လျှပ်တစ်ပြက်လှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းပြီး အမိအရ ဓာတ်ပုံရိုက်ထားသလားထင်ရတဲ့ ဓာတ်ပုံတွေ

0
419
ဓာတ်ပုံရိုက်ချက်

မျက်တောင်တစ်ချက်ခပ်စာလောက် အချိန်ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားတဲ့ အရာတွေကို အမိအရ ဓာတ်ပုံရိုက်နိုင်ဖို့ဆိုတာမလွယ်ဘူးနော်။ ယခုဖော်ပြပေးတဲ့ ပုံတွေက အလွန့်အလွန်ပဲ တိုက်ဆိုင်လွန်တာလား ဓာတ်ပုံဆရာကပဲ အရမ်းတော်နေလို့လားမသိဘူး အချိန်တိုအတွင်းဖြစ်ပျက်သွားတာတွေကို ခေတ္တရပ်ဆိုင်းထားပြီး အမိအရ ဓာတ်ပုံရိုက်ထားသလို ခံစားစေရမှာဖြစ်ပါတယ်။

-Advertisement-

၁။ ဦးထုပ်ကျွတ်သွားတာလား ကိုယ်ပျောက်ကစားသမားလား မသဲကွဲအောင် ရိုက်နိုင်တဲ့ ဓာတ်ပုံဆရာရဲ့ ရိုက်ချက်။

၂။ မျက်တောင် တစ်ချက်ခပ်စာ အချိန်လောက်ကို အမိအရ ရိုက်ယူထားတာ ရေတစ်စက်တောင် အောက်မကျသေးဘူးနော်။

၃။ ဆောင်းမှာ ရုတ်တရတ် မျက်လုံး ရှေ့ကနေ ဖြတ်ကျလာတဲ့ စနိူးဖက်လေးကို မျက်ဝန်းအိမ်မှာ အထင်းသားပေါ်အောင် ရိုက်နိုင်တယ်ဆိုတော့…။

၄။ နေကျချိန် နေလုံးကို ဘတ်ဖိုးနဲ့ ညှပ်ပြီး ပြန်ဆွဲတင်နေတာလား။

၅။ ဓာတ်ပုံဆရာ position ယူတတ်လို့လားမသိဘူး အနောက်က အဖေလက်လား ဘေးက သူငယ်ချင်းလက်လား မသဲကွဲတော့ဘူး။

၆။ ကျလာတဲ့ ဆပ်ပြာပူပေါင်းလေးနဲ့ ကြောင်မျက်နှာကို ကွက်တိရိုက်နိုင်တော့ မသိရင် ကြောင်လေးကပဲ အာကာသထဲ ရောက်သွားသလိုလိုနဲ့။

၇။ ဂြိုလ်တုက ရိုလာကိုစတာ လမ်းကြောင်းပေါ်ကနေ အာကာသထဲကို ထောင်တက်သွားတာလား။

၈။ ကားရပ်တဲ့လူကပဲ တိုက်ဆိုင်တာလား ဓာတ်ပုံဆရာကပဲ တော်နေလို့လားမသိဘူး ဆံပင်ပုံစံနဲ့ အနောက်ကသစ်ပင်က အပိုအလိုမရှိ ကွက်တိပဲ။

၉။ တစ်ဖက်အားကစားသမား ရိုက်လိုက်တဲ့ puck က မျက်နှာကို တပ်မှန်နေတာနော်။ ဒီလိုပုံရဖို့ဆိုတာ အခေါက် ၁၀၀၀မှာ တစ်ခါရဖို့ မလွယ်ဘူး။

၁၀။ တိုက်ဆိုင်လွန်းတာလား ဒါမှမဟုတ် ဘေးက ဘဲကြီးကို ကြွေလို သူ့ပုံစံကို Sticker လုပ်ပြီး laptop မှာ ကပ်ထားတာလား။

၁၁။ ခေါင်းပေါ် လောင်းချလိုက်တဲ့ ဘီယာကို အပိုအလိုမရှိ တစ်စုတစ်စည်းထဲ ခေါင်းပေါ်မှာ မြင်နေရတာနော်။ မသိရင် ဦးထုပ်ဆောင်ထားသလိုပဲ။

၁၂။ ဆပ်ပြာပူပေါင်း ပေါက်သွားတဲ့ အချိန်ခဏလေးကို အမိအရ ရိုက်လိုက်နိုင်တယ်ဆိုတော့ မင်းက မှော်ဆရာလေးများလားကွာ။

၁၃။ လှလိုက်တဲ့ အသားကပ်ခြေအိတ်လေး ဘယ်မှာ ဝယ်လို့ရနိုင်လည်း သိချင်လိုက်တာ။

၁၄။ လူကို လူပြန်စားတာတော့ မကောင်ဘူးထင်တယ်နော်။

၁၅။ တို့ဆီမှာဆို မီးနဂါး/ နတ်နဂါးဆိုပြီး အထူးအဆန်းနဲ့ ကိုးကွယ်လိုက်မဲ့ ဖြစ်ခြင်း။

၁၆။ ဖားလေးရဲ့ ခေါင်းနဲ့ ခြေထောက်နဲ့ကို စွဲဆန့်လိုက်တာလား။ တကယ်တော့ ခုန်လိုက်တဲ့အချိန်ကို ရိုက်ထားတာပါနော်။

#Lifestyle_Myanmar

#Thar_Nage

ယာဉ်မရပ်ရနေရာမှာ ရပ်လို့ လစဉ်သုံးဂွမ်းထုပ်တွေနဲ့ ကားတစ်စင်းလုံးကို ကပ်ပြီး သင်ခန်းစာပေး

LEAVE A REPLY

Please enter your comment!
Please enter your name here