သင့်ကို ပြန်လည်နုပျိုစေဖို့ Eye Makeup လိမ်းချယ်နည်း အဆင့်ဆင့်
Primer
Concealer
Black Eyeshadow
Black liner
Mascara
Eyeshadow brushes
အဆင့် ၁
အဆင့် ၂
အဆင့် ၃
အဆင့် ၎
အဆင့် ၅
အဆင့် ၆
အဆင့် ၇
အဆင့်၈
အဆင့် ၉
#Lifestyle_Myanmar
#TB_Nandar
Unicode
လွယ်ကူမြန်ဆန်တဲ့ Smoky Eye မိတ်ကပ် လိမ်းချယ်နည်း
မျက်နှာကို မိတ်ကပ်ခြယ်သတဲ့အခါ အဓိက အရေးပါဆုံးကတော့ မျက်ဝန်းအလှ ချယ်သခြင်းပဲ ဖြစ်ပါတယ်။ ညို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ဖို့ ရိုးရိုးလေးနဲ့ယဉ်တဲ့ smoky eye လိမ်းချယ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးတိုင်း တတ်ထားသင့်တဲ့ မိတ်ကပ်နည်းစနစ်တစ်ခုဖြစ်ပါတယ်။
Smoky Eye ချယ်သဖို့အတွက် အောက်ပါပစ္စည်းလေးတွေ လိုအပ်ပါတယ်
Primer
Concealer
Black Eyeshadow
Black liner
Mascara
Eyeshadow brushes
အဆင့် ၁
ပထမဆုံး မျက်နှာကို သန့်စင်ပေးပါ။ ဖောင်ဒေးရှင်း လိမ်းပါ။
အဆင့် ၂
အိုင်းရှဲဒိုးတွေကို blend လုပ်ရလွယ်ကူပြီး မိတ်ကပ် ပိုကြာရှည်ခံအောင် သင့်မျက်လုံးတွေကို Primer လိမ်းပေးပါ။ မျက်ခမ်းပေါ်နှင့် မျက်လုံးအောက်မှာ ကွန်ဆီလာ အသုံးပြုပေးပါ။ မျက်ခုံးအောက်ဘက်နှင့် မျက်စိအတွင်းထောင့်မှာ အိုင်းရှဲဒိုးအဖြူရောင်လေးနဲ့ ဟိုက်လိုက်လုပ်ပေးပါ။
အဆင့် ၃
အပြင်ထောင့်ကနေ အတွင်းထဲသို့ အနက်ရောင်အိုင်းရှဲဒိုးဖြင့် vပုံစံထောင့်ချိုးလေးဆွဲပေးပါ။
အဆင့် ၄
အနက်ရောင် အိုင်းရှဲဒိုးကို တအားထင်းမနေစေဘဲ ပြေပြေလေးဖြစ်သွားစေဖို့ အိုင်းရှဲဒိုးအရောင်ရင့်ဖြင့် Blend လုပ်ပေးပါ။
အဆင့် ၅
လိုင်နာခဲတံ သို့မဟုတ် gel ဖြင့် မျက်တောင်လိုင်းတွေတစ်လျှောက် အနီးကပ် ဆွဲပေးပါ။
အဆင့် ၆
အိုင်းလိုင်နာကို Smudge ဖြစ်သွားအောင် လိမ်းထားပြီးသား အနက်ရောင်အိုင်းရှဲဒိုးတွေနှင့် blend လုပ်ပေးပါ။
အဆင့် ၇
အောက်မျက်ခမ်းထောင့်မှာ ခဲတံဖြင့် လိုင်နာဆွဲပေးပါ။
အဆင့်၈
Smokey effect ဖန်တီးဖို့ ပြေပြေလေးဖြစ်သွားအောင် ဘရပ်ဖြင့် blend လုပ်ပေးပါ။
အဆင့် ၉
နောက်ဆုံးမှာ သင်အကြိုက်ဆုံး မျက်တောင်ကော့ဆေး လိမ်းပေးပါ။
#Lifestyle_Myanmar
#TB_Nandar