လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်အဆီကို လောင်ကျွမ်းစေနိုင်သော ကပ်ခွာတစ်ခုကို တီထွင်ခဲ့ကြတဲ့ စင်္ကာပူမှ သိပ္ပံပညာရှင်များ

0
186

လူတွေဟာ diet နှင့် လေ့ကျင့်ခန်းတွေ မလုံလောက်တော့တဲ့အခါ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ် ကျန်းမာရေးကို မြှင့်တင်ဖို့ ဖောက်ထွက် တွေးလေ့ရှိကြပါတယ်။ မကြာသေးခင်က စင်ကာပူမှ သိပ္ပံပညာရှင်တွေဟာ ခန္ဓာကိုယ်မှ အဆီတွေကို တိုက်ရိုက်ပစ်မှတ်ထားခြင်းဖြင့် ကိုယ်အလေးချိန်ကျစေဖို့ ကိရိယာအသစ်တစ်ခုကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီသတင်းဟာ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကိုယ်အလေးချိန်ကျချင်သူတွေ၊ အဝလွန်နေတဲ့ သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်နိုင်တာကြောင့် မျှဝေပေးလိုက်ပါတယ်နော်။

-Advertisement-

အနာကပ်ပလာစတာတစ်ခုလို ကပ်ရ လွယ်ပြီး လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့ ကပ်ခွာ တစ်ခုကို စင်ကာပူ ဓါတုဗေဒနှင့် ဇီဝဗေဒဆေးပညာ အင်ဂျင်နီယာ ပါမောက္ခ Chen Peng နှင့် Nanyang နည်းပညာ တက္ကသိုလ်ပါမောက္ခ Xu Chenjie တို့က တီထွင်ခဲ့ကြပါတယ်။

ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ ပစ္စည်းများစွာရဲ့ ပြဿနာတစ်ခုက အလွယ်တကူ ဖြည့်စွက်နိုင်တဲ့ ခန္ဓာကိုယ်အဆီကို မဟုတ်ဘဲ ရေအလေးချိန်ကို ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒီကပ်ခွာက ခန္ဓာကိုယ်အဆီကို တိုက်ရိုက် ပစ်မှတ်ထားပါတယ်။ ဒီကိရိယာဟာ ခန္ဓာကိုယ်မှာ ကယ်လိုရီ သိုလောင်တဲ့ အဖြူရောင်အဆီဆဲလ်များကို ခန္ဓာကိုယ်က အပူထုတ်လုပ်မှုကို အသုံးပြုပြီး လောင်ကျွမ်းတဲ့ အညိုရောင်အဆီဆဲလ်တွေအဖြစ်သို့ ပြောင်းလဲပေးဖို့ အထောက်အကူပြုတဲ့ microneedles လေးတွေကိုအသုံးပြုထားပါတယ်။ ယခင်က အလားတူအကျိုးသက်ရောက်မှုကို ရရှိဖို့ လူတွေဟာ cryotherapy(အအေးဓါတ်) ကုထုံးကို အသုံးပြုခဲ့ကြပါတယ်။

ဒီကပ်ခွာကို ကြွက်တွေမှာ စမ်းသပ်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ အဖြူရောင်အဆီမှ အညိုရောင်အဆီသို့ ပြောင်းလဲခြင်းသာမက အဝလွန်ကြွက်တွေမှာ ကိုယ်အလေးချိန်များပြားလာခြင်းကို တားဆီးနိုင်ခဲ့ပါတယ်။

ယနေ့အချိန်မှာ အဝလွန်လူနာတွေဟာ ခန္ဓာကိုယ်အဆီကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆေးကုသမှု အမျိုးမျိုး ရှိကြပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိနေကြဆဲပါ။ Chen ရဲ့အဆိုအရ ဒီကပ်ခွာဟာ အသုံးပြုဖို့ ပိုလွယ်ယုံသာမက အလားတူ တခြားကပ်ခွာများထက် ပါဝင်ပစ္စည်းသုံးတာ နည်းတယ်လို့ ဆိုထားပါတယ်။ ၎င်းဟာ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် လူနာများ တွေ့ကြုံရနိုင်တဲ့ ဘေးထွက်ဆိုးကျိုး နှစ်ခုစလုံးကို လျော့နည်းစေပါတယ်။

အဝလွန်ခြင်းဟာ လူတန်းစားအသီးသီးပေါ်မှာ သက်ရောက်မှုရှိပြီး ဆီးချိုရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေလို ပြင်းထန်တဲ့ အကျိုးဆက်များကို ဖြစ်ပေါ်စေပါတယ်။ ယူနိုက်တတ်စတိတ်က လေ့လာမှုများအရ အဝလွန်နေတဲ့သူတွေ၊ အဝလွန်တာ ခံစားနေရသူများဟာ လတ်ဆတ်ပြီး ကျန်းမာတဲ့ အစားအစာများကို လက်လှမ်းမမှီတာကြောင့် သူတို့ပြဿနာတွေကို ဆင်းရဲမှုအပေါ် အပြစ်တင်ကြတယ်လို့ ဆိုပါတယ်။ အလားတူပဲ ဆင်းရဲနွမ်းပါးမှုနှင့် လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံအကြားမှာ ဆက်စပ်မှုရှိပုံလည်း ရပါတယ်။ ဒါ့အပြင် လူအများစုဟာ ကိုယ်အလေးချိန်ကို ထိခိုက်စေနိုင်သော မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများလည်း ကြုံတွေ့ရပါတယ်။
#Lifestyle_Myanmar

LM_Nandar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here