• Latest
  • Trending
  • All
  • News
  • Lifestyle
ခံတွင်းအနံ့နံခြင်း

လူကြားသူကြား စကားမပြောရဲအောင် နံနေတဲ့ ခံတွင်းကို ဘယ်လိုသန့်ရှင်းမလဲ

December 14, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Monday, January 30, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည်းစားဟောင်း

    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ

    မိန်းမချော့နည်း

    မိန်းမချော့နည်း

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Health & Beauty

လူကြားသူကြား စကားမပြောရဲအောင် နံနေတဲ့ ခံတွင်းကို ဘယ်လိုသန့်ရှင်းမလဲ

by Kyaw Htike Aung
December 14, 2018
in Health & Beauty
0
ခံတွင်းအနံ့နံခြင်း

ခံတွင်းအနံ့နံခြင်း

657
SHARES
328
VIEWS
Share on FacebookShare on Twitter




ADVERTISEMENT













#Lifestyle_Myanmar

#Thar_Nage

သင့်ခန္ဓာကိုယ်က ကယ်လ်ဆီယမ် ပိုပြီးလိုအပ်ကြောင်း သတိပေးနေတဲ့ လက္ခဏာ (၁၀)ခု

Unicode

သွားပိုးစားခြင်းကြောင့်ဖြစ်ပေါ်တဲ့ ဝေဒနာက ခံစားရအလွန်းခက်ခဲတဲ့အပြင် စကားပြောတဲ့အခါ ပါးစပ်မှ အနံ့ဆိုးတွေထွက်နေရင်လည်း အလွန်ရှက်ဖို့ကောင်းပါတယ်။

သဘာဝနည်းလမ်းဖြင့် ပါးစပ်ဆေးကြောဖို့အတွက်
ပူစီနံ၊ လေးညှင်းပွင့်၊ ဖာလာစေ့နဲ့ စမုံစပါးတို့က သင့်ပါးစပ်မှ အနံ့ဆိုးတွေကို ဖယ်ရှားဖို့အတွက် အလွန်ကောင်းမွန်တဲ့ သဘာဝ ဆေးတွေပဲဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ကလည်း သင့်ပါးစပ်ကို ဆေးကြောဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေဖြင့်ဖျော်ပြီး ပလုတ်ကျင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သွားတိုက်တံကို ရေစွတ်ပြီး သွားတိုက်ဆေးအစား မုန့်ဖုတ်ဆိုဒါကို ထည့်ပြီး တိုက်ခြင်း ဖြင့်လည်း သင့် ပါးစပ်ထဲရှိ အနံ့ဆိုးတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါ့အပြင် ရေထဲသို့ ပဲပင်ပေါက်/ တိုရ အရွက်ကို ထည့်ပြီး ရေနွေးကြမ်းကဲ့သို့ တစ်နေ့ကို တစ်ခွက်သောက်သုံးပေးခြင်းအားဖြင့် ပါးစပ်မှမကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးပြီး ခံတွင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများကိုလည်း သေစေနိုင်ပါတယ်။

နေ့စဉ် ရေ ၂လီတာ သောက်သုံးပေးပါ။
ရေနေ့စဉ် ၂လီတာသောက်သုံးပေးခြင်းအားဖြင့် တံတွေးကြောင့်ဖြစ်တဲ့ ဘက်တီးရီးယားပိုးကြီးထွားနှုန်းကို လျော့ချပေးပြီး တံတွေးဂလင်းကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ ညဘက်မှာ ဘတ်တီးရီးယားပိုးမွှားများဖြစ်ပေါ်တတ်တာကြောင့် ညဘက်အိပ်တဲ့အခါ သကြားဓာတ်ပါဝင်တဲ့ အစားအသောက်များကို ရှောင်ကြဉ်သင့်ပါတယ်။ ရေပုံမှန်သောက်သုံးခြင်းကြောင့် သင့်ဝမ်းကို မှန်စေပါတယ်။ ဝမ်းချုပ်တတ်တဲ့သူ ရေလုံလုံလောက်လောက်မသောက်သုံးတဲ့အခါ ဝမ်းပိုချုပ်တတ်ပြီး စကားပြောတဲ့အခါမှာလည်း ဝမ်းထဲမှာ အပူ အပုတ် အညစ်အကြေးတွေ ခိုအောင်နေတာကြောင့် အရမ်းနံပါတယ်။ ဒါ့ကြောင့် ခံတွင်းမှ အနံ့တွေ ပပျောက်ဖို့အတွက် ရေဓာတ်လုံလုံလောက်လောက်ရှိဖို့လိုအပ်ပါတယ်။

ဘယ်လိုအစားအစာတွေက သင့်ပါးစပ်ကို အနံ့ဆိုးတွေပိုဖြစ်စေသလဲ။
အသက်ရှူထုတ်လိုက်တဲ့အခါ ကိုယ်ထုတ်လိုက်တဲ့ ထွက်လေက အနံတွေ မကောင်းအောင် အဓိကစွမ်းဆောင်ပေးမဲ့ တရားခံကတော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူပဲဖြစ်ပါတယ်။ ဒါပေမဲ့ သုတေသနပညာရှင် တွေရဲ့စမ်းသပ်လေ့လာမှုအရ ကြက်သွန်နီကတော့ သွားယိုယွင်းပျက်ဆီးခြင်းနဲ့ သွားဖုံးရောဂါကို ဖြစ်နိုင်ချေရှိတဲ့ ကွဲပြားတဲ့ ဘက်တီးရီးယားပိုး ၄မျိုးကို သေစေနိုင်တယ်လို့ဆိုပါတယ်။ ဘက်တီးရီယားကြီးထွားမှုကို အားပေးတဲ့ Fructose နဲ့ Acidic acid ဓာတ်မြင့်မားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။ ဆာလောင်တဲ့အခါမျိုးမှာ ပန်းသီးသို့မဟုတ် ဒိန်ချဉ်ကို စားသုံးပေးပါ။ ထိုအစားအစာတွေကဘက်တီးရီးယားကို လျော့ချပေးပြီး တံတွေးထုတ်လုပ်မှုကို လှုပ်ဆော်ပေးနိုင်တဲ့ Heteropolysaccharide pectin ပါဝင်ပါတယ်။

လျှာကို သန့်စင်ပေးခြင်း
လျှာမျက်နှာပြင်ဟာ ဘက်တီးရီးယားတွေ မွေးမြူနိုင်တဲ့ ရင်ပြင်တစ်ခုလိုဖြစ်နေပါတယ်။ ဒါ့ကြောင့်သွားတိုက်ပြီးတဲ့အခါမှာ လျှာကို သွားတိုက်တံဖြင့် ပွတ်တိုက်ဆေးကြေားပေးပါ။ ဒါမှမဟုတ် လျှာမျက်နှာပြင်ပေါ်က အညစ်အကြေးကို ခြစ်ထုတ်နိုင်မဲ့ ကိရိယာတစ်ခုခုကို အသုံးပြုပြီး လျှာကို ဆေးကြောသန့်စင်ပေးပါ။

သွားတိုက်ခြင်းနဲ့ သွားကြားရှိ စားကြွင်းစားကျန်ကိုရှင်းပေးခြင်း
မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးရမယ်ဆိုတာ လူတိုင်းသိတဲ့ ကျန်မာရေးလမ်းညွှန်တစ်ခုပါ။ ဒါပေမဲ့ လူတိုင်းတစ်နေ့ကို ၂ကြိမ်သွားမတိုက်တဲ့သူက ထက်ဝက်လောက်ရှိပါတယ်။ သွားကို တစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်သင့်ပြီး သွားမတိုက်ခင် နာရီဝက်အလိုမှာ သင့်ပါစပ်ကို ပလုတ်ကျင်းပေးထားတာက ပိုမိုကောင်းမွန်စေပါတယ်။ သွားကြားရှိ စားကြွင်းစားကျန်တွေက ဘက်တီးရီးယားဖြစ်နိုင်ချေရှိတဲ့အပြင် ခံတွင်းနံ့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပြီးလျှင် တစ်နေ့တစ်ကြိမ်တော့ သွားကြိုသွားကြားရှိ စားကြွင်းစားကျန်ကို သွားကြားရှင်း ကိရိယာဖြင့် ရှင်းထုတ်ဖို့လိုအပ်ပါတယ်။

ဆေးလိပ်သောက်သုံးခြင်းနဲ့ ကွမ်းစားခြင်း
ဆေးလိပ်စွဲစွဲမြဲမြဲသောက်သုံးသူနဲ့ ကွမ်းအမြဲစားသူရဲ့ ခံတွင်းကတော့ အားလုံးသိတဲ့အတိုင်းပဲ သန့်ရှင်းမှုမရှိတဲ့အပြင် အနံ့ဆိုးလည်းထွက်နေဦးမှာပါပဲ။ သွားတိုက်ဆေးသုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိတဲ့ ဖလိုရိုဒ်ဓာတ်ပါဝင်တဲ့ သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဆေးလိပ် နဲ့ ကွမ်းဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတာကြောင့် ခံတွင်းပိုင်းနဲ့ သွားဖုံးများမှာရောဂါဖြစ်နိုင်ချေများပြီး ကင်ဆာရောဂါအထိဖြစ်နိုင်တာကြောင့် ဆေးလိပ်နဲ့ကွမ်းကို ဖြတ်လိုက်တာ သင့်အတွက်အကောင်းဆုံးပါ။

Citric အက်ဆစ်ဓာတ်ပါဝင်တဲ့ သစ်သီးခွံကို ဝါးခြင်း
Citric အက်ဆစ်ဓာတ်ပါဝင်တဲ့ သံပုရာခွံနဲ့ လိမ္မော်ခွံတို့ဟာ ခံတွင်းရှိ အနံ့ဆိုးတွေကို ဖယ်ရှားပေးတဲ့အပြင် ခံတွင်းကို သန့်ရှင်းပြီး တံတွေးထုတ်လုပ်မှု ဂလင်းကို အားပေးပါတယ်။ ဒါ့ကြောင့်
ခံတွင်းရှိ အနံ့ဆိုးတွေ ပပျောက်အောင် Citric အက်ဆစ်ဓာတ်ပါဝင်တဲ့ သံပုရာခွံ သို့မဟုတ် လိမ္မော်ခွံတို့ကို မကြာခံဆိုသလို ဝါးပေးသင့်ပါတယ်။

Share657TweetShare
Kyaw Htike Aung

Kyaw Htike Aung

Related Posts

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

by Thinzar
December 20, 2022
0

ဖြူဖွေးလှပပြီး ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေ နဲ့ သွားလေးတွေကို လူတိုင်းပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် သွားကြွေလွှာနဲ့ သွားဖုံးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် လူနည်းစုလောက်ကသာ ဓာတုဗေဒသွားဖြူဆေးတွေကို အသုံးပြုရဲကြတာပါ။ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကတော့ သွားကြွေလွှာတွေကို မထိခိုက်စေဘဲ သွားများကိုဖြူဖွေးတောက်ပြောင်စေမယ့် သဘာဝနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ စတော်ဘယ်ရီအနှစ်...

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

by Thinzar
December 20, 2022
0

မိတ်ကပ်လိမ်းပြီး အလှပြင်တယ်ဆိုတာ အချိန်အများကြီးကုန်တဲ့အပြင် စိတ်ရှည်သည်းခံတတ်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အချိန်ကုန်သက်သာစေမယ့်အပြင် သင့်ရဲ့ဆွဲဆောင်မှုကိုလည်း တစ်စက်ကလေးမှ လျော့ကျမသွားအောင် ကူညီပေးနိုင်တဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေရှိပါတယ်။ အားစိုက်ထုတ်ရတာသက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီကို ပါးနီအဖြစ်အသုံးပြုမယ် သင်ရယ်လိုက်တဲ့အခါ...

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

by Thinzar
December 19, 2022
0

ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရပြီး အလုပ်လုပ်ရခြင်း၊ အချိန်အကြာကြီး မတ်တပ်ရပ်ရခြင်း၊ အလေးအပင် မရခြင်း စတဲ့အချက်တွေကြောင့် ခါးနာဝေဒနာကို ခံစားရတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေပဲ ခါးနာဝေဒနာကို ခံစားရတာမဟုတ်ပါဘူး။ လူငယ်လူရွယ်တွေလည်း အခန့်မသင့်ရင် ခါးနာဝေဒနာခံစားရတတ်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသလို့ရတယ်ဆိုတာ...

အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေအတွက် သံလွင်ဆီရဲ့အသုံးဝင်မှု

အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေအတွက် သံလွင်ဆီရဲ့အသုံးဝင်မှု

by Thinzar
December 19, 2022
0

သံလွင်ဆီ က ကျန်းမာရေးနဲ့လည်းညီညွတ်သလို အလှအပအတွက်လည်း များစွာအသုံးဝင်တာကို သိပြီးသားဖြစ်မှာပါ။ ဘယ်အသက်အရွယ်မှာမဆို အသုံးပြုလို့ရပြီး အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေကိုလည်း ကောင်းမွန်လှပစေပါတယ်။ ဒီတခါမှာတော့ သံလွင်ဆီရဲ့အသုံးဝင်မှု နဲ့ သူ့ကို အလှအပအတွက် ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။ မျက်လုံးခရင်မ်အဖြစ်လိမ်းမယ်...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!