လူမြင်ကွင်းမှာ ကလေးနို့တိုက်ခြင်း အခွင့်အရေးအတွက် အုပ်စုလိုက်ဓါတ်ပုံရိုက်ခဲ့ကြတဲ့ မိခင်တွေ

0
98

မိခင်နို့ဟာ ကလေးရဲ့ပထမခြောက်လအတွင်း ကလေးအတွက် အကောင်းဆုံးအရာဖြစ်ကြောင်း ဆရာဝန်တွေအားလုံးနဲ့ ကျန်မာရေးအဖွဲ့အစည်းအားလုံးက ထောက်ခံထားကြပါတယ်။ ဒါပေမယ့် လူမြင်ကွင်းမှာ ကလေးနို့တိုက်ခြင်းကို မြင်မကောင်းတဲ့အရာဖြစ်ကြောင်း ယူဆကြသူတွေလည်း အများအပြားရှိပါတယ်။ ဒီလိုယူဆကြသူတွေကို ဆန့်ကျင်တဲ့အနေနဲ့ မိခင် ၂၇ ဟာကလေးတွေကို public မှာနို့တိုက်နေတဲ့ ဓါတ်ပုံစုရိုက်ခဲ့ကြပြီး များပြားတဲ့ဝက်ဆိုက်တွေမှာ
တင်ခဲ့ကြပါတယ်။

ဖေ့ဘွတ်မှာတင်ခဲ့သူဖြစ်တဲ့ Atkins ဆိုသူရေးခဲ့တာက ” ဒီလိုလုပ်ရတာဟာ နို့တိုက်တာကို ဖုံးထားဖို့ပြောတဲ့သူတိုင်းအတွက် ဖြစ်သလို၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေး အတွက်လည်းဖြစ်ပါတယ်။ တချို့လူတွေက မိခင်တစ်ယောက် နို့တိုက်နေတာကိုတွေ့ရင် ရေချိုးခန်းထဲသွားတိုက်ဖို့၊ ဖုံးထားဖို့ပြောတတ်ကြပြီး၊ လိင်ပိုင်းဆိုင်ရာ မသင့်တော်တဲ့ အပြုအမူအဖြစ် မှတ်ယူကြတယ်။ ဒီလိုလူတွေအို ကျွန်မတို့လို့ မိခင်တွေက အော်ဂလီဆန်ပြီး ကျွန်မတို့ဟာ သိက္ခာမဲ့တဲ့သူတွေ မဟုတ်ဖူးဆိုတာကို ပြောပြချင်ပါတယ်။ လို့သူမရဲ့အကောင့်မှာရေးပြီး တင်ခဲ့ပါတယ်။ နောက်ပြီးသူမက လူမြင်ကွင်းမှာနို့တိုက်သူတွေကို ကန့်ကွက်သူတွေကိုယ်တိုင်ရော ညစာစားတဲ့အချိန်မှာ အိမ်သာခန်းထဲ ဝင်ပြီးစားကြည့်ဖို့ လိုအပ်ကြောင်း သူမကခနဲ့ပြီးပြောခဲ့ပါတယ်။

#LM_Naung_Naung

#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here