လူ့ခန္ဓာကိုယ်အတွက် အင်မတန်အရေးကြီးတဲ့ ရေကို ပိုပြီးအရသာရှိရှိနဲ့ သောက်သုံးနိုင်ဖို့အတွက်

0
19

လူသားတစ်ယောက်အနေနဲ့ ရေဓာတ်ပြည့်ဝဖို့နဲ့ ရေများများသောက်သုံးဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့်လည်း လူအများစုကတော့ သိသိကြီးနဲ့ကို ရေသောက်ဖို့ မေ့တာနဲ့၊ မသောက်ချင်တာနဲ့ စတဲ့အကြောင်းအရင်း အစုံနဲ့ကို မသောက်ဖြစ်ကြပါဘူး။

ဒါကြောင့် နေ့တိုင်းသောက်နေရတဲ့ရေက ကြာလာတော့ပါးစပ်ထဲမှာ ရိုးအီလာပြီ၊ မသောက်ချင်တော့ဘူးဆိုရင် ပိုပြီးလည်းအရသာရှိအောင်၊ ပိုပြီးတော့လည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုမျိုးလေးတွေ လုပ်လို့ရလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လီမွန်နှင့် စတော်ဘယ်ရီ

လီမွန်တစ်ခြမ်းကို အကွင်းလိုက်လေးတွေလှီးကာ စတော်ဘယ်ရီသီးလှီးထားတာတွေနဲ့ ရောလိုက်ပါ။ ပါဝင်ပစ္စည်းနှစ်မျိုးကို အရည်ညှစ်လိုက်ပြီး ရေထည့်ရောကာ သောက်သုံးပေးနိုင်ပါတယ်။

လိမ္မော်သီး၊ သံပုရာသီးနှင့် လီမွန်

ပါဝင်ပစ္စည်းအားလုံးကို အခြမ်းလိုက်လေးတွေလှီးကာ အရည်ညှစ်ပါ။ ရလာတဲ့အရည်ထဲကို ပူစီနံအရွက် နည်းနည်းထည့်ပြီး ရေနဲ့ဖျော်ပေးလိုက်ပါ။

ပူစီနံနှင့် နာနတ်သီး

နာနတ်သီးအတုံးလေးတွေလှီးပြီးသား တစ်ခွက်အပြည့်ကို ထုံးစံအတိုင်းအရည်ညှစ်ကာ ပူစီနံရွက်ရောပြီး ရေထည့်ကာသောက်သုံးပေးပါ။

လိမ္မော်သီး၊ ဂျင်းနှင့် နာနတ်သီး

လီမွန်တစ်ခြမ်း၊ နာနတ်သီးတစ်ကွင်းနှင့် ဂျင်းအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ခရားတစ်ခုထဲအတူရောကာ ဖိချေပြီး ရေထည့်ရောပြီး သောက်သုံးနိုင်ပါတယ်။

သခွားသီးနှင့် ပူစံနံ

ရေဓာတ်အထူးပြည့်ဝတဲ့ သခွားသီးတစ်ခြမ်းကို အဝိုင်းကွင်းလေးတွေလှီး၊ သံပုရာသီးကိုလည်း တခြမ်းစိတ်ပြီး ပူစီနံအရွက်လေးတွေအကုန်ထည့်ရောကာ နောက်ဆုံးကျမှ ရေထည့်ရောပြီး အရသာရှိရှိ သောက်သုံးနိုင်မှာဖြစ်ပါတယ်။

သစ်သီးရေခဲတုံးလေးတွေ

ဒီနည်းလမ်းလေးကတော့ ပျင်းရိသူတွေအတွက် ကွက်တိပါပဲ။ အရမ်းအရသာရှိတဲ့ ရေတစ်ခွက်ကို သောက်သုံးလိုတယ်ဆိုပါက စက္ကန့်အနည်းငယ်အတွင်း လုပ်ယူနိုင်မှာဖြစ်ပါတယ်။ ရေခဲတုံးပုံစံခွက်ထဲကို ကြိုက်နှစ်သက်ရာအသီးလေးတွေ အတုံးတုံးလှီးကာ ရေနဲ့ရောပြီးထည့်ပေးလိုက်ပါ။ သောက်ချင်စိတ်ပေါ်လာချိန်မှာ အချိန်မရွေး လွယ်လွယ်ကူကူ သောက်သုံးနိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside.

Zawgyi

လူ႔ခႏၶာကိုယ္အတြက္ အင္မတန္အေရးႀကီးတဲ့ ေရကို ပိုၿပီးအရသာရွိရွိနဲ႔ ေသာက္သုံးႏိုင္ဖို႔အတြက္

လူသားတစ္ေယာက္အေနနဲ႔ ေရဓာတ္ျပည့္ဝဖို႔နဲ႔ ေရမ်ားမ်ားေသာက္သုံးဖို႔က ဘယ္ေလာက္အေရးႀကီးလဲဆိုတာကို အားလုံးသိၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္လည္း လူအမ်ားစုကေတာ့ သိသိႀကီးနဲ႔ကို ေရေသာက္ဖို႔ ေမ့တာနဲ႔၊ မေသာက္ခ်င္တာနဲ႔ စတဲ့အေၾကာင္းအရင္း အစုံနဲ႔ကို မေသာက္ျဖစ္ၾကပါဘူး။

ဒါေၾကာင့္ ေန႔တိုင္းေသာက္ေနရတဲ့ေရက ၾကာလာေတာ့ပါးစပ္ထဲမွာ ႐ိုးအီလာၿပီ၊ မေသာက္ခ်င္ေတာ့ဘူးဆိုရင္ ပိုၿပီးလည္းအရသာရွိေအာင္၊ ပိုၿပီးေတာ့လည္း က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ ဘယ္လိုမ်ိဳးေလးေတြ လုပ္လို႔ရလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

လီမြန္ႏွင့္ စေတာ္ဘယ္ရီ

လီမြန္တစ္ျခမ္းကို အကြင္းလိုက္ေလးေတြလွီးကာ စေတာ္ဘယ္ရီသီးလွီးထားတာေတြနဲ႔ ေရာလိုက္ပါ။ ပါဝင္ပစၥည္းႏွစ္မ်ိဳးကို အရည္ညႇစ္လိုက္ၿပီး ေရထည့္ေရာကာ ေသာက္သုံးေပးႏိုင္ပါတယ္။

လိေမၼာ္သီး၊ သံပုရာသီးႏွင့္ လီမြန္

ပါဝင္ပစၥည္းအားလုံးကို အျခမ္းလိုက္ေလးေတြလွီးကာ အရည္ညႇစ္ပါ။ ရလာတဲ့အရည္ထဲကို ပူစီနံအ႐ြက္ နည္းနည္းထည့္ၿပီး ေရနဲ႔ေဖ်ာ္ေပးလိုက္ပါ။

ပူစီနံႏွင့္ နာနတ္သီး

နာနတ္သီးအတုံးေလးေတြလွီးၿပီးသား တစ္ခြက္အျပည့္ကို ထုံးစံအတိုင္းအရည္ညႇစ္ကာ ပူစီနံ႐ြက္ေရာၿပီး ေရထည့္ကာေသာက္သုံးေပးပါ။

လိေမၼာ္သီး၊ ဂ်င္းႏွင့္ နာနတ္သီး

လီမြန္တစ္ျခမ္း၊ နာနတ္သီးတစ္ကြင္းႏွင့္ ဂ်င္းအမႈန႔္ စားပြဲတင္ဇြန္း ၁ ဇြန္းတို႔ကို ခရားတစ္ခုထဲအတူေရာကာ ဖိေခ်ၿပီး ေရထည့္ေရာၿပီး ေသာက္သုံးႏိုင္ပါတယ္။

သခြားသီးႏွင့္ ပူစံနံ

ေရဓာတ္အထူးျပည့္ဝတဲ့ သခြားသီးတစ္ျခမ္းကို အဝိုင္းကြင္းေလးေတြလွီး၊ သံပုရာသီးကိုလည္း တျခမ္းစိတ္ၿပီး ပူစီနံအ႐ြက္ေလးေတြအကုန္ထည့္ေရာကာ ေနာက္ဆုံးက်မွ ေရထည့္ေရာၿပီး အရသာရွိရွိ ေသာက္သုံးႏိုင္မွာျဖစ္ပါတယ္။

သစ္သီးေရခဲတုံးေလးေတြ

ဒီနည္းလမ္းေလးကေတာ့ ပ်င္းရိသူေတြအတြက္ ကြက္တိပါပဲ။ အရမ္းအရသာရွိတဲ့ ေရတစ္ခြက္ကို ေသာက္သုံးလိုတယ္ဆိုပါက စကၠန႔္အနည္းငယ္အတြင္း လုပ္ယူႏိုင္မွာျဖစ္ပါတယ္။ ေရခဲတုံးပုံစံခြက္ထဲကို ႀကိဳက္ႏွစ္သက္ရာအသီးေလးေတြ အတုံးတုံးလွီးကာ ေရနဲ႔ေရာၿပီးထည့္ေပးလိုက္ပါ။ ေသာက္ခ်င္စိတ္ေပၚလာခ်ိန္မွာ အခ်ိန္မေ႐ြး လြယ္လြယ္ကူကူ ေသာက္သုံးႏိုင္မွာျဖစ္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here