန္း ထုတ္ကုန္ေတြကိုလည္းေမာ္ဒယ္တစ္ဦးျဖစ္ခဲ့ဖူးပါတယ္။

တစ္ခ်ိန္က သူမနဲ႔အတူအလုပ္လုပ္ဖူးတဲ့ ေမာ္ဒယ္ Ruth Schuler က သူမရဲ႕ အေၾကာင္းကုိ ခုလိုဆိုပါတယ္။ ” Nastasia ရဲ႕ အေၾကာင္းကို ၾကားရတာ စိတ္မေကာင္းပါဘူး။ ဘယ္လိုမွ ဒီလိုျဖစ္မယ္လို႔မေမွ်ာ္လင့္မိဘူး။ အရင္က ကၽြန္မက မင္းသမီးဆို သူက နတ္မိဖုရားအဆင့္မွာရွိတဲ့သူတစ္ဦးပါ၊ သူမက ႐ုပ္ေလးလွသလို စိတ္ရင္းလဲေကာင္းတယ္၊ စကားေျပာတဲ့အခါမွာလည္း ရက္ရက္ေရာေရာနဲ႔ ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္၊ ေမာ္ဒယ္တစ္ဦးသာဆိုတာ ေမာ္ဒယ္အလုပ္တင္မကဘူး။ ဖက္ရွင္နဲ႔ပတ္သတ္တဲ့ပြဲေတြ၊ အစည္းအေဝးေတြမွာဆို ေျပေျပျပစ္ျပစ္နဲ႔စကားေျပာဆိုတတ္တယ္၊ သူက အလုပ္အမ်ားႀကီးလုပ္ႏိုင္တဲ့သူတစ္ေယာက္ပါ၊ အခုလည္း ကၽြန္မတို႔ မိတ္ေဆြေတြစုစည္းၿပီး Nastasia တစ္ေယာက္ အလုပ္ျပန္လုပ္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္လို႔” ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

Ref- Daily Mail

အတိုက္အခုိက္ေတြၾကားက သူမရဲ႕ အိမ္မက္အတိုင္း ေအာင္ျမင္မႈရလာတဲ့ လူမည္းေမာ္ဒယ္မေလး

Unicode

လျံလျံတောက်အောင်မြင်ရာကနေ လမ်းဘေးဘဝရောက်ခဲ့ရတဲ့ မဂ္ဂဇင်းကာဗာမော်ဒယ်
တစ်ချိန်က ရက် ၂၀လောက်အလုပ်လုပ်ရုံနဲ့ ဒေါ်လာ သန်းနဲ့ချီရတဲ့ Vogue မဂ္ဂဇင်းကာဗာ မော်ဒယ်မလေးဟာ အခုဆိုရင် အိုးမဲ့အိမ်မဲ့ဘဝနဲ့ ဘာစီလိုနာရဲ့ လမ်းမပေါ်မှာ သူ့ဘဝကို ကျောင်းနေရပါတယ်။ သူမကတော့ တစ်ချိန်က လျှံလျှံတောက်အောင်မြင်ခဲ့တဲ့ Nastasia Urbano ဆိုတဲ့ အမျိုးသမီးပဲဖြစ်ပြီး အခုအချိန်မှာတော့ အသက် ၅၇နှစ်ရှိနေပါပြီ။ သူမဟာ ဖက်ရှင်မျက်နှာဖုံးကာဗာ မော်ဒယ်တစ်ဦးဖြစ်ပြီး ယခင်က Linda Evangelista လို စူပါမင်းသမီးတွေနဲ့အပြိုင်တန်းရှိတဲ့ ထိပ်တန်းမော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။

Nastasia Urbano ဟာ စပိန်အလှမယ်တစ်ဦးဖြစ်ပြီး အသက် ၂၀အရွယ်မှာ ဥရောပမှာနာမည်ကြီးတဲ့ Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကာဗာ မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် နာမည်ကျော် Ford မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး နယူးယောက်မှာ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ တစ်ချိန်က လူတိုင်းမက်ခွင့်မရတဲ့ အိမ်မက်လိုမျိုးဘဝကို တကယ်လက်တွေ့မှာ ပိုင်ဆိုင်ခွင့်ရတဲ့သူတစ်ဦးဖြစ်ပေမဲ့ အခုသူမရဲ့ ဘဝဟာ စပိန်အရှေ့မြောက်ဘက် Catalonia ဒေသမှာရှိတဲ့ ဘဏ်တစ်ခုရဲ့ အဝင်ခန်းမနေရာတစ်နေရာမှာ အိပ်စက်ရတဲ့အဖြစ်ကို ရောက်နေပါပြီ။

သူများတွေ သုံးလေးနှစ်လောက်လုပ်မှရတဲ့ဝင်ငွေ ဒေါ်လာ ၁သန်းကို သူမ ရက် ၂၀ထဲနဲ့ ရှာနိုင်ပြီး အားလုံးကလည်း သူမကိုလေးစားချစ်ခင်ကြပါတယ်။ နာမည်ကျော် အနုပညာရှင်ပေါင်းများစွာနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိပြီး အမေရိကန်ရုပ်ရှင်မင်းသားDavid Keith ရဲ့ ဖိတ်ခေါ်ခြင်းတောင် ခံရတယ်လို့ သူမကဆိုပါတယ်။ သူမအိမ်ထောင်ကျပြီး သူမရဲ့ အမျိုးသား ကလေးအဖေဖြစ်လာတဲ့အချိန်မှာ သူမရဲ့ဘဝက ပြောင်းလဲသွားခဲ့တယ်လို့ဆိုပါတယ်။ “ကျွန်မရဲ့ ခင်ပွန်း၊ ကျွန်မရဲ့ ကလေးတွေရဲ့ လိုအင်ဆန္ဒကို ပြည့်စုံသထက်ပြည့်စုံအောင် ဖြည့်ဆည်းပေးရင် နောက်ဆုံးမှာ ခါးဝတ်ခါးစားသာ ကျန်ခဲ့ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းဟာ ရည်းစားဘဝထဲက သူဘာဝယ်ဝယ် ကျွန်မရဲ့ ပိုက်ဆံနဲ့သာဝယ်ပါတယ်။ သူနဲ့ သိတာ ၂ရက်လောက်ပဲရှိသေးတယ် BMW ကားဝယ်ချင်တယ်ဆိုလို ကျွန်မကိုယ်တိုင်ချက်ခ်လက်မှတ်ထိုးပေးလိုက်တယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မလည်း အချစ်စိတ်မွှန်နေတော့ အရူးတစ်ယောက်လိုဖြစ်နေတာလို့” ဆိုပါတယ်။

သူမမှာရှိတဲ့ ပစ္စည်းတွေ တစ်ဖြည်းဖြည်း ဆုံးရှုံးသွားတဲ့အပြင် စီးပွားရေးအခြေအနေမကောင်းတာကြောင့် အိမ်ငှားခတောင် မပေးနိုင်လို့ မောင်းထုတ်ခံခဲ့ရဖူးပါတယ်။ အဲ့ဒီနောက် သူငယ်ချင်းတွေအိမ်မှာ တစ်လှည့်စီလျှောက်နေရင်း နောက်ဆုံးတော့ ဘဏ်ရှေ့မှာရှိတဲ့ ငွေထုတ်စက်ထားတဲ့နေရာလေးကို အိပ်ရာအဖြစ်သတ်မှတ်ပြီး နေခဲ့ရပါတယ်။ Nastasia ဟာ ဖက်ရှင်အလုပ်ကို ၁၉၈၁ခုနှစ်မှာ စတင်လုပ်ကိုင်ပြီး Vogue မဂ္ဂဇင်းမော်ဒယ်အပြင် Revlon နဲ့ Yves Saint Laurent ထိပ်တန်း ထုတ်ကုန်တွေကိုလည်းမော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။

တစ်ချိန်က သူမနဲ့အတူအလုပ်လုပ်ဖူးတဲ့ မော်ဒယ် Ruth Schuler က သူမရဲ့ အကြောင်းကို ခုလိုဆိုပါတယ်။ ” Nastasia ရဲ့ အကြောင်းကို ကြားရတာ စိတ်မကောင်းပါဘူး။ ဘယ်လိုမှ ဒီလိုဖြစ်မယ်လို့မမျှော်လင့်မိဘူး။ အရင်က ကျွန်မက မင်းသမီးဆို သူက နတ်မိဖုရားအဆင့်မှာရှိတဲ့သူတစ်ဦးပါ၊ သူမက ရုပ်လေးလှသလို စိတ်ရင်းလဲကောင်းတယ်၊ စကားပြောတဲ့အခါမှာလည်း ရက်ရက်ရောရောနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်၊ မော်ဒယ်တစ်ဦးသာဆိုတာ မော်ဒယ်အလုပ်တင်မကဘူး။ ဖက်ရှင်နဲ့ပတ်သတ်တဲ့ပွဲတွေ၊ အစည်းအဝေးတွေမှာဆို ပြေပြေပြစ်ပြစ်နဲ့စကားပြောဆိုတတ်တယ်၊ သူက အလုပ်အများကြီးလုပ်နိုင်တဲ့သူတစ်ယောက်ပါ၊ အခုလည်း ကျွန်မတို့ မိတ်ဆွေတွေစုစည်းပြီး Nastasia တစ်ယောက် အလုပ်ပြန်လုပ်နိုင်အောင် ကြိုးစားနေပါတယ်
လို့” ဆိုပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here