အိမ္တိုင္းလိုလိုမွာ အၿမဲေဆာင္ထားတတ္တဲ့ ၾကက္သြန္ျဖဴဟာ ဟင္းခ်က္တဲ့ေနရာတစ္ခုထဲ အသုံးဝင္တာမဟုတ္ပါဘူး။ သင့္က်န္းမာေရးအတြက္ ေဆးဘက္ဆိုင္ရာ အက်ိဳးေပးမႈေတြ အမ်ားႀကီး ရွိပါတယ္။ အိမ္တိုင္းလိုလို အလြယ္တကူရရွိတဲ့ ပစၥည္းေလးျဖစ္ၿပီး ၾကက္သြန္ျဖဴရဲ႕ အသုံးဝင္ပုံကို မသိလိုက္ရင္ သင့္အတြက္ ဘာအက်ိဳးမွ မရရွိလိုက္မွာေၾကာင့္လို႔ ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္မယ္ေနာ္။
၁။ သြားကိုက္တဲ့အခါ

အခ်ိန္မရွိအခါမရွိ သြားအရမ္းကိုက္ၿပီး ခ်က္ျခင္းေဆးခန္းသြားဖို႔ မလြယ္ကူတ့ဲအခါ ဒီေဝဒနာကို ထိန္းထားဖို႔ ၾကက္သြန္ျဖဴကို သတိရလိုက္ပါ။ ၾကက္သြန္ျဖဴမွာ ႀကီးမွာတဲ့ Systeine ပမာဏပါဝင္တာေၾကာင့္ ထုံးေဆးတစ္ခုလို အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဒါ့ေၾကာင့္ ေလာေလာဆယ္ နာက်င္ကိုက္ခဲျခင္းကို အျမန္ဆုံးထိန္းေပးထားႏိုင္ပါတယ္။ ကိုက္ေနတဲ့ သြားေနရာတစ္ဝိႈက္ကို ၾကက္သြန္ျဖဴအမႊာကို စိတ္ၿပီး ပြတ္သပ္ေပးလိုက္ပါ။ နာက်င္ကိုက္ခဲမႈ ရပ္တန္႔သြားတဲ့အခါ သြားဆရာဝန္တစ္ဦးနဲ႔ သြားျပဖို႔ လိုအပ္ပါတယ္။
၂။ မ်က္ႏွာသန္႔စင္ေစဖို႔အတြက္

ဓာတုထုတ္ကုန္ေနနဲ႔ ကုသတာထက္ သဘာဝနည္းလမ္းအတုိင္း အသားအေရကို ထိန္းသိမ္းျခင္တယ္ဆိုရင္ သင့္အတြက္ အရမ္းကို လြယ္ကူပါတယ္။ ၾကက္သြန္ျဖဴဟာ ပိုးသတ္ေဆးအာနိသင္နဲ႔ ဗိုင္းရပ္ပိုးမ်ားကို ေသေစႏိုင္တဲ့ anti-fungal ဂုဏ္သတိၱမ်ားစြာရွိပါတယ္။ အရြယ္ေရာက္ၿပီးသူေတြ ဝက္ၿခံေပါက္တာ၊ အမာရြတ္နဲ႔ အျခားအေရျပားျပႆနာေတြ၊ ဓာတ္မတည္ျဖစ္တာေတြအတြက္လည္း ၾကက္သြန္းျဖဴက အသုံးဝင္ပါတယ္။ ၾကက္သြန္ျဖဴကို အသုံးျပဳမယ္ဆိုရင္ နည္းလမ္း ၂မ်ိဳးရွိပါတယ္။ ပထမတစ္မ်ိဳးကေတာ့ ၾကက္သြန္ျဖဴမႊာ ကို ပါးပါးလွီးၿပီး သင့္မ်က္ႏွာေပၚကို ညင္ညင္သာသာပြတ္သပ္ေပးၿပီး ၁၅မိနစ္ေလာက္ေနရင္ ေရေဆးခ်ေပးပါ။ ဒုတိယတစ္နည္းကေတာ့ ၾကက္သြန္ျဖဴကို စားေပးျခင္းပဲျဖစ္ပါတယ္။
၃။ ေျခေထာက္အနာနဲ႔ Candidal ေရာဂါအတြက္

အားကစားသမားေတြမွာ အျဖစ္မ်ားတဲ့ ေျခေထာက္အနာေရာဂါမ်ိဳးကို ေပ်ာက္ကင္းေစဖို႔ ကူညီေပးပါတယ္။ ဒါ့အျပင္ Candidal မိႈစြဲအနာေရာဂါေတြအတြက္လည္း အသုံးဝင္ပါတယ္။ ေရပူထဲကို ၾကက္သြန္ျဖဴကို ထည့္ၿပီး စိမ္ထားေပးပါ။ သင့္ေျခေထာက္/အနာစိမ္လို႔ရမဲ့ ခပ္ေႏြးေႏြးအေနအထားကို ေရာက္တဲ့အခါ မိနစ္ ၃၀ ေလာက္ ထိုေရျဖင့္ စိမ္ထားေပးလိုက္ပါ။ သင့္အတြက္ အလြန္ထိေရာက္တဲ့နည္းလမ္းေလးပဲျဖစ္ပါတယ္။
၄။ နားကူးစက္ေရာဂါအတြက္

နားအတြင္းပိုင္းမွာျဖစ္ေပၚတဲ့ ေရာဂါေတာ္ေတာ္မ်ားမ်ားကို ၾကက္သြန္ျဖဴက ေပ်ာက္ကင္းေအာင္ကုသေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴအမႊာကို အရည္ညႇစ္လို႔ရေအာင္ အနည္းငယ္အပူေပးၿပီး အရည္ညႇစ္ၿပီး နားအတြင္းကို ထည့္ေပးပါ။ အရမ္းအပူႀကီးေတာ့ နားထည္ကို အထည့္ပါနဲ႔။ အနည္းငယ္ေအးတဲ့အခ်ိန္မွ ၾကက္သြန္ျဖဴမွ ထြက္လာတဲ့အဆီကို ညႇစ္ၿပီး ထည့္ေပးပါ။
၅။ အဆူး စူးတဲ့အခါ

တခါတေလ သစ္သားစေလးေတြ၊ အျခားသင္မျမင္ႏိုင္တဲ့ အဆူးေလးေတြ စူးတဲ့အခါ ထုတ္ရအရမ္းခက္ခဲသလို အရမ္းလဲ နာက်င္မႈကိုျဖစ္ေစပါတယ္။ ဒီလိုေဝဒနာနဲ႔ ႀကံဳတဲ့အခါ ေမွးညႇပ္ေတြ၊ အပ္ေတြနဲ႔ ေလွ်ာက္ထြင္ၿပီး ဒီအစူးကို ထုတ္ဖို႔ ႀကိဳးစားတာ က ေကာင္းမြန္တဲ့ ကုထုံးေတာ့မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင္ဒီလိုအျဖစ္အပ်က္ေဝဒနာနဲ႔ ႀကံဳလာတဲ့အခါ ၾကက္သြန္ျဖဴကို သတိရလိုက္ပါ။ ၾကက္သြန္ျဖဴကို ပါးပါေလးလွီးပါ။ ၿပီးလွ်င္ အဆူးစူးတဲ့ေနရာမွာကပ္ထားၿပီး ပတ္တီးစီးအိပ္လိုက္ပါ။ အိပ္ယာက ႏိုးလာရင္ သင္စူးေနတဲ့ အဆူး မရွိေတာ့ပါဘူး။
၆။ အင္းဆက္ပိုးမႊားေတြကို ဖယ္ရွားေစဖို႔အတြက္

တခါတေလမွာ ဘာမဟုတ္တဲ့ အင္းဆက္ပိုးေကာင္ေလးေသးေသးေလးေတြေၾကာက္ စိတ္႐ႈပ္စရာ စိတ္ညစ္စရာျဖစ္ေအာင္ႀကံဳရၿပီး အခပ္မသင့္ရင္ ကူးစက္ေရာဂါေတြကအစရရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလို အင္းဆက္ပိုးေကာင္ေတြ ကိုယ္နဲ႔ ေဝးေဝးမွာ ေနေစခ်င္ရင္ေတာ့ ၾကက္သြန္ျဖဴေဆာင္ထားဖို႔လိုအပ္ပါတယ္။ ၾကက္သြန္ျဖဴမွာပါဝင္တဲ့အနံ႔ဟာ အင္းဆက္ပိုးေကာင္ေတြကို တိုက္ထုတ္ႏိုင္တဲ့ အစြမ္းရွိပါတယ္။
၇။ ငါးမွ်ားတဲ့အခါ ငါးစာအတြက္

ၾကက္သြန္ျဖဴက ပိုးမႊားေတြအတြက္ဆန္႔က်င္ႏိုင္ေပမဲ့ ငါးအတြက္ေတာ့ စြဲေဆာင္မႈရွိတဲ့ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ေရငန္မဟုတ္တဲ့ ျမစ္ေတြ၊ ေခ်ာင္းေတြ၊ ကန္ေတြမွာ ၾကက္သြန္ျဖဴကို ငါးစာအျဖစ္အသုံးျပဳၿပီး ငါးမွ်ားႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ Crappies ငါးနဲ႔ Walleyes ငါးေတြအရမ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုငါးေတြဟာ ၾကက္သြန္ျဖဴကို ႀကိဳက္ႏွစ္သက္တဲ့ ငါးအမ်ိဳးအစားေတြျဖစ္တာေၾကာင့္ျဖစ္ပါတယ္။
၈။ ဆံပင္အတြက္

ၾကက္သြန္ျဖဴဟာ ဦးေရျပားမွာရွိတဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားကို ေျဖရွင္းေပးႏိုင္ပါတယ္။ ေဗာက္ထျခင္းကို ဆန္႔က်င္ေပးႏိုင္တဲ့ Allicin ဓာတ္ျမင့္မားစြာပါဝင္ပါတယ္။ ဒါ့အျပင္ ဆံပင္ဆုံး႐ႈံးျခင္း၊ ဦးေရျပားအတြင္းစြဲကပ္ေနတဲ့ ဘက္တီးရီးယားမ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴအမႊာကို ျခမ္းၿပီး ဦးေရျပားနဲ႔ ဆံပင္ကို ပြတ္ေပးျခင္း၊ ဒါမွမဟုတ္ ၾကက္သြန္ျဖဴဆီကို သုတ္လိမ္းေပးျခင္းျဖင့္ ျပဳလုပ္ႏိုင္ပါတယ္။ ထိုကဲ့သို႔ သုတ္လိမ္းၿပီး မိနစ္ ၃၀ၾကာမွ သင့္ေခါင္းကို ေဆးေၾကာသုတ္သင္ေပးပါ။ ရက္သတၱပတ္အနည္းငယ္အတြင္း ေဗာက္ကင္းစင္ၿပီး ဆံပင္ဆုံး႐ႈံးမႈကို ေလ်ာ့နည္းလာေစပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ကၽြန္ေတာ္တို႔ မၾကာခဏ လ်စ္လ်ဴရႈထားတတ္ၾကတဲ့ က်န္းမာေရးကို သက္ေရာက္ေစႏိုင္တဲ့ အိမ္သံုးေဆးဝါး သိမ္းဆည္းမႈ အမွားမ်ား
Unicode
လူတော်တော်များများမသိကြသေးတဲ့ ကြက်သွန်ဖြူတစ်လုံးရဲ့ အသုံးဝင်ပုံ ၈မျိုး
အိမ်တိုင်းလိုလိုမှာ အမြဲဆောင်ထားတတ်တဲ့ ကြက်သွန်ဖြူဟာ ဟင်းချက်တဲ့နေရာတစ်ခုထဲ အသုံးဝင်တာမဟုတ်ပါဘူး။ သင့်ကျန်းမာရေးအတွက် ဆေးဘက်ဆိုင်ရာ အကျိုးပေးမှုတွေ အများကြီး ရှိပါတယ်။ အိမ်တိုင်းလိုလို အလွယ်တကူရရှိတဲ့ ပစ္စည်းလေးဖြစ်ပြီး ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံကို မသိလိုက်ရင် သင့်အတွက် ဘာအကျိုးမှ မရရှိလိုက်မှာကြောင့်လို့ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်မယ်နော်။
၁။ သွားကိုက်တဲ့အခါ
အချိန်မရှိအခါမရှိ သွားအရမ်းကိုက်ပြီး ချက်ခြင်းဆေးခန်းသွားဖို့ မလွယ်ကူတဲ့အခါ ဒီဝေဒနာကို ထိန်းထားဖို့ ကြက်သွန်ဖြူကို သတိရလိုက်ပါ။ ကြက်သွန်ဖြူမှာ ကြီးမှာတဲ့ Systeine ပမာဏပါဝင်တာကြောင့် ထုံးဆေးတစ်ခုလို အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် လောလောဆယ် နာကျင်ကိုက်ခဲခြင်းကို အမြန်ဆုံးထိန်းပေးထားနိုင်ပါတယ်။ ကိုက်နေတဲ့ သွားနေရာတစ်ဝှိုက်ကို ကြက်သွန်ဖြူအမွှာကို စိတ်ပြီး ပွတ်သပ်ပေးလိုက်ပါ။ နာကျင်ကိုက်ခဲမှု ရပ်တန့်သွားတဲ့အခါ သွားဆရာဝန်တစ်ဦးနဲ့ သွားပြဖို့ လိုအပ်ပါတယ်။
၂။ မျက်နှာသန့်စင်စေဖို့အတွက်
ဓာတုထုတ်ကုန်နေနဲ့ ကုသတာထက် သဘာဝနည်းလမ်းအတိုင်း အသားအရေကို ထိန်းသိမ်းခြင်တယ်ဆိုရင် သင့်အတွက် အရမ်းကို လွယ်ကူပါတယ်။ ကြက်သွန်ဖြူဟာ ပိုးသတ်ဆေးအာနိသင်နဲ့ ဗိုင်းရပ်ပိုးများကို သေစေနိုင်တဲ့ anti-fungal ဂုဏ်သတ္တိများစွာရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေ ဝက်ခြံပေါက်တာ၊ အမာရွတ်နဲ့ အခြားအရေပြားပြဿနာတွေ၊ ဓာတ်မတည်ဖြစ်တာတွေအတွက်လည်း ကြက်သွန်းဖြူက အသုံးဝင်ပါတယ်။ ကြက်သွန်ဖြူကို အသုံးပြုမယ်ဆိုရင် နည်းလမ်း ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ကြက်သွန်ဖြူမွှာ ကို ပါးပါးလှီးပြီး သင့်မျက်နှာပေါ်ကို ညင်ညင်သာသာပွတ်သပ်ပေးပြီး ၁၅မိနစ်လောက်နေရင် ရေဆေးချပေးပါ။ ဒုတိယတစ်နည်းကတော့ ကြက်သွန်ဖြူကို စားပေးခြင်းပဲဖြစ်ပါတယ်။
၃။ ခြေထောက်အနာနဲ့ Candidal ရောဂါအတွက်
အားကစားသမားတွေမှာ အဖြစ်များတဲ့ ခြေထောက်အနာရောဂါမျိုးကို ပျောက်ကင်းစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် Candidal မှိုစွဲအနာရောဂါတွေအတွက်လည်း အသုံးဝင်ပါတယ်။ ရေပူထဲကို ကြက်သွန်ဖြူကို ထည့်ပြီး စိမ်ထားပေးပါ။ သင့်ခြေထောက်/အနာစိမ်လို့ရမဲ့ ခပ်နွေးနွေးအနေအထားကို ရောက်တဲ့အခါ မိနစ် ၃၀ လောက် ထိုရေဖြင့် စိမ်ထားပေးလိုက်ပါ။ သင့်အတွက် အလွန်ထိရောက်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။
၄။ နားကူးစက်ရောဂါအတွက်
နားအတွင်းပိုင်းမှာဖြစ်ပေါ်တဲ့ ရောဂါတော်တော်များများကို ကြက်သွန်ဖြူက ပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။ ကြက်သွန်ဖြူအမွှာကို အရည်ညှစ်လို့ရအောင် အနည်းငယ်အပူပေးပြီး အရည်ညှစ်ပြီး နားအတွင်းကို ထည့်ပေးပါ။ အရမ်းအပူကြီးတော့ နားထည်ကို အထည့်ပါနဲ့။ အနည်းငယ်အေးတဲ့အချိန်မှ ကြက်သွန်ဖြူမှ ထွက်လာတဲ့အဆီကို ညှစ်ပြီး ထည့်ပေးပါ။
၅။ အဆူး စူးတဲ့အခါ
တခါတလေ သစ်သားစလေးတွေ၊ အခြားသင်မမြင်နိုင်တဲ့ အဆူးလေးတွေ စူးတဲ့အခါ ထုတ်ရအရမ်းခက်ခဲသလို အရမ်းလဲ နာကျင်မှုကိုဖြစ်စေပါတယ်။ ဒီလိုဝေဒနာနဲ့ ကြုံတဲ့အခါ မှေးညှပ်တွေ၊ အပ်တွေနဲ့ လျှောက်ထွင်ပြီး ဒီအစူးကို ထုတ်ဖို့ ကြိုးစားတာ က ကောင်းမွန်တဲ့ ကုထုံးတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်ဒီလိုအဖြစ်အပျက်ဝေဒနာနဲ့ ကြံုလာတဲ့အခါ ကြက်သွန်ဖြူကို သတိရလိုက်ပါ။ ကြက်သွန်ဖြူကို ပါးပါလေးလှီးပါ။ ပြီးလျှင် အဆူးစူးတဲ့နေရာမှာကပ်ထားပြီး ပတ်တီးစီးအိပ်လိုက်ပါ။ အိပ်ယာက နိုးလာရင် သင်စူးနေတဲ့ အဆူး မရှိတော့ပါဘူး။
၆။ အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားစေဖို့အတွက်
တခါတလေမှာ ဘာမဟုတ်တဲ့ အင်းဆက်ပိုးကောင်လေးသေးသေးလေးတွေကြောက် စိတ်ရှုပ်စရာ စိတ်ညစ်စရာဖြစ်အောင်ကြံုရပြီး အခပ်မသင့်ရင် ကူးစက်ရောဂါတွေကအစရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အင်းဆက်ပိုးကောင်တွေ ကိုယ်နဲ့ ဝေးဝေးမှာ နေစေချင်ရင်တော့ ကြက်သွန်ဖြူဆောင်ထားဖို့လိုအပ်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့အနံ့ဟာ အင်းဆက်ပိုးကောင်တွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပါတယ်။
၇။ ငါးမျှားတဲ့အခါ ငါးစာအတွက်
ကြက်သွန်ဖြူက ပိုးမွှားတွေအတွက်ဆန့်ကျင်နိုင်ပေမဲ့ ငါးအတွက်တော့ စွဲဆောင်မှုရှိတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ရေငန်မဟုတ်တဲ့ မြစ်တွေ၊ ချောင်းတွေ၊ ကန်တွေမှာ ကြက်သွန်ဖြူကို ငါးစာအဖြစ်အသုံးပြုပြီး ငါးမျှားနိုင်ပါတယ်။ များသောအားဖြင့် Crappies ငါးနဲ့ Walleyes ငါးတွေအရများပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုငါးတွေဟာ ကြက်သွန်ဖြူကို ကြိုက်နှစ်သက်တဲ့ ငါးအမျိုးအစားတွေဖြစ်တာကြောင့်ဖြစ်ပါတယ်။
၈။ ဆံပင်အတွက်
ကြက်သွန်ဖြူဟာ ဦးရေပြားမှာရှိတဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ်။ ဗောက်ထခြင်းကို ဆန့်ကျင်ပေးနိုင်တဲ့ Allicin ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် ဆံပင်ဆုံးရှုံးခြင်း၊ ဦးရေပြားအတွင်းစွဲကပ်နေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူအမွှာကို ခြမ်းပြီး ဦးရေပြားနဲ့ ဆံပင်ကို ပွတ်ပေးခြင်း၊ ဒါမှမဟုတ် ကြက်သွန်ဖြူဆီကို သုတ်လိမ်းပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ထိုကဲ့သို့ သုတ်လိမ်းပြီး မိနစ် ၃၀ကြာမှ သင့်ခေါင်းကို ဆေးကြောသုတ်သင်ပေးပါ။ ရက်သတ္တပတ်အနည်းငယ်အတွင်း ဗောက်ကင်းစင်ပြီး ဆံပင်ဆုံးရှုံးမှုကို လျော့နည်းလာစေပါတယ်။