လေ့ကျင့်ခန်းလုပ်ပြီး အချည်းနှီးမဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အယူအဆအမှားတွေ

0
1215

ကိုယ်လုံးကိုယ်ပေါက်လှပကျစ်လစ်မှုက သင့်ကို ၁၀၀% စွဲဆောင်မှုရှိစေပါတယ်။ ဒါ့ကြောင့် အချိုးအစားမှန်ကန်ပြီးလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် မပြုလုပ်သင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေတော့သိထားဖို့လိုအပ်ပါတယ်။

၁။ အချိန်ကြာရှည်စွာပြေးလွှားခြင်း/လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်ခြင်း

ဘယ်အရာမဆို အလွန်အကျွံပြုလုပ်တာက သင့်အတွက် ဘေးထွက်ဆိုးကျိုးတွေကို ဆင့်ပွားဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်မာရေးအတွက်ရော သင့်ရဲ့ ခန္ဓာကိုယ်အချိန်အစားကျစ်လစ်လှပဖို့အတွက် အပြေးလေးကျင့်ခန်းလုပ်တဲ့အခါမှာ အချိန်အကြာကြီး အပြန်အထန်ပြုလုပ်ဖို့မလိုအပ်ပါဘူး။ ပြေးစက်ပေါ်မှာ ၁နာရီပြေးခြင်းထက် အပြင်မှာ နာရီဝက်အပြေးလေ့ကျင့်ခန်းပြုလုပ်တာက သင့်ရဲ့နှလုံးကိုလည်း ကောင်းမွန်မှုရှိသလို ခန္ဓာကိုယ်အချိုးအစားကျဖို့လည်း အရမ်းကိုထိရောက်မှုရှိစေပါတယ်။

၂။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီး ကောင်းမွန်တဲ့ကျန်မာရေးရရှိနိုင်ရန်

ကယ်လိုရီကျဆင်းစေတဲ့ အစားအစာတွေက သင့်အတွက် နှလုံးကောင်းမွန်ခြင်း၊ အိုမင်းခြင်းကိုနှေးကွေးစေခြင်း နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်တာဆီးပေးနိုင်ပါတယ်။ ထိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် တကယ့်လိုအပ်တဲ့ ပရိုတိန်းနဲ့၊ အဆီနဲ့ ကာဘိုဟိုက်ဒရိတ်များပါဝင်ပါတယ်။ ဆော်လမွန်ငါး၊ ထောပတ်သီး စတဲ့ အစားအစာတွေကနေ သင့်ခန္ဓာကိုယ်အတွက် ကျန်မာရေးနဲ့ကိုက်ညီမှုရှိတဲ့ အဆီတွေရရှိနိုင်မှာဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်နေစဉ် အချိုရည်သောက်သုံးခြင်း

လေ့ကျင့်ခန်ကို အပြင်းအထန်ပြုလုပ်နေစဉ်အတွင်း ဒါမှမဟုတ် လေ့ကျင့်ခန်လုပ်ပြီးတဲ့အခါမျိုးမှာ အချိုရည်သောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အချိုရည်ထဲမှာ သတ္တုဓာတ်တွေအပြင် များစွာသော သကြားဓာတ် ပမာဏတွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပြုလုပ်လျှင် ရေပဲသောက်သုံးတာသင့်အတွက် အဆင်ပိုပြေပါလိမ့်မယ်။

၄။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ရေမသောက်သုံးခြင်း

လူတော်တော်များများက လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ဒါမှမဟုတ် အားကစားတစ်ခုခုပြုလုပ်တဲအခါ ရေသောက်သုံးမှုကို သိပ့်မကြိုက်ပေမဲ့ ဒီအချက်က အမှားလို့ပဲ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ချွေးအရမ်းထွက်ပြီး သင့်အတွက် ရေဓာတ်ဆုံးရှံူးမှုကို များစွာဖြစ်ပေါ်ပါတယ်။ ထိုကဲ့သို့ ရေဓာတ်လိုအပ်နေတဲ့အခါမျိုးမှာ သင်က ရေဓာတ် လုံလုံလောက်လောက်မဖြည့်ဆည်းပေးပါက သင့်ခန္ဓာကိုယ်မှ ရေဓာတ်လိုအပ်တဲ့ အစိတ်အပိုင်းတွေက ပျက်စီးဆုံးရှံူးမှုများစွာဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ အားကစားလုပ်တဲ့အခါမျိုးမှာ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

၅။ အစားအစာအလွန်အကျွံစားသုံးခြင်း

ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်နေသူဟာ အစားအသောက် အရမ်းစားသုံးပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသူအတွက်ကတော့ အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းစောက်ရှောင်ဖို့ ဒါမှမဟုတ် ကိုယ်အလေးချိန်ကျဖို့ဆိုလျှင် မိမိဘက်ကလည်း ကယ်လိုရီတက်က်စေမဲ့ အစားအစာမျိုးကို မစားသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ကို ပျင်းမျှ ၁နာရီခန့် လေ့ကျင့်ခန်းပြုလုပ်သူဟာ 500 kcal သာ ဆုံးရှုံးမှုရှိတာကြောင့် သင့်အနေနဲ့ ဝိတ်ကျချင်ရင်တော့ အစားအသောက်ဆင်ခြင်ရမှာဖြစ်ပါတယ်။

၆။ လေ့ကျင့်ခန်းပြီးမှ အစားအစာအလွန်စားသုံးခြင်း

သင့်အစာအိမ်ကောင်းစွာအလုပ်လုပ်ဖို့အတွက် လေ့ကျင့်ခန်းကို မသွားခင် ၂နာရီလောက် အစာစားခြင်းကိုပြုလုပ်ထားပါ။ ထိုလေ့ကျင့်ခန်းပြုလုပ်နေစဉ် ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေအတွက် ထိုအစာကပြန်လည်ဖြည့်တင်းပေးပြီး လေ့ကျင့်ခန်းကို ကောင်းကောင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် လေ့ကျင့်ခန်းမပြုလုပ်ခင် ဘာအစာမှမစားဘဲ လေ့ကျင့်ခန်းပြီးမှာ အလွန်အကျွံစားသုံးခြင်းက သင့်အတွက် အချည်းနှီးပဲဖြစ်ပါလိမ့်မယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

ေလ့က်င့္ခန္းလုပ္ၿပီး အခ်ည္းႏွီးမျဖစ္ေအာင္ ေရွာင္ၾကဥ္သင့္တဲ့ အယူအဆအမွားေတြ
ကိုယ္လုံးကိုယ္ေပါက္လွပက်စ္လစ္မွုက သင့္ကို ၁၀၀% စြဲေဆာင္မွုရွိေစပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳးအစားမွန္ကန္ၿပီးလွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ဖို႔အတြက္ မျပဳလုပ္သင့္တဲ့ ေဆာင္ရန္ေရွာင္ရန္ေလးေတြေတာ့သိထားဖို႔လိုအပ္ပါတယ္။

၁။ အခ်ိန္ၾကာရွည္စြာေျပးလႊားျခင္း/ေလ့က်င့္ခန္း အျပင္းအထန္ျပဳလုပ္ျခင္း
ဘယ္အရာမဆို အလြန္အကၽြံျပဳလုပ္တာက သင့္အတြက္ ေဘးထြက္ဆိုးက်ိဳးေတြကို ဆင့္ပြားျဖစ္လာနိုင္ပါတယ္။ ဒါ့ေၾကာင့္ က်န္မာေရးအတြက္ေရာ သင့္ရဲ့ ခႏၶာကိုယ္အခ်ိန္အစားက်စ္လစ္လွပဖို႔အတြက္ အေျပးေလးက်င့္ခန္းလုပ္တဲ့အခါမွာ အခ်ိန္အၾကာႀကီး အျပန္အထန္ျပဳလုပ္ဖို႔မလိုအပ္ပါဘူး။ ေျပးစက္ေပၚမွာ ၁နာရီေျပးျခင္းထက္ အျပင္မွာ နာရီဝက္အေျပးေလ့က်င့္ခန္းျပဳလုပ္တာက သင့္ရဲ့ႏွလုံးကိုလည္း ေကာင္းမြန္မွုရွိသလို ခႏၶာကိုယ္အခ်ိဳးအစားက်ဖို႔လည္း အရမ္းကိုထိေရာက္မွုရွိေစပါတယ္။

၂။ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းၿပီး ေကာင္းမြန္တဲ့က်န္မာေရးရရွိနိုင္ရန္
ကယ္လိုရီက်ဆင္းေစတဲ့ အစားအစာေတြက သင့္အတြက္ ႏွလုံးေကာင္းမြန္ျခင္း၊ အိုမင္းျခင္းကိုေႏွးေကြးေစျခင္း နဲ႔ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါေတြကို ကာကြယ္တာဆီးေပးနိုင္ပါတယ္။ ထိုအစားအစာေတြမွာ ခႏၶာကိုယ္အတြက္ တကယ့္လိုအပ္တဲ့ ပရိုတိန္းနဲ႔၊ အဆီနဲ႔ ကာဘိုဟိုက္ဒရိတ္မ်ားပါဝင္ပါတယ္။ ေဆာ္လမြန္ငါး၊ ေထာပတ္သီး စတဲ့ အစားအစာေတြကေန သင့္ခႏၶာကိုယ္အတြက္ က်န္မာေရးနဲ႔ကိုက္ညီမွုရွိတဲ့ အဆီေတြရရွိနိုင္မွာျဖစ္ပါတယ္။

၃။ ေလ့က်င့္ခန္းလုပ္ေနစဥ္ အခ်ိဳရည္ေသာက္သုံးျခင္း
ေလ့က်င့္ခန္ကို အျပင္းအထန္ျပဳလုပ္ေနစဥ္အတြင္း ဒါမွမဟုတ္ ေလ့က်င့္ခန္လုပ္ၿပီးတဲ့အခါမ်ိဳးမွာ အခ်ိဳရည္ေသာက္သုံးျခင္းက သင့္ခႏၶာကိုယ္အတြက္ ေဘးထြက္ဆိုးက်ိဳးေတြရရွိနိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါ အခ်ိဳရည္ထဲမွာ သတၱဳဓာတ္ေတြအျပင္ မ်ားစြာေသာ သၾကားဓာတ္ ပမာဏေတြ ပါဝင္ေနတာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းျပဳလုပ္လၽွင္ ေရပဲေသာက္သုံးတာသင့္အတြက္ အဆင္ပိုေျပပါလိမ့္မယ္။

၄။ ေလ့က်င့္ခန္းျပဳလုပ္တဲ့အခါ ေရမေသာက္သုံးျခင္း
လူေတာ္ေတာ္မ်ားမ်ားက ေလ့က်င့္ခန္းျပဳလုပ္တဲ့အခါ ဒါမွမဟုတ္ အားကစားတစ္ခုခုျပဳလုပ္တဲအခါ ေရေသာက္သုံးမွုကို သိပ့္မႀကိဳက္ေပမဲ့ ဒီအခ်က္က အမွားလို႔ပဲ ဆိုရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေလ့က်င့္ခန္းျပဳလုပ္တဲ့အခါ ေခၽြးအရမ္းထြက္ၿပီး သင့္အတြက္ ေရဓာတ္ဆုံးရွံူးမွုကို မ်ားစြာျဖစ္ေပၚပါတယ္။ ထိုကဲ့သို႔ ေရဓာတ္လိုအပ္ေနတဲ့အခါမ်ိဳးမွာ သင္က ေရဓာတ္ လုံလုံေလာက္ေလာက္မျဖည့္ဆည္းေပးပါက သင့္ခႏၶာကိုယ္မွ ေရဓာတ္လိုအပ္တဲ့ အစိတ္အပိုင္းေတြက ပ်က္စီးဆုံးရွံူးမွုမ်ားစြာျဖစ္ေပၚနိုင္ပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္း ျပဳလုပ္တဲ့အခါ အားကစားလုပ္တဲ့အခါမ်ိဳးမွာ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းဖို႔လိုပ္ပါတယ္။

၅။ အစားအစာအလြန္အကၽြံစားသုံးျခင္း
ပုံမွန္ေလ့က်င့္ခန္းေတြ ျပဳလုပ္ေနသူဟာ အစားအေသာက္ အရမ္းစားသုံးပါတယ္။ ဒါေပမဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းသူအတြက္ကေတာ့ အလြန္အကၽြံစားသုံးျခင္းကို ေရွာင္ၾကဥ္ရပါမယ္။ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေစာက္ေရွာင္ဖို႔ ဒါမွမဟုတ္ ကိုယ္အေလးခ်ိန္က်ဖို႔ဆိုလၽွင္ မိမိဘက္ကလည္း ကယ္လိုရီတက္က္ေစမဲ့ အစားအစာမ်ိဳးကို မစားသုံးသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေန႔ကို ပ်င္းမၽွ ၁နာရီခန္႔ ေလ့က်င့္ခန္းျပဳလုပ္သူဟာ 500 kcal သာ ဆုံးရွုံးမွုရွိတာေၾကာင့္ သင့္အေနနဲ႔ ဝိတ္က်ခ်င္ရင္ေတာ့ အစားအေသာက္ဆင္ျခင္ရမွာျဖစ္ပါတယ္။

၆။ ေလ့က်င့္ခန္းၿပီးမွ အစားအစာအလြန္စားသုံးျခင္း
သင့္အစာအိမ္ေကာင္းစြာအလုပ္လုပ္ဖို႔အတြက္ ေလ့က်င့္ခန္းကို မသြားခင္ ၂နာရီေလာက္ အစာစားျခင္းကိုျပဳလုပ္ထားပါ။ ထိုေလ့က်င့္ခန္းျပဳလုပ္ေနစဥ္ ဆုံးရွုံးသြားတဲ့ စြမ္းအင္ေတြအတြက္ ထိုအစာကျပန္လည္ျဖည့္တင္းေပးၿပီး ေလ့က်င့္ခန္းကို ေကာင္းေကာင္းျပဳလုပ္နိုင္မွာျဖစ္ပါတယ္။ ဒါမွမဟုတ္ ေလ့က်င့္ခန္းမျပဳလုပ္ခင္ ဘာအစာမွမစားဘဲ ေလ့က်င့္ခန္းၿပီးမွာ အလြန္အကၽြံစားသုံးျခင္းက သင့္အတြက္ အခ်ည္းႏွီးပဲျဖစ္ပါလိမ့္မယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here