လေယာဥ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေခိုက်မှာ မလုပ်မိအောင် သတိထားသင့်တဲ့ အချက်လေးတွေ

0
107

လေယာဥ်စီးတယ်ဆိုတာဟာ ပြောသလောက်မလွယ်ကူသလို ဘက်ပေါင်းစုံကနေလည်း စိတ်ဖိစီးမှုမျိုးစုံကို ကြုံတွေ့ရတတ်ပါတယ်။ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားရမှာဖြစ်သလို၊ အထုပ်အပိုးပြင်ရမယ်၊ လေဆိပ်ကို အချိန်မှီရောက်ရမယ်၊ လိုအပ်တဲ့ လုပ်ငန်းစဥ်တွေအားလုံးကိုလည်း ဖြတ်သန်းရမယ် စသဖြင့် ကိစ္စမျိုးစုံဟာ အမြဲတမ်းသွားလာနေတဲ့ ခရီးသွားတွေကိုတောင် တစ်ခါတစ်လေ ခေါင်းမူးစေနိုင်ပါတယ်။

ဘယ်လောက်ပဲ အခက်အခဲရှိရှိ ခရီးသွားရတာ မကြိုက်တဲ့လူမရှိတာကြောင့် လေဆိပ်ရောက်တဲ့အခါ သင်ပြုလုပ်မိနိုင်တဲ့ အမှားတစ်ချို့ကို ထောက်ပြပေးချင်ပါတယ်။

၁။ စာရွက်စာတမ်းတွေကို အိတ်သေးသေးထဲမှာထည့်ခြင်း

တစ်ချို့လူတွေက သူတို့သွားလေရာကို သယ်ဆောင်သွားနိုင်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံကို အိတ်သေးသေးလေးထဲမှာ ထည့်လေ့ရှိကြပါတယ်။ ဒီလိုအိတ်သေးသေးလေးတွေများလာလေ အားလုံးကိုမျက်စိဒေါက်ထောက်ကြည့်ဖို့ ခက်ခဲလေပါပဲ။ ဒါ့အပြင် အိတ်တွေကသေးတဲ့အတွက်ကြောင့် တက္ကစီပေါ်မှာ သို့မဟုတ် လေဆိပ်ကကော်ဖီဆိုင်မှာ မေ့ကျန်ခဲ့ရင်တောင် သတိထားမိမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နေရာတည်းမှာ ထဲထဲဝင်ဝင်ဆံ့နိုင်မယ့် အိတ်တစ်လုံးကိုသာကိုင်ပါ။

၂။ လေဆိပ်ကိုဘယ်လိုသွားရမလဲဆိုတာ ကြိုတင်လေ့လာထားဖို့ မေ့သွားခြင်း

အကယ်လို့ကိုယ်က ကားမငှားဘဲနဲ့ ဘတ်စ်ကားစီးပြီး လေဆိပ်သွားမယ်ဆိုရင် ကြိုတင်ပြီးတော့ အချိန်ညှိတာ၊ ဘယ်လိုသွားရမလဲဆိုတာကို လေ့လာတာ စသဖြင့် စုံစမ်းထားသင့်ပါတယ်။ မဟုတ်ပါက အနားနီးတော့မှ ကားလည်းငှားမရဖြစ်သွားနိုင်ပါတယ်။

၃။ အချိန်ကိုမစီမံနိုင်ခြင်း

ထွက်ခွာရမယ့်အချိန်မတိုင်ခင် ၂ နာရီ ၃ နာရီလောက် လေဆိပ်ကိုကြိုပြီး စောစောသွားတာက မမှားပါဘူး။ ဒါပေမယ့်လည်း အရမ်းကြီးစောသွားမယ်ဆိုရင် အချိန်အကြာကြီး ငုတ်တုပ်ထိုင်နေရနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး ၁ နာရီခွဲစောစော သွားတာက အကောင်းဆုံးပါပဲ။

၄။ အွန်လိုင်း Check-in ရှိမရှိ မစစ်ဆေးခြင်း

လေကြောင်းလိုင်းအများစုဟာ အွန်လိုင်းကနေလည်း Check-in လုပ်လို့ရအောင် စီစဥ်ပေးထားကြပါတယ်။ ဒါကြောင့် လေဆိပ်မှာအကြာကြီးတန်းစီနေရတာမကြိုက်သူများအနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ လေကြောင်းလိုင်းက Check-in အွန်လိုင်း လုပ်လို့ရမရကို အရင်စစ်ဆေးကြည့်ပါ။

၅။ ခရီးဆောင်အိတ်ကို အသေပိတ်လိုက်ခြင်း

ဘာမှလုပ်စရာ၊ ယူစရာမရှိတော့ဘူးဆိုပြီး အိတ်ကိုအလုံပိတ်လိုက်ပြီဆိုကာမှ တစ်ခုခုထုတ်ထားဖို့ မေ့ကျန်ခဲ့တတ်တဲ့ ခရီးသွားသူတွေ အခုချိန်ထိ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ့်အိတ်ကိုသူခိုးရန်ကနေလည်း လွတ်အောင်၊ ထုတ်ရသိမ်းရလည်းလွယ်အောင် သော့ပါတဲ့အိတ်ကိုရွေးဝယ်ပါ။

၆။ လေယာဥ်ပေါ်မတက်ခင် မစားဖူးတဲ့ အစားအစာတွေစားခြင်း

တခြားနိုင်ငံကိုရောက်လို့ ဒေသခံအစားစာတွေကို မြည်းစမ်းကြည့်ချင်ကြတာကတော့ ထုံးစံပါပဲ။ သို့သော်လည်း လေယာဥ်ပေါ်မတက်ခင်တော့ အစားအသောက်မမှားရအောင်လို့ အရမ်းသတိထားရမှာဖြစ်ပါတယ်။ မတော်တဆ အစားမှားသွားမိမယ်ဆိုရင် ပိုက်ဆံအများကြီးအကုန်ခံထားရတဲ့ ခရီးက အလဟဿဖြစ်သွားနိုင်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside

ေလယာဥ္ေပၚတက္ဖို႔ ေစာင့္ဆိုင္းေနခိုက္မွာ မလုပ္မိေအာင္ သတိထားသင့္တဲ့ အခ်က္ေလးေတြ

ေလယာဥ္စီးတယ္ဆိုတာဟာ ေျပာသေလာက္မလြယ္ကူသလို ဘက္ေပါင္းစုံကေနလည္း စိတ္ဖိစီးမႈမ်ိဳးစုံကို ႀကဳံေတြ႕ရတတ္ပါတယ္။ အေစာႀကီးကတည္းက ႀကိဳတင္ျပင္ဆင္မႈေတြ အမ်ားႀကီးလုပ္ထားရမွာျဖစ္သလို၊ အထုပ္အပိုးျပင္ရမယ္၊ ေလဆိပ္ကို အခ်ိန္မွီေရာက္ရမယ္၊ လိုအပ္တဲ့ လုပ္ငန္းစဥ္ေတြအားလုံးကိုလည္း ျဖတ္သန္းရမယ္ စသျဖင့္ ကိစၥမ်ိဳးစုံဟာ အၿမဲတမ္းသြားလာေနတဲ့ ခရီးသြားေတြကိုေတာင္ တစ္ခါတစ္ေလ ေခါင္းမူးေစႏိုင္ပါတယ္။

ဘယ္ေလာက္ပဲ အခက္အခဲရွိရွိ ခရီးသြားရတာ မႀကိဳက္တဲ့လူမရွိတာေၾကာင့္ ေလဆိပ္ေရာက္တဲ့အခါ သင္ျပဳလုပ္မိႏိုင္တဲ့ အမွားတစ္ခ်ိဳ႕ကို ေထာက္ျပေပးခ်င္ပါတယ္။

၁။ စာ႐ြက္စာတမ္းေတြကို အိတ္ေသးေသးထဲမွာထည့္ျခင္း

တစ္ခ်ိဳ႕လူေတြက သူတို႔သြားေလရာကို သယ္ေဆာင္သြားႏိုင္ဖို႔အတြက္ လိုအပ္တဲ့စာ႐ြက္စာတမ္းေတြအားလုံကို အိတ္ေသးေသးေလးထဲမွာ ထည့္ေလ့ရွိၾကပါတယ္။ ဒီလိုအိတ္ေသးေသးေလးေတြမ်ားလာေလ အားလုံးကိုမ်က္စိေဒါက္ေထာက္ၾကည့္ဖို႔ ခက္ခဲေလပါပဲ။ ဒါ့အျပင္ အိတ္ေတြကေသးတဲ့အတြက္ေၾကာင့္ တကၠစီေပၚမွာ သို႔မဟုတ္ ေလဆိပ္ကေကာ္ဖီဆိုင္မွာ ေမ့က်န္ခဲ့ရင္ေတာင္ သတိထားမိမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ တစ္ေနရာတည္းမွာ ထဲထဲဝင္ဝင္ဆံ့ႏိုင္မယ့္ အိတ္တစ္လုံးကိုသာကိုင္ပါ။

၂။ ေလဆိပ္ကိုဘယ္လိုသြားရမလဲဆိုတာ ႀကိဳတင္ေလ့လာထားဖို႔ ေမ့သြားျခင္း

အကယ္လို႔ကိုယ္က ကားမငွားဘဲနဲ႔ ဘတ္စ္ကားစီးၿပီး ေလဆိပ္သြားမယ္ဆိုရင္ ႀကိဳတင္ၿပီးေတာ့ အခ်ိန္ညႇိတာ၊ ဘယ္လိုသြားရမလဲဆိုတာကို ေလ့လာတာ စသျဖင့္ စုံစမ္းထားသင့္ပါတယ္။ မဟုတ္ပါက အနားနီးေတာ့မွ ကားလည္းငွားမရျဖစ္သြားႏိုင္ပါတယ္။

၃။ အခ်ိန္ကိုမစီမံႏိုင္ျခင္း

ထြက္ခြာရမယ့္အခ်ိန္မတိုင္ခင္ ၂ နာရီ ၃ နာရီေလာက္ ေလဆိပ္ကိုႀကိဳၿပီး ေစာေစာသြားတာက မမွားပါဘူး။ ဒါေပမယ့္လည္း အရမ္းႀကီးေစာသြားမယ္ဆိုရင္ အခ်ိန္အၾကာႀကီး ငုတ္တုပ္ထိုင္ေနရႏိုင္ပါတယ္။ ဒါေၾကာင့္ အနည္းဆုံး ၁ နာရီခြဲေစာေစာ သြားတာက အေကာင္းဆုံးပါပဲ။

၄။ အြန္လိုင္း Check-in ရွိမရွိ မစစ္ေဆးျခင္း

ေလေၾကာင္းလိုင္းအမ်ားစုဟာ အြန္လိုင္းကေနလည္း Check-in လုပ္လို႔ရေအာင္ စီစဥ္ေပးထားၾကပါတယ္။ ဒါေၾကာင့္ ေလဆိပ္မွာအၾကာႀကီးတန္းစီေနရတာမႀကိဳက္သူမ်ားအေနနဲ႔ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ ေလေၾကာင္းလိုင္းက Check-in အြန္လိုင္း လုပ္လို႔ရမရကို အရင္စစ္ေဆးၾကည့္ပါ။

၅။ ခရီးေဆာင္အိတ္ကို အေသပိတ္လိုက္ျခင္း

ဘာမွလုပ္စရာ၊ ယူစရာမရွိေတာ့ဘူးဆိုၿပီး အိတ္ကိုအလုံပိတ္လိုက္ၿပီဆိုကာမွ တစ္ခုခုထုတ္ထားဖို႔ ေမ့က်န္ခဲ့တတ္တဲ့ ခရီးသြားသူေတြ အခုခ်ိန္ထိ အမ်ားႀကီးရွိေနပါေသးတယ္။ ဒါေၾကာင့္ ကိုယ့္အိတ္ကိုသူခိုးရန္ကေနလည္း လြတ္ေအာင္၊ ထုတ္ရသိမ္းရလည္းလြယ္ေအာင္ ေသာ့ပါတဲ့အိတ္ကိုေ႐ြးဝယ္ပါ။

၆။ ေလယာဥ္ေပၚမတက္ခင္ မစားဖူးတဲ့ အစားအစာေတြစားျခင္း

တျခားႏိုင္ငံကိုေရာက္လို႔ ေဒသခံအစားစာေတြကို ျမည္းစမ္းၾကည့္ခ်င္ၾကတာကေတာ့ ထုံးစံပါပဲ။ သို႔ေသာ္လည္း ေလယာဥ္ေပၚမတက္ခင္ေတာ့ အစားအေသာက္မမွားရေအာင္လို႔ အရမ္းသတိထားရမွာျဖစ္ပါတယ္။ မေတာ္တဆ အစားမွားသြားမိမယ္ဆိုရင္ ပိုက္ဆံအမ်ားႀကီးအကုန္ခံထားရတဲ့ ခရီးက အလဟႆျဖစ္သြားႏိုင္ပါတယ္။

Lifestyle_Myanmar

Thinzar

LEAVE A REPLY

Please enter your comment!
Please enter your name here