လွပတဲ့ မ်က္ဝန္းတစ္စံုရရွိေစဖို႔ မ်က္ခံုးပံုေဖာ္နည္းအဆင့္ဆင့္

0
1461
မ်က္ခံုးပံုေဖာ္နည္းအဆင့္ဆင့္

မ်က္ခံုးဟာ လူတစ္ေယာက္ရဲ႕မ်က္ႏွာကို ပိုမိုထင္ရွားေပၚလြင္ေစတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ယေန႔ေခတ္ မိတ္ကပ္လိမ္းျခယ္မႈမွာ မ်က္ခံုးေမြးကို ျပင္ဆင္ထားမွန္း မသိသာေအာင္ သဘာဝက်က်ေလး ျပင္ဆင္လာၾကတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ ပ်ိဳေမတို႔အတြက္ သဘာဝက်က် မ်က္ခုံးလွလွေလးရရွိေစဖို႔ အဓိကက်တဲ့ မ်က္ခံုးပံုေဖာ္နည္းေလးကို မွ်ေဝေပးလုိက္ပါတယ္။
လိုအပ္တဲ့ပစၥည္းမ်ား
Eyebrow pencil (မ်က္ခံုးေမႊးဆြဲခဲတံ)
Eyebrow Gel (မ်က္ခံုးဂ်ယ္လ္)
Slanted tweezers (ဇာကနာတစ္ေခ်ာင္း)
Spoolie
Eyebrow brush (မ်က္ခံုးေမႊးဘရပ္)
Lash Comb (မ်က္ေတာင္ဘီး)
Eyebrow scissors (curved) (မ်က္ခံုးေမႊးညွပ္ကပ္ေၾကးအေကြး)
Step 1- Eyebrow Gel လိမ္းပါ

-Advertisement-


မ်က္ခံုးေမႊးေတြကို ျပားေစဖို႔နဲ႔ အလြယ္တကူပံုေဖာ္လို႔ ရေအာင္ Eyebrow Gel ကိုလိမ္းေပးပါ။
Step 2- မလိုအပ္တဲ့အေမႊးအမွ်င္ေတြကိုဖယ္ပါ


မ်က္ခံုးေမႊးႏုတ္တဲ့ ဇာကနာကိုသံုးၿပီး မလိုအပ္တဲ့ အေမႊးအမွ်င္ေတြကို ဖယ္ရွားေပးပါ။ အေမႊးႏုတ္တဲ့အခါ အေရျပားကို လက္ျဖင့္အနညး္ငယ္ဆန္႔ထားေပးပါ။ ဒါမွ နာက်င္မႈနည္းေစမွာပါ။


မ်က္ခံုးေမႊးဘရပ္ေလးနဲ႔ အေမႊးေတြကို ၿဖီးေပးပါ။

Step 3- မ်က္ခံုးေမႊးေတြကို တိေပးပါ။


မ်က္ေတာင္ၿဖီးတဲ့ဘီးနဲ႔ ကတ္ေၾကးအေကြးကို သံုးၿပီး သင့္မ်က္ခံုးေမႊးေတြကို စတင္ တိေပးပါ။ မ်က္ခံုးေမႊးတိတဲ့အခါ ကတ္ေၾကးအေကြးက အသင့္ေတာ္ဆံုးျဖစ္ပါတယ္။ တိၿပီးတဲ့အခါ brow brush ေလးနဲ႔ၿဖီးေပးပါ။
Step 4- မ်က္ႏွာအေမႊးအမွ်င္ရိတ္တဲ့ Razor ကိုသံုးပါ


သင့္မ်က္ခံုးေဘးက မလိုအပ္တဲ့ အေမႊးအမွ်င္ေတြကို အနည္းငယ္ ဖယ္ရွားဖို႔ facial razor တစ္ခုကိုသံုးပါ။ အရမ္းမရိတ္မိေအာင္ေတာ့ ဂရုစိုက္ရပါမယ္။ ဇာကနာနဲ႔ ဖယ္ရွားဖို႔ ခက္ခဲတဲ့ က်န္တဲ့အေမႊးအမွ်င္ေတြကို razor နဲ႔ဖယ္ရွားႏိုင္ပါတယ္။
Step 5- မ်က္ခံုးမ်ားကိုျဖည့္ပါ


ေနာက္ဆံုးအဆင့္အေနနဲ႔ ထိပ္အျပားပါတဲ့ မ်က္ခံုးေမႊးဆြဲခဲတံကိုသံုးၿပီး သင့္မ်က္ခံုးေတြကို ျဖည့္ေပးပါ။
Step 6- ပိုၿပီး တိက်ေစဖို႔ Highlight လုပ္ေပးပါ


သင့္မ်က္ခံုးေလးကို ပိုၿပီးတိတိက်က်ေလး ေပၚလြင္ေစဖို႔ မ်က္ခံုးရုိးေတြကို highlight လုပ္ေပးဖို႔ လိုပါတယ္။ ဒီအတြက္ brow highlighter pencil ကိုအသံုးျပဳႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္ concealer ကိုအသံုးျပဳေပးပါ။


ယခုဆိုရင္ ၿပီးျပည့္စံုတဲ့ ပံုသ႑ာန္နဲ႔ မ်က္ခံုးလွလွေလးတစ္စံု ရရွိပါၿပီ။
#Lifestyle_Myanmar
#LM_Nandar
Source- makeuptutorials

Unicode

မျက်ခုံးဟာ လူတစ်ယောက်ရဲ့မျက်နှာကို ပိုမိုထင်ရှားပေါ်လွင်စေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ် မိတ်ကပ်လိမ်းခြယ်မှုမှာ မျက်ခုံးမွေးကို ပြင်ဆင်ထားမှန်း မသိသာအောင် သဘာဝကျကျလေး ပြင်ဆင်လာကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ပျိုမေတို့အတွက် သဘာဝကျကျ မျက်ခုံးလှလှလေးရရှိစေဖို့ အဓိကကျတဲ့ မျက်ခုံးပုံဖော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
Eyebrow pencil (မျက်ခုံးမွှေးဆွဲခဲတံ)
Eyebrow Gel (မျက်ခုံးဂျယ်လ်)
Slanted tweezers (ဇာကနာတစ်ချောင်း)
Spoolie
Eyebrow brush (မျက်ခုံးမွှေးဘရပ်)
Lash Comb (မျက်တောင်ဘီး)
Eyebrow scissors (curved) (မျက်ခုံးမွှေးညှပ်ကပ်ကြေးအကွေး)
Step 1- Eyebrow Gel လိမ်းပါ

မျက်ခုံးမွှေးတွေကို ပြားစေဖို့နဲ့ အလွယ်တကူပုံဖော်လို့ ရအောင် Eyebrow Gel ကိုလိမ်းပေးပါ။
Step 2- မလိုအပ်တဲ့အမွှေးအမျှင်တွေကိုဖယ်ပါ

မျက်ခုံးမွှေးနုတ်တဲ့ ဇာကနာကိုသုံးပြီး မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးပါ။ အမွှေးနုတ်တဲ့အခါ အရေပြားကို လက်ဖြင့်အနညး်ငယ်ဆန့်ထားပေးပါ။ ဒါမှ နာကျင်မှုနည်းစေမှာပါ။

မျက်ခုံးမွှေးဘရပ်လေးနဲ့ အမွှေးတွေကို ဖြီးပေးပါ။

Step 3- မျက်ခုံးမွှေးတွေကို တိပေးပါ။

မျက်တောင်ဖြီးတဲ့ဘီးနဲ့ ကတ်ကြေးအကွေးကို သုံးပြီး သင့်မျက်ခုံးမွှေးတွေကို စတင် တိပေးပါ။ မျက်ခုံးမွှေးတိတဲ့အခါ ကတ်ကြေးအကွေးက အသင့်တော်ဆုံးဖြစ်ပါတယ်။ တိပြီးတဲ့အခါ brow brush လေးနဲ့ဖြီးပေးပါ။
Step 4- မျက်နှာအမွှေးအမျှင်ရိတ်တဲ့ Razor ကိုသုံးပါ

သင့်မျက်ခုံးဘေးက မလိုအပ်တဲ့ အမွှေးအမျှင်တွေကို အနည်းငယ် ဖယ်ရှားဖို့ facial razor တစ်ခုကိုသုံးပါ။ အရမ်းမရိတ်မိအောင်တော့ ဂရုစိုက်ရပါမယ်။ ဇာကနာနဲ့ ဖယ်ရှားဖို့ ခက်ခဲတဲ့ ကျန်တဲ့အမွှေးအမျှင်တွေကို razor နဲ့ဖယ်ရှားနိုင်ပါတယ်။
Step 5- မျက်ခုံးများကိုဖြည့်ပါ

နောက်ဆုံးအဆင့်အနေနဲ့ ထိပ်အပြားပါတဲ့ မျက်ခုံးမွှေးဆွဲခဲတံကိုသုံးပြီး သင့်မျက်ခုံးတွေကို ဖြည့်ပေးပါ။
Step 6- ပိုပြီး တိကျစေဖို့ Highlight လုပ်ပေးပါ

သင့်မျက်ခုံးလေးကို ပိုပြီးတိတိကျကျလေး ပေါ်လွင်စေဖို့ မျက်ခုံးရိုးတွေကို highlight လုပ်ပေးဖို့ လိုပါတယ်။ ဒီအတွက် brow highlighter pencil ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ်ရင် concealer ကိုအသုံးပြုပေးပါ။

ယခုဆိုရင် ပြီးပြည့်စုံတဲ့ ပုံသဏ္ဍာန်နဲ့ မျက်ခုံးလှလှလေးတစ်စုံ ရရှိပါပြီ။
#Lifestyle_Myanmar
#LM_Nandar
Source- makeuptutorials

LEAVE A REPLY

Please enter your comment!
Please enter your name here