လေ့လာမှုတစ်ခုအရ သင့်အိမ်ထဲက လေဟာ အပြင်ဘက်က လေထက် ဘာကြောင့် ပိုညစ်ညမ်းရတယ်ဆိုတဲ့ အကြောင်းရင်း
0
41
လေထုညစ်ညမ်းမှု အကြောင်းကို သင် ကြားရတဲ့အခါ သင့်စိတ်ထဲမှာ ပေါ်လာတဲ့အရာက စက်ရုံမီးခိုးနှင့် ကားအိပ်ဇောက ထွက်တဲ့ မီးခိုးတို့ပဲ ဖြစ်ပါတယ်။ သို့သော် ညစ်ပတ်နေတဲ့ အိမ်တွင်းလေများက ပြင်ပလေထုညစ်ညမ်းမှုလိုပဲ ဆိုးရွားတဲ့အပြင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဟုတ်ပါတယ်။ သင်ဒီဆောင်းပါးကို ဖတ်ပြီးတဲ့အခါ သင့်အိမ်တွင်း၊ အလုပ်နေရာ၊ အားကစားရုံအတွင်းက လေထုဟာ အပြင်ဘက်ရှိလေထက် ပိုပြီး အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။
ဒီလေ့လာမှုအရ မိုးလုံလေလုံလေထုဟာ ပြင်ပရှိလေထက် ပိုပြီးညစ်ညမ်းနိုင်ပါတယ်။ လူအများစုဟာ သူတို့ ဘဝရဲ့ ၉၀%ခန့်ကို ၎င်းတို့ရဲ့ နေအိမ်၊ ကျောင်း၊ အလုပ်၊ လူအများစုရှိတဲ့ ရုံးတွင်းပတ်ဝန်းကျင် စတဲ့ မိုးလုံလေလုံ နေရာတွေမှာ သုံးစွဲကြောင်း ခန့်မှန်းခဲ့ပါတယ်။ သင့်အိမ်အတွင်းရှိ လေထုဟာ များသောအားဖြင့် မော်တော်ယာဉ်၊ စက်ရုံတွေကလာတဲ့ လေထုလိုပဲ ပြင်ပလေထုညစ်ညမ်းမှုတွေ ရောနေပါတယ်။
နောက်တစ်ခုက လောင်ကျွမ်းစေတဲ့ အရင်းအမြစ်တွေ(ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ အမွှေးတိုင်)၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ပရိဘောဂတွေနဲ့ အီလက်ထရောနစ်ပစ္စည်းများမှ ထုတ်လွှတ်မှုတွေဟာ အိမ်တွင်းညစ်ညမ်းမှုဖြစ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ အစိုဓါတ်၊ သန့်ရှင်းရေးထုတ်ကုန်များနှင့် ဓါတုပစ္စည်းများကလည်း အလွန်အန္တရာယ်များပြီး သင့်နေထိုင်တဲ့နေရာမှ လေထုကို ညစ်ညမ်းစေပါတယ်။
လေထုညစ်ညမ်းရတဲ့ နောက်အကြောင်းရင်းတစ်ခုက ဆေးလိပ်သောက်သူများနှင့် အိမ်မွေးတိရိစ္ဆာန်တွေကဲ့သို့သော နေထိုင်သူများကြောင့် ဖြစ်ပါတယ်။ ဒါတွေက လူအများစုဟာ နေ့စဉ်နေ့တိုင်း ညစ်ညမ်းတဲ့ လေကို ရှုနေရတဲ့ အန္တရာယ်ဖြစ်နေကြောင်း ပြသနေပါတယ်။ ထို့အပြင် လေထုမကောင်းခြင်းက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားနေရသော ထိခိုက်လွယ်တဲ့ အုပ်စုတွေအတွက် ပိုမိုဆိုးရွားစေပါတယ်။
ဒီလေ့လာမှုက ညစ်ညမ်းသော အတွင်းလေဟာ ပြင်ပလေထက် ကလေးတွေကို ပိုမိုသက်ရောက်မှုရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ်ဟာ လေထုညစ်ညမ်းမှုရဲ့ အဓိကပစ်မှတ်ဖြစ်ပြီး ကလေးတစ်ယောက်အတွက် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာတွေ အမြင့်ဆုံးဖြစ်တဲ့ ဒုတိယအုပ်စုက သက်ကြီးရွယ်အိုတွေပဲ ဖြစ်ပါတယ်။ ဥရောပအဆုတ်ဖောင်ဒေးရှင်းရဲ့ လေ့လာချက်တစ်ခုအရ ဘိုးဘွားရိပ်သာတွေရှိ အိမ်တွင်း လေထုညစ်ညမ်းမှုက သက်ကြီးရွယ်အိုတွေရဲ့ အသက်ရှုလမ်းကြောင်းစနစ်ပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ Air Quality Index ကျဆင်းမှုက သင့်ရဲ့ ကုန်ထုတ်စွမ်းအားကို ၅% လျှော့ချနိုင်တယ်လို့ ဒီလေ့လာမှုမှာ အတည်ပြုထားပါတယ်။ ဒါ့ကြောင့် ညစ်ညမ်းတဲ့လေထုက ကျွန်တော်တို့အတွက် ဆိုးကျိုးတွေ ရှိပါတယ်။
ကျွမ်းကျင်သူများက သဘာဝပတ်ဝန်းကျင် အာရုံခံကိရိယာတွေ တပ်ဆင်ဖို့ အကြံပြုထားပါတယ်။ သူတို့က ကျွန်တော်တို့ရှုရှိုက်နေတဲ့ လေထုရဲ့ အရည်အသွေးကို ခြေရာခံနိုင်ပြီး ကျွန်တော်တို့ ရှုရှိုက်နေတဲ့လေထုနှင့် ပတ်သတ်ပြီး အရေးကြီးတဲ့ သတင်းအချက်လက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းက ဘယ်အချိန်မှာ တိုက်ဖျက်ရမလဲဆိုတာကို တွက်ချက်နိုင်ပါတယ်။ အိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ ကျောင်းအတွင်းရှိ လေထုအရည်အသွေးကို တိုးတတ်စေဖို့ အခြားအရာများကိုလည်း လုပ်နိုင်ပါတယ်။
၁။ လေဝင်လေထွက်က အိမ်တွင်းလေထုအရည်အသွေးကို တိုးတတ်စေဖို့ အဓိကသောချက်ဖြစ်ပါတယ်။ (အပူပေးစက်၊ လေဝင်လေထွက်နှင့် လေအေးပေးစက်)HVAC system ကို စနစ်တကျ တပ်ဆင်ထားမယ်ဆိုရင် လေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် မီးလောင်လွယ်သော ပစ္စည်းကိရိယာများရဲ့ ဘေးမှာ လေဝင်လေထွက်ကောင်းတဲ့ အပေါက်တွေ ရှိပါစေ၊ ၎င်းကို အမြဲသန့်ရှင်းအောင် ထားပါ။
၂။ အဝတ်အခြောက်ခံစက်ကို အပြင်ထုတ်ထားသင့်ပါတယ်။
၃။ သင်နေထိုင်ရာနေရာမှာ ဓါတ်ဆီ ၊ သန့်ရှင်းရေးကိရိယာများ၊ ပိုးသတ်ဆေးများ၊ ဓါတုပစ္စည်း ဘယ်အမျိုးအစားမဆို သိုလှောင်မထားသင့်ပါဘူး။
၄။ အိမ်တွင်းမှာ အသားငါးကင်တာ၊ စီးကရက်နှင့် ဖယောင်းတိုင် ကဲ့သို့သော အရာတွေကို ကန့်သတ်ပါ။
၅။ ဓါတုပစ္စည်းတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ၊ ပျော်ရည်တွေနှင့် သန့်ရှင်းရေးလုပ်တဲ့အခါ ပြတင်းပေါက်များကို ဖွင့်ထားပါ။
၆။ ရေချိုးခန်းအိပ်ဇာပန်ကာကို ရေချိုးပြီးနောက် မိနစ် ၆၀ခန့်မှာ လည်ပတ်သင့်ပါတယ်။
၇။ လေထုထဲမှ အမှိုက်တွေကို ကာကွယ်ဖို့ particle filter သို့မဟုတ် air cleanerတွေကလည်း အရေးပါပါတယ်။ ဒီအကြောင်းအရာနှင့် ပတ်သတ်တဲ့ သတင်းအချက်အလက်တွေအများကြီးကို မျှဝေပေးလိုက်တာကြောင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ပိုမိုသိရှိ နားလည်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
Zawgyi
Lifestyle_Myanmar
LM_Nandar
Source-brightside
LEAVE A REPLY
Please enter your comment!
Please enter your name here