လေ့လာမှုတစ်ခုအရ အမျိုးသားတွေဟာ ဖခင်ဖြစ်လာတဲ့အခါ ကိုယ်အလေးချိန်တတ်လာတယ်လို့ သိရ

0
21
- Advertisement -

မိခင်လောင်းတွေဟာ ၉လကြာကိုယ်ဝန်ဆောင်နေစဉ်မှာ ၃၅ပေါင် တိုးလာနိုင်ပြီးကလေးမွေးပြီးနောက်မှာ ကိုယ်အလေးချိန်ကျလာလေ့ရှိပါတယ်။ သို့သော် သုတေသနပြုချက်တွေအရ ဖခင်လောင်းတွေဟာ ကိုယ်အလေးချိန်တတ်လာပြီး ခါးပိုတုတ်လာကြောင်း တွေ့ရပါတယ်။ ဒါကို သုတေသီတွေက ဘယ်လိုရှာတွေ့ခဲ့တာလဲ?

-Advertisement-

ဖခင်တစ်ယောက် ဖြစ်လာခြင်းဟာ အိပ်စက်ချိန်နည်းပါးခြင်းနှင့် ပိုပြီးတာဝန်ယူရခြင်းကနေ ချစ်ခြင်းမေတ္တာ လွှမ်းမိုးမှု အမျိုးအစားအသစ်ကို ကြုံရတဲ့အထိ အမျိုးသားတွေရဲ့ ဘဝပေါ် သိသိသာသာအကျိုးသက်ရောက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ Northwestern တက္ကသိုလ်မှ Dr. Craig F. Garfield ကောက်ယူတဲ့ လေ့လာမှုအရ အမျိုးသားအများစုဟာ ပထမဆုံးကလေးမွေးပြီးနောက်မှာ ကိုယ်အလေးချိန်တတ်လာကြောင်း အတည်ပြုခဲ့ပါတယ်။

volunteer အမျိုးသား ၁၀၂၅၄ယောက်ဟာ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀အရွယ်နှင့် အသက် ၃၀မတိုင်ခင်အထိ ဒီလေ့လာမှုမှာ ပါဝင်ခဲ့ပါတယ်။ သုတေသနကို ၁၉၉၄ခုနှစ်မှာ စတင်ခဲ့ပြီး ထိုအချိန်က ပါဝင်ခဲ့တဲ့ volunteer တွေဟာ ၁၂နှစ်အရွယ်တွေဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တွင် ၃၂နှစ်ပြည့်တဲ့အထိ ကျွမ်းကျင်သူတွေဟာ volunteer တွေရဲ့ ကိုယ်အလေးချိန်၊ အိမ်ထောင်ရေးအခြေအနေနှင့် သူတို့ရရှိသော ကလေးအရေအတွက်ကို နှစ်၂၀ကြာ လေ့လာခဲ့ပါတယ်။

အနှစ် ၂၀အကြာမှာ သုတေသီများက သတင်းအချက်အလက်တွေကို စုဆောင်းပြီး ဆန်းစစ်ခြင်းအားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဟာဖခင်ဖြစ်လာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဒေါက်တာဂါဖီးက အမျိုးသားတွေဟာ သူတို့ရဲ့ အသက်အရွယ်နှင့်အတူ ဇီဝဖြစ်ပျက်မှုဟာ နှေးကွးတာကြောင့် သဘာဝအရ ကိုယ်အလေးချိန်တတ်လာကြောင်း ရှင်းပြခဲ့ပေမယ့် BMI သိသိသာသာတိုးလာတဲ့ အမျိုးသားတွေဟာ ဖခင်တွေဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွေရှိခဲ့ပါတယ်။ ပိုပြီး တိကျစွာ ပြောရလျှင် သားဦးဖခင်တွေဟာ သူတို့ရဲ့ ကလေးမွေးပြီးတာနှင့် ချက်ချင်း ၄.၅ပေါင်ကျော်လာနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကလေးမရှိတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာ (သို့) ကိုယ်အလေးချိန် နည်းသွားမျိုးဖြစ်တယ်လို့ နှစ် ၂၀လေ့လာမှုအရ တွေ့ရပါတယ်။

ကိုယ်အလေးချိန်တတ်လာခြင်း နောက်ကွယ်မှ အကြောင်းရင်းများ

ဖခင်လောင်းတွေ ဘာ့ကြောင့် ကိုယ်အလေးချိန်တတ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို လေ့လာမှုမပြုခဲ့သော်လည််း ဒေါက်တာ ဂါဖီးက သူတို့ရဲ့လူနေမှုပုံစံနှင့် ပုံမှန်အလေ့အထ ပြောင်းလဲမှုတွေကြောင့်လို့ ယုံကြည်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ ပထမဆုံးအကြိမ် ကလေးရလာတဲ့အခါ သူ့မိသားစုက သူ့ရဲ့ ဦးစားပေးဖြစ်လာပါတယ်။
တာဝန်အသစ်တွေဟာ သူယခင်က ကိုယ့်ကိုယ်ကို ဂရုစိုက်မှုတွေကို အာရုံပြောင်းသွားစေနိုင်ပါတယ်။ ယခင်ကလို လမ်းလျှာက်ထွက်တာတွေ၊ အားကစားရုံသွားတာတွေ ရပ်တန့်သွားပြီး ယခင်က ကျန်းမာစွာ စားသောက်ခဲ့ပေမယ့် ကလေးရလာတဲ့အခါ အဆင်ပြေသလို စားရတာတွေ ဖြစ်လာပါတယ်။
လေ့လာမှုတွေမှာ အမျိုးသားတစ်ယောက်ဟာ မိဘတစ်ယောက်ဖြစ်လာတဲ့အခါ အကျင့်ကောင်းတွေကို စွန့်ပစ်ခြင်း (သို့) အန္တရာယ်ဖြစ်စေတဲ့ အကျင့်ဆိုးတွေကို စတင်ခြင်းစတဲ့ အန္တရာယ်တွေကို မီးမောင်းထိုးပြထားပါတယ်။ ကိုယ်အလေးချိန်တတ်လာခြင်းက ကိုလက်စထရောနှင့် နှလုံးပြဿနာများကို မြင့်တတ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဖခင်လောင်းတွေအနေနဲ့ extra weight မတတ်အောင် ကျန်းမာသော လူနေမှုပုံစံကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here