လူေတြရဲ႕ မဆင္မျခင္အျပဳအမူေၾကာင့္ ဒုကၡိတဘဝနဲ႔ အသက္ဆုံး႐ႈံးရတဲ့ သတၱဝါေလးေတြ

0
13141
ပင္လယ္ေနသတၱဝါ
ပင္လယ္ေနသတၱဝါ

တိရိစာၦန္ေတြဆိုတာ သင္မသိေသးတဲ့ တစ္ေထာင့္တစ္ေနရာကေန ကမာၻႀကီးအတြက္ ေကာင္းက်ိဳးျပဳေပးေနၾကတဲ့သူေတြပါ။ ဒါ့ေၾကာင့္သက္ရွိအခ်င္းခ်င္းတန္ဖိုးထားၾကၿပီး သင္တို႔ရဲ႕ မေကာင္းတဲ့ အျပဳအမူေတြကို ဆင္ျခင္သင့္ပါတယ္။ အထူးသျဖင့္ ပင္လယ္ေနသတၱဝါေတြအမ်ားစုဟာ လူေတြရဲ႕ မဆင္မျခင္အမႈိက္စြန္႔ပစ္မႈေၾကာင့္ အသက္ဆုံး႐ႈံးရသလို ဒုကၡိတဘဝေရာက္ျခင္းကို ခံေနရပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔မဆင္မျခင္ အမိႈက္ေတြကို ပင္လယ္ထဲစြန္႔ပစ္ျခင္းေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အမႈိက္ေတြကိုမတိုးပြားေအာင္ စြန္႔ပစ္ပစၥည္းေတြနည္းပါလာေအာင္ ဘယ္လိုေတြ ထိန္းသိမ္းရမလဲဆိုတာ မွ်ေဝေပးလိုက္ပါတယ္။

၁။ တစ္ခါသုံး ပလပ္စတစ္အိတ္ ေလ်ာ့သုံးေပးပါ။


ကၽြန္ေတာ္တို႔အိမ္တိုင္းအိမ္တိုင္းမွာ ပလပ္စတစ္အိတ္မ်ားစြာရွိေပမဲ့ ေစ်းသြားတဲ့အခါမွာေတာ့ ဘာအိတ္မွ မယူသြားၾကပါဘူး။ ေစ်းကေပးလိုက္တဲ့ အိတ္ေတြနဲ႔ပဲ ထည့္လာတဲ့အခါ အိပ္ေတြက မလုိအပ္ပဲ အိမ္မွာမ်ားမ်ားလာပါတယ္။ အကယ္လို ကၽြန္ေတာ့္တို႔ဆီမွာရွိတဲ့ အိတ္ေတြနဲ႔ပဲ မပ်က္မစီးမခ်င္းအသုံးျပဳမယ္ဆို ပလပ္စတစ္အိတ္ထုတ္လုပ္မႈ႕ကလည္း အနည္းငယ္ေလ်ာ့သြားေစမွာျဖစ္ပါတယ္။ ပလပ္စတစ္အိတ္မဟုတ္ဘဲ အျခားလက္ကိုင္အိတ္ တစ္မ်ိဳးမ်ိဳးကို အသုံးျပဳႏိုင္ရင္ေတာ့ ကမာၻႀကီးကို အေကာင္းဆုံးကယ္တင္ရာေရာက္မွာအေသအခ်ာပါပဲ။

၂။ ဓာတ္ခဲမ်ားကို အားျပန္သြင္းၿပီး အသုံးျပဳေပးပါ။


ဓာတ္ခဲက ေစ်းက သိပ့္မႀကီးတဲ့အတြက္ အားကုန္သြားတဲ့အခါ အလြယ္တကူ ေတြ႕ရာေနရာစြန္႔ပစ္ျခင္းက လူတိုင္းလိုလုိျဖစ္ေနတဲ့အတြက္ ၾကာလာရင္ေတာ့ ဒီကမာၻႀကီးအတြက္ အႏၱရာယ္ရွိလာမွာအေသအခ်ာပါပဲ။ ကၽြန္ေတာ္တို႔သား အားကုန္သြားတဲ့ ဓာတ္ခဲကို အားျပန္သြင္းၿပီးအသုံးျပဳႏိုင္မယ္ဆိုရင္ ပစၥည္းလဲ အေလအလြင့္မျဖစ္သလို အားလုံးအတြက္လည္း ေကာင္းက်ိဳးေတြရရွိေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဓာတ္ခဲသက္တမ္းကို ၾကာရွည္ခံေစတာေၾကာင့္ သင့္အတြက္လည္း ေငြကုန္သက္သာတဲ့အျပင္ ကမာၻႀကီးအတြက္ အႏၱရာယ္ရွိေစတဲ့ ထုတ္ကုန္ပစၥည္းရဲ႕ထုတ္လုပ္မႈကိုလည္း ေလ်ာ့ခ်ေပးရာေရာက္ပါတယ္။

၃။ အိမ္သုံးဆပ္ျပာထုတ္လုပ္ေပးျခင္း


ဆပ္ျပာခဲ၊ ဆပ္ျပာဆီ မ်ိဳးစုံေပၚေနျခင္းဟာ အိမ္ရွင္မေတြအတြက္ အသုံးျပဳရလြယ္ကူေစေပမဲ့ အေရးျပားအတြက္ မတည့္ျခင္း၊ ယားယံျခင္းမ်ားျဖစ္ေပၚေစျခင္းအျပင္ တစ္ခါအသုံးျပဳၿပီးတိုင္း ကုန္သြားတဲ့အခါ ဗူးခြံေတြကလည္း အလကားျဖစ္ၿပီး စြန္႔ပစ္ဖို႔အတြက္သာျဖစ္ကုန္ပါတယ္။ ဒါ့ေၾကာင့္အိမ္ရွင္မေတြအတြက္ သဘာဝေဖာ္စပ္လို႔ရမဲ့ လြယ္ကူတဲ့ ဆပ္ျပာေဆးရည္ကို ဖန္တီးေပးဖို႔ တိုက္တြန္းေပးျခင္းပါတယ္။ မုန္႔ဖုတ္ဆိုဒါ၊ ရွာလကာရည္ နဲ႔ သံပုရာရည္တို႔ ေပါင္းစပ္ၿပီး ဆပ္ျပာေနရာမွာ အစားထိုးၿပီး အသုံးျပဳေပးဖို႔ ဆႏၵျပဳပရေစ။ ရွာလကာရည္ တစ္ဖန္ခြက္၊ ေရတစ္ဖန္ခြက္၊ သံပုရာ၁/၄ ဖန္ခြက္ကို ေရာစပ္ၿပီး သင့္အိမ္က ျပတင္းေပါင္တံခါး၊ မွန္ စသျဖင့္ ေဆးေၾကာေပးဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းေတြျဖစ္ပါတယ္။

၄။ ပလပ္စတစ္ဗူးခြံထက္ ပုလင္းကို ေရြးခ်ယ္ေပးပါ။


ေရသန္႔ဗူးက သင့္အတြက္ ေနရာမေရြးအခ်ိန္မေရြးရႏိုင္တာေၾကာင့္ သင္တို႔က အလြယ္တကူးပဲ ဝယ္လိုက္ ေသာက္လုိက္ ပစ္လိုက္လုပ္ေနၾကပါတယ္။ ဒီလိုအျပဳအမူေတြကို အတက္ႏိုင္ဆုံးဆင္ျခင္ၿပီး ေရေသာက္တဲ့အခါမွာ ပလပ္စတစ္ေရသန္႔ဗူးကိုအစာ ဖန္းပုလင္း/ ဗူးေလးေတြနဲ႔ အသုံးျပဳၿပီးေသာက္သုံးၾကပါလုိ႔ တိုက္တြန္းခ်င္ပါတယ္။ ကၽြန္ေတ္ာတို႔ရဲ႕ က်န္းမာေရးအတြက္လည္းေကာင္မြန္သလို သဘာဝပတ္ဝန္းက်င္ကိုလည္း ကာကြယ္ေပးရာေရာက္ပါတယ္။

၅။ အဝတ္အထည္အေဟာင္းမ်ားကို ျပန္အသုံးျပဳေပးပါ။


အဝတ္အစားတစ္ထည္က သင့္အတြက္အသုံးမဝင္ေတာ့ရင္ ေတြ႕ကရာေနရာမွာ မစြန္႔ပစ္လိုက္ပါနဲ႔။ အျခားသုံးအတြက္ အသုံးဝင္ရင္ လွဴလိုက္တာျဖစ္ျဖစ္ ဒါမွမဟုတ္ သင့္အိမ္တြက္ တစ္ေနရာရာမွာ အသုံးဝင္မဲ့ ပစၥည္းမ်ိဳးကို ဖန္တီးယူလုိက္ပါ။ အနည္းဆုံးေတာ့ ေျခသုတ္ဝတ္အျဖစ္ ေျပာင္းလဲလို႔ရပါေသးတယ္။

၆။ မွန္မွန္ကန္ကန္အမႈိန္ထည့္ေပးပါ။

ကၽြန္ေတာ္တို႔ႏိုင္ငံမွာေတာ့ အမႈိက္အားလုံးကို ေရာေထြးၿပီး ပစ္ၾကေပမဲ့ အျခားႏိုင္ငံေတြမွာဆို အမႈိက္ကို သပ္သပ္စီခြဲျခားၿပီး စြန္႔ပစ္ၾကပါတယ္။ ေျမၾသဇာအျဖစ္အသုံးျပဳလို႔ရမဲ့ အမႈိက္မ်ိဳး (ဥပမာ – အစားအေသာက္အၾကြင္းအက်န္မ်ား၊ စကၠဴ၊ သစ္ရြက္မ်ား)၊ ျပန္လည္အသုံးျပဳလို႔ရမဲ့ အမႈိက္မ်ား (ဥပမာ – ပုလင္း၊ ဗူးခြံ) စသျဖင့္ ခြဲျခားထားၿပီး သပ္သပ္စီပစ္ရပါတယ္။ ဒီလိုအျပဳအမူေလးေတြက သင့္အတြက္လည္းအက်ိဳးရွိသလို ကမာၻအတြက္လည္း မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။

၇။ ေရေအာက္သတၱဝါမ်ား ပ်က္စီးဆုံး႐ႈံးျခင္း

မၾကာခဏဆိုသလို ပင္လယ္ကမ္းေျခေတြမွာ ေရေအာက္သတၱဝါႀကီးေတြ ေသဆုံးမႈျဖစ္ေပၚလ်က္ရွိပါတယ္။ National Geographic ရဲ႕ အဆိုအရ ပလပ္စတစ္စြန္႔ပစ္ပစၥည္းေတြဟာ တစ္ႏွစ္ကို ၁၈ ဘီလီယံေပါင္ရွိတာေၾကာင့္ သတၱဝါအမ်ားအျပားမ်ိဳးတုန္းရၿပီး ပင္လယ္သမုဒၵရာမ်ားလည္း တစ္ျဖည္းျဖည္းနဲ႔ ပ်က္စီးယိုယြင္းလာပါတယ္။ ဒါ့ေၾကာင့္ ပလပ္စတစ္အသုံးျပဳျခင္းကို ေရွာင္ၾကဥ္ၾကဖို႔ အထူးတိုက္တြန္းဆႏၵျပဳပါရေစ။

#Lifestyle_Myanmar

#Thar_Nage

ကတိသစၥာေၾကာင့္ အႏွစ္ ၆၀ ေရမခ်ိဳးဘဲ အသက္ရွင္ေနထိုင္ေနတဲ့ အသက္ ၈၀အရြယ္အဖိုးအို

Unicode

လူတွေရဲ့ မဆင်မခြင်အပြုအမူကြောင့် ဒုက္ခိတဘဝနဲ့ အသက်ဆုံးရှုံးရတဲ့ သတ္တဝါလေးတွေ
တိရိစ္ဆာန်တွေဆိုတာ သင်မသိသေးတဲ့ တစ်ထောင့်တစ်နေရာကနေ ကမ္ဘာကြီးအတွက် ကောင်းကျိုးပြုပေးနေကြတဲ့သူတွေပါ။ ဒါ့ကြောင့်သက်ရှိအချင်းချင်းတန်ဖိုးထားကြပြီး သင်တို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် ပင်လယ်နေသတ္တဝါတွေအများစုဟာ လူတွေရဲ့ မဆင်မခြင်အမှိုက်စွန့်ပစ်မှုကြောင့် အသက်ဆုံးရှုံးရသလို ဒုက္ခိတဘဝရောက်ခြင်းကို ခံနေရပါတယ်။ ဒါဟာ ကျွန်တော်တို့မဆင်မခြင် အမှိုက်တွေကို ပင်လယ်ထဲစွန့်ပစ်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် အမှိုက်တွေကိုမတိုးပွားအောင် စွန့်ပစ်ပစ္စည်းတွေနည်းပါလာအောင် ဘယ်လိုတွေ ထိန်းသိမ်းရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ တစ်ခါသုံး ပလပ်စတစ်အိတ် လျော့သုံးပေးပါ။
ကျွန်တော်တို့အိမ်တိုင်းအိမ်တိုင်းမှာ ပလပ်စတစ်အိတ်များစွာရှိပေမဲ့ စျေးသွားတဲ့အခါမှာတော့ ဘာအိတ်မှ မယူသွားကြပါဘူး။ စျေးကပေးလိုက်တဲ့ အိတ်တွေနဲ့ပဲ ထည့်လာတဲ့အခါ အိပ်တွေက မလိုအပ်ပဲ အိမ်မှာများများလာပါတယ်။ အကယ်လို ကျွန်တော့်တို့ဆီမှာရှိတဲ့ အိတ်တွေနဲ့ပဲ မပျက်မစီးမချင်းအသုံးပြုမယ်ဆို ပလပ်စတစ်အိတ်ထုတ်လုပ်မှု့ကလည်း အနည်းငယ်လျော့သွားစေမှာဖြစ်ပါတယ်။ ပလပ်စတစ်အိတ်မဟုတ်ဘဲ အခြားလက်ကိုင်အိတ် တစ်မျိုးမျိုးကို အသုံးပြုနိုင်ရင်တော့ ကမ္ဘာကြီးကို အကောင်းဆုံးကယ်တင်ရာရောက်မှာအသေအချာပါပဲ။

၂။ ဓာတ်ခဲများကို အားပြန်သွင်းပြီး အသုံးပြုပေးပါ။
ဓာတ်ခဲက စျေးက သိပ့်မကြီးတဲ့အတွက် အားကုန်သွားတဲ့အခါ အလွယ်တကူ တွေ့ရာနေရာစွန့်ပစ်ခြင်းက လူတိုင်းလိုလိုဖြစ်နေတဲ့အတွက် ကြာလာရင်တော့ ဒီကမ္ဘာကြီးအတွက် အန္တရာယ်ရှိလာမှာအသေအချာပါပဲ။ ကျွန်တော်တို့သား အားကုန်သွားတဲ့ ဓာတ်ခဲကို အားပြန်သွင်းပြီးအသုံးပြုနိုင်မယ်ဆိုရင် ပစ္စည်းလဲ အလေအလွင့်မဖြစ်သလို အားလုံးအတွက်လည်း ကောင်းကျိုးတွေရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ခဲသက်တမ်းကို ကြာရှည်ခံစေတာကြောင့် သင့်အတွက်လည်း ငွေကုန်သက်သာတဲ့အပြင် ကမ္ဘာကြီးအတွက် အန္တရာယ်ရှိစေတဲ့ ထုတ်ကုန်ပစ္စည်းရဲ့ထုတ်လုပ်မှုကိုလည်း လျော့ချပေးရာရောက်ပါတယ်။

၃။ အိမ်သုံးဆပ်ပြာထုတ်လုပ်ပေးခြင်း
ဆပ်ပြာခဲ၊ ဆပ်ပြာဆီ မျိုးစုံပေါ်နေခြင်းဟာ အိမ်ရှင်မတွေအတွက် အသုံးပြုရလွယ်ကူစေပေမဲ့ အရေးပြားအတွက် မတည့်ခြင်း၊ ယားယံခြင်းများဖြစ်ပေါ်စေခြင်းအပြင် တစ်ခါအသုံးပြုပြီးတိုင်း ကုန်သွားတဲ့အခါ ဗူးခွံတွေကလည်း အလကားဖြစ်ပြီး စွန့်ပစ်ဖို့အတွက်သာဖြစ်ကုန်ပါတယ်။ ဒါ့ကြောင့်အိမ်ရှင်မတွေအတွက် သဘာဝဖော်စပ်လို့ရမဲ့ လွယ်ကူတဲ့ ဆပ်ပြာဆေးရည်ကို ဖန်တီးပေးဖို့ တိုက်တွန်းပေးခြင်းပါတယ်။ မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရည် နဲ့ သံပုရာရည်တို့ ပေါင်းစပ်ပြီး ဆပ်ပြာနေရာမှာ အစားထိုးပြီး အသုံးပြုပေးဖို့ ဆန္ဒပြုပရစေ။ ရှာလကာရည် တစ်ဖန်ခွက်၊ ရေတစ်ဖန်ခွက်၊ သံပုရာ၁/၄ ဖန်ခွက်ကို ရောစပ်ပြီး သင့်အိမ်က ပြတင်းပေါင်တံခါး၊ မှန် စသဖြင့် ဆေးကြောပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။

၄။ ပလပ်စတစ်ဗူးခွံထက် ပုလင်းကို ရွေးချယ်ပေးပါ။
ရေသန့်ဗူးက သင့်အတွက် နေရာမရွေးအချိန်မရွေးရနိုင်တာကြောင့် သင်တို့က အလွယ်တကူးပဲ ဝယ်လိုက် သောက်လိုက် ပစ်လိုက်လုပ်နေကြပါတယ်။ ဒီလိုအပြုအမူတွေကို အတက်နိုင်ဆုံးဆင်ခြင်ပြီး ရေသောက်တဲ့အခါမှာ ပလပ်စတစ်ရေသန့်ဗူးကိုအစာ ဖန်းပုလင်း/ ဗူးလေးတွေနဲ့ အသုံးပြုပြီးသောက်သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တေ်ာတို့ရဲ့ ကျန်းမာရေးအတွက်လည်းကောင်မွန်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။

၅။ အဝတ်အထည်အဟောင်းများကို ပြန်အသုံးပြုပေးပါ။
အဝတ်အစားတစ်ထည်က သင့်အတွက်အသုံးမဝင်တော့ရင် တွေ့ကရာနေရာမှာ မစွန့်ပစ်လိုက်ပါနဲ့။ အခြားသုံးအတွက် အသုံးဝင်ရင် လှူလိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် သင့်အိမ်တွက် တစ်နေရာရာမှာ အသုံးဝင်မဲ့ ပစ္စည်းမျိုးကို ဖန်တီးယူလိုက်ပါ။ အနည်းဆုံးတော့ ခြေသုတ်ဝတ်အဖြစ် ပြောင်းလဲလို့ရပါသေးတယ်။

၆။ မှန်မှန်ကန်ကန်အမှိုန်ထည့်ပေးပါ။
ကျွန်တော်တို့နိုင်ငံမှာတော့ အမှိုက်အားလုံးကို ရောထွေးပြီး ပစ်ကြပေမဲ့ အခြားနိုင်ငံတွေမှာဆို အမှိုက်ကို သပ်သပ်စီခွဲခြားပြီး စွန့်ပစ်ကြပါတယ်။ မြေသြဇာအဖြစ်အသုံးပြုလို့ရမဲ့ အမှိုက်မျိုး (ဥပမာ – အစားအသောက်အကြွင်းအကျန်များ၊ စက္ကူ၊ သစ်ရွက်များ)၊ ပြန်လည်အသုံးပြုလို့ရမဲ့ အမှိုက်များ (ဥပမာ – ပုလင်း၊ ဗူးခွံ) စသဖြင့် ခွဲခြားထားပြီး သပ်သပ်စီပစ်ရပါတယ်။ ဒီလိုအပြုအမူလေးတွေက သင့်အတွက်လည်းအကျိုးရှိသလို ကမ္ဘာအတွက်လည်း များစွာ အထောက်အကူဖြစ်စေပါတယ်။

၇။ ရေအောက်သတ္တဝါများ ပျက်စီးဆုံးရှုံးခြင်း
မကြာခဏဆိုသလို ပင်လယ်ကမ်းခြေတွေမှာ ရေအောက်သတ္တဝါကြီးတွေ သေဆုံးမှုဖြစ်ပေါ်လျက်ရှိပါတယ်။ National Geographic ရဲ့ အဆိုအရ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ တစ်နှစ်ကို ၁၈ ဘီလီယံပေါင်ရှိတာကြောင့် သတ္တဝါအများအပြားမျိုးတုန်းရပြီး ပင်လယ်သမုဒ္ဒရာများလည်း တစ်ဖြည်းဖြည်းနဲ့ ပျက်စီးယိုယွင်းလာပါတယ်။ ဒါ့ကြောင့် ပလပ်စတစ်အသုံးပြုခြင်းကို ရှောင်ကြဉ်ကြဖို့ အထူးတိုက်တွန်းဆန္ဒပြုပါရစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here