လေယာဥ်တစ်စီးတည်း အတူတူစီးရင်း ဆိုးရွားတဲ့ရာသီဥတုကြောင့် ချစ်သူတွေဖြစ်ခဲ့ကြတဲ့ စုံတွဲ

0
159

ကိုယ့်ရဲ့ ဖူးစာဖက်ကို ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ တွေ့မလဲဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ မထင်မှတ်ထားတဲ့ အချိန်လေးအတွင်းမှာပဲ တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားနိုင်ကြောင်းကို သူတို့စုံတွဲက သက်သေပြခဲ့ပါတယ်။ ကောင်လေးကတော့ ထိုင်ဝမ်ကဖြစ်ပြီး ကောင်မလေးက တရုတ်ပြည်မကြီးကပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့နှစ်ယောက်ဟာ လေယာဥ်တစ်စီးတည်းကို အတူတူစီးရင်း ရာသီဥတုဆိုးဝါးတဲ့အချိန်မှာ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်အားပေးရင်းနဲ့ အရမ်းကိုချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ကောင်လေးရဲ့အမည်မှာ Xu Zhewei ဖြစ်ပြီး သူ့ရဲ့ဖေ့ဘွတ်အကောင့်ကနေ သူ့ရဲ့ဘဝကို ပြောင်းလဲသွားစေတဲ့ ခရီးစဉ်လေးအကြောင်းနဲ့ ချစ်သူအသစ်စက်စက်လေးနဲ့ Rs ချိတ်တဲ့ status ကို တင်ခဲ့တာကြောင့် ဖေ့ဘွတ်သူငယ်ချင်းတွေရဲ့ ဝမ်းမြောက်မှုနဲ့ အားကျမှုကို ခံခဲ့ရပါတယ်။

-Advertisement-

Xu ရဲ့ပြောပြချက်အရ သူဟာ အလုပ်ပြုတ်ခဲ့တာကြောင့် မိခင်နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကိုပြန်လာခဲ့ပါတယ်။ လေဆိပ်မှာပဲ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဟာ အိတ်အကြီးကြီးတွေကို ဆွဲပြီး ရေးကြီးသုတ်ပြာနဲ့ ပြေးလွှားနေတာတွေ့လို့ သတိထားပြီးကြည့်မိခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ လေယာဉ်ပေါ်မှာ အဲဒီ့ကောင်မလေးဟာ သူနဲ့တစ်တန်းတည်း ထိုင်ခုံမှာထိုင်နေလို့ပါပဲ။

ထို့နောက် သူမက သူမရဲ့အိတ်ကို ခေါင်းပေါ်ကအိတ်တင်တဲ့နေရာမှာ တင်ပေးဖို့ကောင်လေးကို အကူအညီတောင်းခဲ့ပါတယ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခင်သွားတာကြောင့် ကောင်မလေးက ကောင်လေးရဲ့ဘေးခုံကို ရွှေ့လာခဲ့ပြီး သူမမှာပါတဲ့ ချယ်ရီသီးတွေကို ကျွေးခဲ့ပါတယ်။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် စကားတွေအပြန်အလှန်ပြောကြရင်း သူတို့သွားမယ့် ခရီးစဉ်ကလည်း တူညီနေတာကြောင့် အတူတူသွားဖို့ ကောင်လေးက ပြောခဲ့ပါတယ်။ ထို့နောက် လေယာဉ်စထွက်တဲ့အချိန်မှာပဲ ကောင်မလေးက ပင်ပန်းနေတာကြောင့် အိပ်ပျော်ရင်း ကောင်လေးရဲ့ပခုံးကို မှီလျက်သားဖြစ်နေခဲ့ပါတယ်။ကောင်လေးကတော့ သူမနိုးသွားမှာစိုးလို့ငြိမ်နေပေးခဲ့ပြီး မိနစ်အနည်းငယ်ကြာလို့ ရာသီဥတု စတင်ဆိုးရွားလာတဲ့အချိန်မှာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပိုမိုပူးကပ်ရင်း ကောင်လေးရဲ့လက်ကိုကောင်မလေးက အားကိုးတကြီးနဲ့ ဆုပ်ကိုင်ခဲ့ပါတယ်။

ကောင်လေးက အန္တရာယ်မရှိကြောင်းနဲ့ မစိုးရိမ်ဖို့အတွက် အားပေးရင်း သူမကိုဘာကြောင့် အလိုလိုကာကွယ်ပေးချင်နေမိတယ် ဆိုတာကို သူကိုယ်တိုင်သေချာမသိဖူးလို့ သူကဆိုပါတယ်။ သူတို့နှစ်ယောက်စီးလာတဲ့ လေယာဉ်ဟာ ချောချောမွေ့မွေ့ပဲ ဆင်းသက်နိုင်ခဲ့ပြီး သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ အကြင်နာတွေပိုခဲ့ကြပါတယ်။

သူတို့နှစ်ယောက် တွေ့ခဲ့တဲ့အချိန်ဟာ တစ်ရက်လောက်သာကြာပေမယ့် နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာ နှစ်ပေါင်းများစွာ ချစ်လာခဲ့ကြတဲ့ချစ်သူတွေလို ခံစားရကြောင်း Xu ကပြောပြပါတယ်။ ရင်ခုတ်စရာ ဇာတ်လမ်းလေးရဲ့အဆုံးမှာတော့ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားခဲ့ကြပြီး ချက်ချင်းပဲ ဖေ့ဘွတ်မှာ relationship စတေးတပ်တင်ခဲ့ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi


LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi

LEAVE A REPLY

Please enter your comment!
Please enter your name here