လွဲမှားနေတဲ့ Relationship တစ်ခုရဲ့ လက္ခဏာ (၁၀) ချက်

0
1

လက္တြဲညီတဲ့ခ်စ္သူနဲ႔အတူ နီးစပ္စြာေနထိုင္ျခင္းဟာ သင့္ရဲ႕ေပ်ာ္႐ြင္မႈနဲ႔ စိတ္ပိုင္း႐ုပ္ပိုင္းက်န္းမာေရးအတြက္ အေရးႀကီးတဲ့အရာတစ္ခုျဖစ္ပါတယ္။ တကယ္လို႔သာ ယခုလို လြဲမွားေနတဲ့ relationship မွာပဲ ရွင္သန္ေနရတယ္ဆိုရင္ေတာ့ ေပ်ာ္႐ြင္မႈမရွိ႐ုံသာမက သင့္အတြက္စိတ္ပိုင္း႐ုပ္ပိုင္း ထိခိုက္မႈေတြ ႀကဳံေတြ႕ရႏိုင္ပါတယ္။

၁။ မထီမဲ့ျမင္ စိတ္မ်ိဳးခံစားေနရမယ္
သူ႔ရဲ႕အက်င့္စ႐ိုက္ေတြနဲ႔ သင့္တို႔အခ်စ္ေရးအတြက္ အရမ္းကိုဆိုးေနတာေၾကာင့္ သူ႔ကိုခ်စ္ရမယ့္အစား ၾကည့္မရမႈေတြ၊ မထီမဲ့ျမင္ျပဳလုပ္လိုတဲ့ ခံစားခ်က္ေတြ ခံစားေနရမယ္ဆိုရင္ သင္တို႔ရဲ႕ relationship ဟာ လြဲမွားေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီလို ခါးသီးမႈ၊ မေက်နပ္မႈ၊ ေၾကာက္႐ြံ႕မႈေတြဟာ ေကာင္းမြန္တဲ့ relationship တစ္ခုရဲ႕ အစိတ္အပိုင္းေတြမဟုတ္ပါဘူး။

၂။ တစ္ေယာက္ကိုတစ္ေယာက္ အျပစ္ေတြပုံခ်ေနမယ္
သင့္ရဲ႕လက္တြဲေဖာ္ဟာ relationship အေၾကာင္းတစ္ခုခုနဲ႔ပတ္သတ္ၿပီး သင့္ကိုအျပစ္ပုံခ်တတ္ၿပီး သင္ကလည္း သူ႔ကိုျပန္ၿပီး အျပစ္ပုံခ်ဖို႔ ႀကိဳးစားေနမယ္ဆိုရင္ သင္တို႔ရဲ႕ relationship ကမွားယြင္းတဲ့ relationship တစ္ခုလို႔ဆိုရပါမယ္။

၃။ သင္တို႔ႏွစ္ေယာက္က အရမ္းကိုကြာျခားေနမယ္
သင့္ရဲ႕လက္တြဲေဖာ္က တေနကုန္အိမ္မွာပဲေနၿပီး ဂိမ္းေဆာ့ျခင္း၊ တီဗြီၾကည့္ျခင္းေတြကို လုပ္ေနရတာႏွစ္သက္ေပမယ့္ သင္ကေတာ့အျပင္မွာ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံေနရတာကို ႏွစ္သက္ပါတယ္။ ဒီလိုႀကီးမားတဲ့ ပုဂၢိဳလ္ေရးဆိုင္ရာ ကြာျခားခ်က္တစ္ခုက ႀကီးမားတဲ့ပဋိပကၡျဖစ္ဖို႔ ဦးတည္သြားႏိုင္ပါတယ္။ တစ္ေယာက္ရဲ႕ဝါသနာပါရာကို တစ္ေယာက္ကနားလည္ေပးႏိုင္ရင္ ျပႆနာသိပ္မရွိေပမယ့္ ဒီကိစၥအတြက္နဲ႔ပဲ မၾကာခဏျပႆနာတက္ေနမယ္ဆိုရင္ေတာ့ သင္တို႔ရဲ႕ အခ်စ္ေရးက တကယ့္ကိုလြဲမွားေနပါၿပီ။

၄။ သင္မဟုတ္ေတာ့သလို ခံစားေနရမယ္
တကယ္လို႔ သူနဲ႔အတူ relationship တစ္ခုကိုစတင္ကတည္းက သင္ကိုယ္တိုင္ေျပာင္းလဲခံခဲ့ရရင္ အစမွာတည္းက သင့္အတြက္လြဲမွားေနတယ္လို႔ ဆိုလို႔ရပါတယ္။ သင့္ရဲ႕လက္တြဲေဖာ္က သူႏွစ္သက္တဲ့ပုံစံမ်ိဳးျဖစ္ေအာင္ သင့္ကိုအၿမဲတမ္းေျပာင္းလဲဖို႔ႀကိဳးစားေနၿပီး ဒီအေျခအေနကို သင္မလိုလားတဲ့အခါ သင့္အတြက္ စိတ္ပိုင္း႐ုပ္ပိုင္းထိခိုက္မႈေတြ၊ စိတ္ဆင္းရဲမႈတြကို ခံစားရႏိုင္ပါတယ္။

၅။ သင့္ရဲ႕စိတ္ဝင္စားမႈေတြ ေပ်ာက္ဆုံးသြားတယ္
သင့္ရဲ႕လက္တြဲေဖာ္က သူ႔ရဲ႕အေၾကာင္းေတြ သင့္ကိုေျပာျပေနတဲ့အခ်ိန္မွာ သင္ကစိတ္ဝင္စားမႈမရွိပဲ မၾကားလိုက္တာ၊ သို႔မဟုတ္ သူကသင္ေျပာတာေတြကို နားေထာင္တတ္တဲ့အေလ့အထမရွိေတာ့ပဲ အေရးမစိုက္မႈေတြ လုပ္လာတဲ့အခါ သင္တို႔ႏွစ္ေယာက္ၾကား ႀကီးမားတဲ့အက္ေၾကာင္းတခုထင္ေနပါၿပီ။ ဒီလိုအေျခအေနကို ျပဳျပင္ႏိုင္ဖို႔အတြက္ နားေထာင္ေပးတဲ့အေလ့အက်င့္ကို ျပန္လည္ႀကိဳးစားလုပ္ေဆာင္ႏိုင္ေပမယ့္ အမ်ားအားျဖင့္ေတာ့ ခ်စ္သူကိုစိတ္ဝင္စားမႈမရွိေတာ့တဲ့အခါ ယခုလိုအားစိုက္မႈလည္း မျပဳလုပ္ခ်င္ၾကေတာ့ပါဘူး။

၆။ သင္တို႔ႏွစ္ေယာက္မွာ မတူညီတဲ့ပန္းတိုင္ေတြရွိေနတယ္
သင္တို႔ႏွစ္ေယာက္ေတြ႕ဆုံတဲ့အခါတိုင္း ႏွစ္ဦးသားရဲ႕အနာဂတ္အေၾကာင္း ေျပာၾကပါလိမ့္မယ္။ အနာဂတ္မွာ လူေနမႈအဆင့္နဲ႔ ေငြေၾကးနဲ႔ပတ္သတ္ၿပီး သင္ဘယ္ေလာက္ထိတာဝန္ယူႏိုင္မယ္ဆိုတာ အစီအစဥ္ရွိၿပီးသား ျဖစ္ပါလိမ့္မယ္။ ကေလးဘယ္ႏွစ္ေယာက္ယူမယ္ဆိုတဲ့အေၾကာင္းနဲ႔ အလုပ္နဲ႔ပတ္သတ္ၿပီး တက္လမ္းေတြအေၾကာင္းလည္း ေျပာခ်င္ေျပာပါလိမ့္မယ္။ တကယ္လို ဒီလိုအရာေလးေတြဟာ သင္တို႔ႏွစ္ေယာက္ၾကား ေျပာင္းလဲသြားခဲ့ၿပီး အနာဂတ္အေၾကာင္ေဆြးေႏြးတာေတြ၊ မွ်ေဝျခင္းေတြ မရွိေတာ့ဘူးဆိုရင္ အနာဂတ္မွာႏွစ္ေယာက္အတူတူျဖတ္သန္းဖို႔ ဆႏၵမရွိေတာ့တာ ျဖစ္ႏိုင္ပါတယ္။

၇။ အျခားသူတစ္ေယာက္ကို စိတ္ကူးယဥ္မိေနတဲ့အခါ
ခံစားခ်က္နဲ႔ စိတ္ကူးယဥ္ျခင္းဟာလည္း ေဖာက္ျပန္ျခင္းပဲျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ထဲမွာ အျခားသူတစ္ေယာက္ကို စိတ္ဝင္စားေနၿပီး သူနဲ႔သာဆိုရင္ ပိုေကာင္းတဲ့ဘဝမ်ိဳးကို ျဖတ္သန္းႏိုင္မယ္လို႔ ထင္မွတ္ေနျခင္းဟာ လက္ရွိ Relationship ကိုစိတ္မဝင္စားေတာ့ပဲ ၿပီးဆုံးခ်င္ေနတာေၾကာင့္ျဖစ္ပါတယ္။

၈။ ရင္းရင္းႏွီးႏွီးမေနခ်င္ေတာ့ဘူး
ခ်စ္သူနဲ႔ အရင္လိုဖက္တာေတြ၊ နမ္းတာေတြ သိပ္မရွိေတာ့ပဲ လိင္ပိုင္းဆိုင္ရာ စိတ္ဝင္စားမႈမရွိေတာ့တာဟာ relationship အတြင္း ႀကီးမားတဲ့လြဲမွားမႈႀကီး ျဖစ္ပါတယ္။ ဒီလိုအေျခအေနကို တဖက္သတ္ႀကဳံေတြ႕ရျခင္းက ဝမ္းနည္းစရာေကာင္းတဲ့အရာတစ္ခုပါ။

၉။ တစ္ေယာက္ကိုတစ္ေယာက္ မယုံၾကည္ေတာ့ဘူး
အရင္လိုတစ္ေယာက္ကိုတစ္ေယာက္ မယုံၾကည္ႏိုင္ေတာ့ပဲ အၿမဲသံသယဝင္ေနမယ္။ အၿမဲတမ္းကိုကိုယ့္ကိုတခုခုဖုံးကြယ္ထားသလို ခံစားေနရတယ္ဆိုတာဟာ သူတစ္ခုခုေျပာင္းလဲလာတာေၾကာင့္ သို႔မဟုတ္ သင့္စိတ္အေျခအေနေျပာင္းလဲသြားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ မယုံၾကည္မႈေၾကာင့္ မလိုလားအပ္တဲ့
စြပ္စြဲမႈေတြ ျဖစ္လာေစပါတယ္။

၁၀။ တျဖည္းျဖည္းစိတ္ပ်က္လာၿပီး ႀကိဳးစားမႈမရွိေတာ့ဘူး
အိမ္ေထာင္သည္ေတြကို ေလ့လာခ်က္အရ အမ်ားစုမွာ အိမ္ေထာင္သက္ၾကာေလေလ အိမ္ေထာင္ေရးအေပၚ ပ်င္းရိလာၾကၿပီး စိတ္လႈပ္ရွားစရာမရွိေတာ့တဲ့အတြက္ မေပ်ာ္႐ြင္႐ြင္မႈေတြ ခံစားေနရေၾကာင္း သိရွိရပါတယ္။ ဒါဟာႏွစ္ဦးစလုံးရဲ႕ အိမ္ေထာင္ေရးအေပၚအားစိုက္မႈ မရွိတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
ဒါေပမယ့္ အိမ္ေထာင္သည္မွမဟုတ္ပဲ ခ်စ္သူရည္းစားဘဝမွာတင္ ယခုလိုပ်င္းရိမႈေတြ စိတ္ပ်က္မႈေတြႀကဳံေတြ႕ႏိုင္တာေၾကာင့္ ဒီလိုလြဲမွားေနတဲ့ အေျခအေနအတိုင္း ေရွ႕ဆက္မတိုးသင့္ပဲ အျမန္ဆုံးေျဖရွင္းလိုက္တာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

လက်တွဲညီတဲ့ချစ်သူနဲ့အတူ နီးစပ်စွာနေထိုင်ခြင်းဟာ သင့်ရဲ့ပျော်ရွင်မှုနဲ့ စိတ်ပိုင်းရုပ်ပိုင်းကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့သာ ယခုလို လွဲမှားနေတဲ့ relationship မှာပဲ ရှင်သန်နေရတယ်ဆိုရင်တော့ ပျော်ရွင်မှုမရှိရုံသာမက သင့်အတွက်စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

၁။ မထီမဲ့မြင် စိတ်မျိုးခံစားနေရမယ်
သူ့ရဲ့အကျင့်စရိုက်တွေနဲ့ သင့်တို့အချစ်ရေးအတွက် အရမ်းကိုဆိုးနေတာကြောင့် သူ့ကိုချစ်ရမယ့်အစား ကြည့်မရမှုတွေ၊ မထီမဲ့မြင်ပြုလုပ်လိုတဲ့ ခံစားချက်တွေ ခံစားနေရမယ်ဆိုရင် သင်တို့ရဲ့ relationship ဟာ လွဲမှားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ခါးသီးမှု၊ မကျေနပ်မှု၊ ကြောက်ရွံ့မှုတွေဟာ ကောင်းမွန်တဲ့ relationship တစ်ခုရဲ့ အစိတ်အပိုင်းတွေမဟုတ်ပါဘူး။

၂။ တစ်ယောက်ကိုတစ်ယောက် အပြစ်တွေပုံချနေမယ်
သင့်ရဲ့လက်တွဲဖော်ဟာ relationship အကြောင်းတစ်ခုခုနဲ့ပတ်သတ်ပြီး သင့်ကိုအပြစ်ပုံချတတ်ပြီး သင်ကလည်း သူ့ကိုပြန်ပြီး အပြစ်ပုံချဖို့ ကြိုးစားနေမယ်ဆိုရင် သင်တို့ရဲ့ relationship ကမှားယွင်းတဲ့ relationship တစ်ခုလို့ဆိုရပါမယ်။

၃။ သင်တို့နှစ်ယောက်က အရမ်းကိုကွာခြားနေမယ်
သင့်ရဲ့လက်တွဲဖော်က တနေကုန်အိမ်မှာပဲနေပြီး ဂိမ်းဆော့ခြင်း၊ တီဗွီကြည့်ခြင်းတွေကို လုပ်နေရတာနှစ်သက်ပေမယ့် သင်ကတော့အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေရတာကို နှစ်သက်ပါတယ်။ ဒီလိုကြီးမားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကွာခြားချက်တစ်ခုက ကြီးမားတဲ့ပဋိပက္ခဖြစ်ဖို့ ဦးတည်သွားနိုင်ပါတယ်။ တစ်ယောက်ရဲ့ဝါသနာပါရာကို တစ်ယောက်ကနားလည်ပေးနိုင်ရင် ပြဿနာသိပ်မရှိပေမယ့် ဒီကိစ္စအတွက်နဲ့ပဲ မကြာခဏပြဿနာတက်နေမယ်ဆိုရင်တော့ သင်တို့ရဲ့ အချစ်ရေးက တကယ့်ကိုလွဲမှားနေပါပြီ။

၄။ သင်မဟုတ်တော့သလို ခံစားနေရမယ်
တကယ်လို့ သူနဲ့အတူ relationship တစ်ခုကိုစတင်ကတည်းက သင်ကိုယ်တိုင်ပြောင်းလဲခံခဲ့ရရင် အစမှာတည်းက သင့်အတွက်လွဲမှားနေတယ်လို့ ဆိုလို့ရပါတယ်။ သင့်ရဲ့လက်တွဲဖော်က သူနှစ်သက်တဲ့ပုံစံမျိုးဖြစ်အောင် သင့်ကိုအမြဲတမ်းပြောင်းလဲဖို့ကြိုးစားနေပြီး ဒီအခြေအနေကို သင်မလိုလားတဲ့အခါ သင့်အတွက် စိတ်ပိုင်းရုပ်ပိုင်းထိခိုက်မှုတွေ၊ စိတ်ဆင်းရဲမှုတွကို ခံစားရနိုင်ပါတယ်။

၅။ သင့်ရဲ့စိတ်ဝင်စားမှုတွေ ပျောက်ဆုံးသွားတယ်
သင့်ရဲ့လက်တွဲဖော်က သူ့ရဲ့အကြောင်းတွေ သင့်ကိုပြောပြနေတဲ့အချိန်မှာ သင်ကစိတ်ဝင်စားမှုမရှိပဲ မကြားလိုက်တာ၊ သို့မဟုတ် သူကသင်ပြောတာတွေကို နားထောင်တတ်တဲ့အလေ့အထမရှိတော့ပဲ အရေးမစိုက်မှုတွေ လုပ်လာတဲ့အခါ သင်တို့နှစ်ယောက်ကြား ကြီးမားတဲ့အက်ကြောင်းတခုထင်နေပါပြီ။ ဒီလိုအခြေအနေကို ပြုပြင်နိုင်ဖို့အတွက် နားထောင်ပေးတဲ့အလေ့အကျင့်ကို ပြန်လည်ကြိုးစားလုပ်ဆောင်နိုင်ပေမယ့် အများအားဖြင့်တော့ ချစ်သူကိုစိတ်ဝင်စားမှုမရှိတော့တဲ့အခါ ယခုလိုအားစိုက်မှုလည်း မပြုလုပ်ချင်ကြတော့ပါဘူး။

၆။ သင်တို့နှစ်ယောက်မှာ မတူညီတဲ့ပန်းတိုင်တွေရှိနေတယ်
သင်တို့နှစ်ယောက်တွေ့ဆုံတဲ့အခါတိုင်း နှစ်ဦးသားရဲ့အနာဂတ်အကြောင်း ပြောကြပါလိမ့်မယ်။ အနာဂတ်မှာ လူနေမှုအဆင့်နဲ့ ငွေကြေးနဲ့ပတ်သတ်ပြီး သင်ဘယ်လောက်ထိတာဝန်ယူနိုင်မယ်ဆိုတာ အစီအစဉ်ရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ကလေးဘယ်နှစ်ယောက်ယူမယ်ဆိုတဲ့အကြောင်းနဲ့ အလုပ်နဲ့ပတ်သတ်ပြီး တက်လမ်းတွေအကြောင်းလည်း ပြောချင်ပြောပါလိမ့်မယ်။ တကယ်လို ဒီလိုအရာလေးတွေဟာ သင်တို့နှစ်ယောက်ကြား ပြောင်းလဲသွားခဲ့ပြီး အနာဂတ်အကြောင်ဆွေးနွေးတာတွေ၊ မျှဝေခြင်းတွေ မရှိတော့ဘူးဆိုရင် အနာဂတ်မှာနှစ်ယောက်အတူတူဖြတ်သန်းဖို့ ဆန္ဒမရှိတော့တာ ဖြစ်နိုင်ပါတယ်။

၇။ အခြားသူတစ်ယောက်ကို စိတ်ကူးယဉ်မိနေတဲ့အခါ
ခံစားချက်နဲ့ စိတ်ကူးယဉ်ခြင်းဟာလည်း ဖောက်ပြန်ခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့စိတ်ထဲမှာ အခြားသူတစ်ယောက်ကို စိတ်ဝင်စားနေပြီး သူနဲ့သာဆိုရင် ပိုကောင်းတဲ့ဘဝမျိုးကို ဖြတ်သန်းနိုင်မယ်လို့ ထင်မှတ်နေခြင်းဟာ လက်ရှိ Relationship ကိုစိတ်မဝင်စားတော့ပဲ ပြီးဆုံးချင်နေတာကြောင့်ဖြစ်ပါတယ်။

၈။ ရင်းရင်းနှီးနှီးမနေချင်တော့ဘူး
ချစ်သူနဲ့ အရင်လိုဖက်တာတွေ၊ နမ်းတာတွေ သိပ်မရှိတော့ပဲ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုမရှိတော့တာဟာ relationship အတွင်း ကြီးမားတဲ့လွဲမှားမှုကြီး ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို တဖက်သတ်ကြုံတွေ့ရခြင်းက ဝမ်းနည်းစရာကောင်းတဲ့အရာတစ်ခုပါ။

၉။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်တော့ဘူး
အရင်လိုတစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်တော့ပဲ အမြဲသံသယဝင်နေမယ်။ အမြဲတမ်းကိုကိုယ့်ကိုတခုခုဖုံးကွယ်ထားသလို ခံစားနေရတယ်ဆိုတာဟာ သူတစ်ခုခုပြောင်းလဲလာတာကြောင့် သို့မဟုတ် သင့်စိတ်အခြေအနေပြောင်းလဲသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ မယုံကြည်မှုကြောင့် မလိုလားအပ်တဲ့
စွပ်စွဲမှုတွေ ဖြစ်လာစေပါတယ်။

၁၀။ တဖြည်းဖြည်းစိတ်ပျက်လာပြီး ကြိုးစားမှုမရှိတော့ဘူး
အိမ်ထောင်သည်တွေကို လေ့လာချက်အရ အများစုမှာ အိမ်ထောင်သက်ကြာလေလေ အိမ်ထောင်ရေးအပေါ် ပျင်းရိလာကြပြီး စိတ်လှုပ်ရှားစရာမရှိတော့တဲ့အတွက် မပျော်ရွင်ရွင်မှုတွေ ခံစားနေရကြောင်း သိရှိရပါတယ်။ ဒါဟာနှစ်ဦးစလုံးရဲ့ အိမ်ထောင်ရေးအပေါ်အားစိုက်မှု မရှိတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အိမ်ထောင်သည်မှမဟုတ်ပဲ ချစ်သူရည်းစားဘဝမှာတင် ယခုလိုပျင်းရိမှုတွေ စိတ်ပျက်မှုတွေကြုံတွေ့နိုင်တာကြောင့် ဒီလိုလွဲမှားနေတဲ့ အခြေအနေအတိုင်း ရှေ့ဆက်မတိုးသင့်ပဲ အမြန်ဆုံးဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here