လူသေဆုံးမှု အများဆုံးဖြစ်စေသော ထိပ်ဆုံးစာရင်းဝင် တိရိစ္ဆာန်များ အပိုင်း (၂)

0
44

မနက်ကတင်ထားပေးတဲ့ လူသေဆုံးမှု အများဆုံးဖြစ်စေတဲ့ ထိပ်ဆုံးစာရင်းဝင် တိရိစ္ဆာန်များရဲ့ ကျန်ရှိနေတဲ့ တိရိစ္ဆာန်များကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

(၆) ကင်းမြှီးကောက်

တစ်နှစ်မှာ လူပေါင်း ၃၂၅၀ သေဆုံးခဲ့ပါတယ်။ သေဆုံးမှုရဲ့ သုံးပုံတစ်ပုံဟာ မက္ကဆီကိုမှာ ဖြစ်ပွားခဲ့ပါတယ်။ ခရီးသွားနေစဉ်အခါမျိုးမှာ Deathstalker လို့ခေါ်တဲ့ကင်းမြှီးကောက်ကို ပိုပြီးသတိထားပါ။ သူတို့ဟာ neurotoxins လိုအဆိပ်မျိုးအပါအဝင် အခြားအရာအနှောအဆိပ်မျိုးပါ ဖြစ်စေတဲ့အတွက် အန္တရာယ်အကြီးဆုံးမျိုး၊ သေဆုံးနိုင်မှုအမြင့်ဆုံးမျိုးစိတ်ဘဲဖြစ်ပါတယ်။

(၇) မိချောင်း

မိချောင်းကိုက်ခံရမှုကြောင့် တစ်နှစ်မှာ လူ ၁၀၀၀ သေဆုံးတယ်လို့သိရပါတယ်။ သူတို့ဟာ လူတွေရဲ့ ပစ္စည်းဥစ္စာများကို မဖျက်ဆီးတတ်ကြပေမယ့် လူတွေကို တိုက်ခိုက်သတ်ဖြတ်ပစ်ဖို့ အခွင့်လမ်းများ အမြဲလိုစောင့်ကြည့်ရှာဖွေနေတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ ရေချို နဲ့ ရေငန် ထိစပ်နေတဲ့ ကမ်းနံဘေး ဒိုက်ပင်တွေထဲရှိတတ်ကြလို့ ရေချို ရေငန်ထိစပ်နေတဲ့ နေရာမျိုးတွေကိုသွားရင် သတိထားကြဖို့လိုပါတယ်။

(၈) တုတ်ပြားကောင်/ သန်ပြားကောင်


နှစ်စဉ် လူ ၇၀၀ လောက်သေပါတယ်။ မယုံကြည်နိုင်စရာ ဒဏ္ဏာရီတစ်ခုကတော့ ၁၉၂၀ လောက်မှာ လူတွေဟာ တုတ်ပြားကောင်တွေကို ဝိတ်လျော့ကျစေဖို့ အသုံးပြုခဲ့ကြပါတယ်တဲ့။ တုတ်ပြားကောင်တွေဟာ အန္တရာယ်ကပ်ရောဂါအမျိုးအစားပါဘဲ။ လူတွေစားသောက်နေတဲ့ အသားတွေထဲမှာ Cysticercosis လို့ခေါ်တဲ့ (သားလောင်းဖြစ်တည်နေတဲ့ အရည်အိတ်) ရှိတတ်ပါတယ်။ မသိရင်တော့ အကျိတ်အဖုလေးလိုပါဘဲ။ အဲ့ဒီလို အကျိတ်အဖုလေးပါတဲ့ အသားတွေကို အစိမ်းစားခြင်း၊ ကင်စားခြင်း နဲ့ မကျက်တကျက် ချက်စားရာမှတစ်ဆင့် တုတ်ပြားကောင်တွေဟာ ရှင်သန်ပေါက်ဖွားလာကြပါတယ်။ တုတ်ပြားကောင်တွေဟာ ဗိုက်နာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း နဲ့အာရုံကြောပျက်ဆီးစေခြင်းစတာတွေကို ဖြစ်စေပါတယ် ။ ကလေးငယ်တွေမှာ သက်ရောက်မှု ပြင်းထန်ပြီး အချို့ ကိုယ်ခံအားနည်းတဲ့ အရွယ်ရောက်ပြီး လူတွေမှာလည်း သက်ရောက်မှုပြင်းထန်တတ်ကြပါတယ်။ တုတ်ပြားကောင်တွေဟာ လူရဲ့ခန္ဓာကိုယ်တွင်းထဲမှာ နှစ် နှစ်ဆယ်လောက်ရှင်သန်နိုင်ပြီး လူကို အသက်အန္တရာယ်ဆုံးရှုံးစေတတ်တဲ့ဖြစ်စေနိုင်တဲ့အတွက် ဂရုပြုသင့်ပါတယ်။

(၉) ရေမြင်း

တစ်နှစ်မှာ လူ ၅၀၀ လောက် သေစေပါတယ်။ အာဖရိကတိုက်မှာတော့ ရေမြင်းဟာ ခြင်္သေ့ထက်တောင် ပိုပြီးရန်လိုကြပါတယ်လို့ပြောကြပါတယ်။ သူတို့ဟာ ပေါင် ၁၀၀၀ လောက်အလေးချိန်ရှိပြီး ၁၆ ပေထိရှည်လျားတတ်ကြပါတယ်။ သူတို့ဟာ ရေနဲ့နီးကပ်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် ၊ ရေထဲမှာဘဲဖြစ်ဖြစ် လှေတွေကိုတိုက်ခိုက်ဖျက်ဆီးနစ်မြုပ်စေပြီး လူတွေကိုသေစေပါတယ်။

(၁၀) အာဖရိကကျွဲရိုင်း

နှစ်စဉ် လူ ၂၀၀ ကိုသေဆုံးစေပါသတဲ့။ အာဖရိကတိုက်မှာ ပိုပြီးအဖြစ်များပါတယ်။ အမှတ်သည်းခြေကြီးပြီး ရန်လိုတတ်တဲ့သတ္တဝါလို့ သိထားကြပါတယ်။ ပေါင် ၁၂၀၀ လောက်ထိကြီးမားသန်စွမ်းကြပါတယ်တဲ့။

#Lifestyle_myanmar

#Dmo_aung

#Ref- Oddee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here