လွန်ခဲ့တဲ့ ၂နှစ်က အဖေလိုချင်နေတဲ့ ဖိနပ်ကို ဝယ်ပြီး suprises လုပ်ပေးလို့ မျက်ရည်ကျခဲ့တဲ့ ဖခင်

0
3784
suprises

တွမ်တာ အသုံးပြုသူ @_MadreNana ဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က ဖခင် အရမ်းလိုချင်နေတဲ့ ဖိနပ်လေးကို မောင်နှမတွေအပါအဝင် မိခင်နဲ့ ပေါင်းပြီး အဖေဖြစ်သူကို Suprises လုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီ ဗီဒီယိုဖိုင်ကို သူမရဲ့ အကောင့်မှာ မကြာသေးမီကတင်ခဲ့ပါတယ်။

-Advertisement-

တွမ်တာပေါ်မှာတော့ မိခင်အပါအဝင် ကျွန်မတို့ မောင်နှမတွေအားလုံး အဖေ ၂နှစ်နီးပါ လိုချင်နေတဲ့ ဖိနပ်လေးကို ဝယ်ပြီး မွေးနေ့မှာ အခုလို Suprises လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ လို့ ရေးသားထားပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ အဖေဟာ ဖိနပ်ဆိုင်တစ်ဆိုင်ကို ဝင်ပြီး စင်ပေါ်က ဖိနပ်တွေကို လိုက်ကြည့်နေတာပါ။ အဲ့ဒီအချိန်မှာပဲ ကျွန်မတို့ မောင်နှမတွေနဲ့ အမေက အဖေအနားကိုလာပြီး လက်ဆွဲစက္ကူအိတ်လေးတစ်လုံးကို ပေးခဲ့ပါတယ်။

အဖေက ဒီအိတ်လေးကို ဖွင့်ကြည့်ပြီး အခါမှာတော့ သူလိုချင်နေတဲ့ Onitsuka Tiger ဖိနပ်လေးဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ အဖေတစ်ယောက် ဝမ်းသာလုံးဆို့ပြီး မျက်ရည်တွေ ကျခဲ့ရပါတယ်။

အဲ့ဒီနေ့လေးဟာ အဖေရဲ့ ၅၂နှစ်မြောက် မွေးနေ့လေးလည်း ဖြစ်ပါတယ်။ ထို ဗီဒီယိုလေးဟာ တွမ်တာပေါ်မှာ retweets 18900 ကျော်နဲ့ like 22200 ကျော်ရရှိတဲ့အထိ ပျံ့နှံ့သွားခဲ့ပါတယ်။

တွမ်တာ အသုံးပြုသူတွေကလည်း ဒီ ဗီဒီယိုလေးကိုကြည့်ပြီး ပီတီတွေကူးစက်လွန်းလို့ မျက်ရည်တောင်ကျမိတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ သင်လည်း ဒီ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အပျော်တွေ ကူးစက်မိမှာ အသေအချာပဲ။

#Lifestyle_Myanmar

ကလေးထိန်းရ သက်သာအောင် နို့တိုက်တိုင်း နို့ဗူးထဲ အိပ်ဆေး ရောထည့်တဲ့ ကလေးထိန်း

Zawgyi Fonts

လြန္ခဲ့တဲ့ ၂ႏွစ္က အေဖလိုခ်င္ေနတဲ့ ဖိနပ္ကို ဝယ္ၿပီး suprises လုပ္ေပးလို႔ မ်က္ရည္က်ခဲ့တဲ့ ဖခင္
တြမ္တာ အသုံးျပဳသူ @_MadreNana ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္က ဖခင္ အရမ္းလိုခ်င္ေနတဲ့ ဖိနပ္ေလးကို ေမာင္ႏွမေတြအပါအဝင္ မိခင္နဲ႔ ေပါင္းၿပီး အေဖျဖစ္သူကို Suprises လုပ္ခဲ့ပါတယ္။ ၿပီးတဲ့အခါမွာေတာ့ ဒီ ဗီဒီယိုဖိုင္ကို သူမရဲ့ အေကာင့္မွာ မၾကာေသးမီကတင္ခဲ့ပါတယ္။

တြမ္တာေပၚမွာေတာ့ မိခင္အပါအဝင္ ကၽြန္မတို႔ ေမာင္ႏွမေတြအားလုံး အေဖ ၂ႏွစ္နီးပါ လိုခ်င္ေနတဲ့ ဖိနပ္ေလးကို ဝယ္ၿပီး ေမြးေန႔မွာ အခုလို Suprises လုပ္ေပးဖို႔ ဆုံးျဖတ္လိုက္တာပါ လို႔ ေရးသားထားပါတယ္။

ဗီဒီယိုဖိုင္ထဲမွာေတာ့ အေဖဟာ ဖိနပ္ဆိုင္တစ္ဆိုင္ကို ဝင္ၿပီး စင္ေပၚက ဖိနပ္ေတြကို လိုက္ၾကည့္ေနတာပါ။ အဲ့ဒီအခ်ိန္မွာပဲ ကၽြန္မတို႔ ေမာင္ႏွမေတြနဲ႔ အေမက အေဖအနားကိုလာၿပီး လက္ဆြဲစကၠဴအိတ္ေလးတစ္လုံးကို ေပးခဲ့ပါတယ္။

အေဖက ဒီအိတ္ေလးကို ဖြင့္ၾကည့္ၿပီး အခါမွာေတာ့ သူလိုခ်င္ေနတဲ့ Onitsuka Tiger ဖိနပ္ေလးျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အေဖတစ္ေယာက္ ဝမ္းသာလုံးဆို႔ၿပီး မ်က္ရည္ေတြ က်ခဲ့ရပါတယ္။

အဲ့ဒီေန႔ေလးဟာ အေဖရဲ့ ၅၂ႏွစ္ေျမာက္ ေမြးေန႔ေလးလည္း ျဖစ္ပါတယ္။ ထို ဗီဒီယိုေလးဟာ တြမ္တာေပၚမွာ retweets 18900 ေက်ာ္နဲ႔ like 22200 ေက်ာ္ရရွိတဲ့အထိ ပ်ံ႕ႏွံ့သြားခဲ့ပါတယ္။

တြမ္တာ အသုံးျပဳသူေတြကလည္း ဒီ ဗီဒီယိုေလးကိုၾကည့္ၿပီး ပီတီေတြကူးစက္လြန္းလို႔ မ်က္ရည္ေတာင္က်မိတယ္လို႔ မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ သင္လည္း ဒီ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး အေပ်ာ္ေတြ ကူးစက္မိမွာ အေသအခ်ာပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here