အောင်မြင်တဲ့သူဖြစ်ဖြစ် အလယ်အလတ်တန်းစားဖြစ်ဖြစ် ကျရှုံးနေတဲ့သူဖြစ်ဖြစ် မလုပ်မဖြစ် လုပ်ရမယ့် ကိစ္စတစ်ခုကို လုပ်ဖို့ မေ့နေကြပါတယ်။ ကိုယ့်ရဲ့ ရှေ့ရေးအတွက် တွေးပူနေကြပြီး တကယ် လုပ်ရမယ့် အလုပ်ကို လုပ်ဖို့ကျ လုံးဝကို မလုပ်ဖြစ်ကြပါဘူး။ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စက ဘာလဲ။ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်ဖို့ပါပဲ။ ဒါဆိုရင် ဘယ်လိုအချက်တွေနဲ့ သုံးသပ်နိုင်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။
လူတွေရဲ့ နေ့စဉ်ဘဝ
လူတွေဟာ နေ့စဉ်နဲ့အမျှ အလုပ်ကိစ္စတွေနဲ့ အချိန်ကုန်နေရပြီး အလိုမပြည့်တာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ရဲ့ ရှေ့ရေး၊ ကိုယ့်ရဲ့ ဘဝတက်လမ်း ဒီထက်ပိုကောင်းသွားမှာဆိုတဲ့ အတွေးစိတ်ကူးမျိုးတွေ အကြိမ်ပေါင်းများစွာတွေးပြီး စိတ်မကောင်းဖြစ်နေကြလေ့ရှိပါတယ်။

အချိန်ကုန်မခံပါနဲ့
ဖြစ်မလာတဲ့အနာဂါတ်ကို တချိန်လုံးစောင့်မျှော်နေပြီး အချိန်ကုန်နေမယ့်အစား လက်ရှိအခြေအနေမှာ ငါဘယ်ရောက်နေလဲ၊ ဘယ်အဆင့်ထိ တက်လှမ်းလို့ရနိုင်မလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ ဖြစ်ခဲ့သမျှကိစ္စတွေကို ခေါင်းထဲမေ့ထားပြီး ကိုယ့်ရဲ့လက်ရှိအခြေအနေပေါ် သုံးသပ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချီးကျူးပါ
ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် ဦးစားပေးမနေပါနဲ့။ ညအိပ်ယာဝင်တိုင်း လက်ရှိအောင်မြင်မှု ဒါမှမဟုတ် ကျေနပ်စရာကောင်းမှု တစ်ခုခုကိုတွေးပြီး ခေါင်းထဲထည့်ပေးပါ။ လက်ရှိအောင်မြင်မှုအတွက် ကျေးဇူးတင် အသိအမှတ်ပြုပါ။ ကံတရားကို ကျေးဇူးတင်ပါ။

Lifestyle_Myanmar
ref-lifehack