လူသိပ်မသိတဲ့ ကမ္ဘာပေါ်က ရှားပါးမျိုးစိတ် သတ္တဝါလေးများ

0
87

တောတွင်းတိရိစ္ဆာန်တွေရဲ့ ထူးခြားကွဲပြားတဲ့မျိုးစိတ်တွေက ကျွန်တော်တို့ကိုအမြဲတမ်း ထူးခြားအံ့သြစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဂြိုလ်ပေါ်မှာ ယခုလိုထူးခြားအံ့သြစရာကောင်းတဲ့ သတ္တ၀ါတွေရှိနေခဲ့တာကို သိလိုက်ရတဲ့အခါ ကမ္ဘာကြီးအကြောင်းကို ယခုထက်ပိုမိုသိချင်စိတ် ဖြစ်မိခဲ့ပါတယ်။

၁။ အမွေးနုတွေရှိတဲ့ တာရန်တူလာ ပင့်ကူ
မြင်လိုက်ရတာနဲ့ တန်းပြီးပွေ့ဖက်ချင်စရာကောင်းတဲ့ လှပပြီးကျက်သရေရှိတဲ့ ပင့်ကူမျိုးစိတ်ဖြစ်ပါတယ်။ သူ့ရဲ့အမွှေးတွေဟာ သားမွှေးပွတွေနဲ့ ပြုလုပ်ထားတဲ့အရုပ်တစ်ရုပ်ကဲ့သို့ နူးညံ့ပြီးထူထပ်နေပါတယ်။ အဆိပ်ပြင်းတဲ့ပင့်ကူမျိုးစိတ်ဖြစ်ပြီး ပင့်ကူတွေထဲမှာတော့ အလှဆုံးဖြစ်ပါတယ်။

၂။ Tarsier မျောက်ဝံ
အဆိုပါချစ်စရာကောင်းတဲ့ မျောက်ဝံမျိုးစိတ်ဟာ အရှေ့တောင်အာရှဒေမှာ ရှင်သန်နေထိုင်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အရွယ်အစားဟာ ၃ လက်မကနေ ၆လက်မ ထိသာရှိပြီး သဘာဝကပေးထားတဲ့ ကြီးမားတဲ့အ၀ါရောင်မျက်လုံးတွေနဲ့ ရှည်လျှားတဲ့ ခြေချောင်းလက်ချောင်းတွေကြောင့် မြင်ယုံနဲ့ချစ်တဲ့စိတ်ဖြစ်မိမှာပါ။ ဒါပေမယ့် သူတို့ဟာအသက်ရှင်ဖို့အတွက် တောတွင်းမှာပဲနေထိုင်ကျက်စားရပါတယ်။ မြို့တွေမှာ အလှမွေးရင်တောင် အသက်မရှင်နိုင်ကြပါဘူး။


၃။ အဖြူရောင်ခြင်္သေ့
အဖြူရောင်ခြင်္သေ့ဟာ သီးခြားမျိုးစိတ်အနေနဲ့မရှိပါဘူး။ သူတို့ဟာ မျိုးရိုးဗီဇရောဂါကြောင့် သူတို့ရဲ့အရောင်အသွေးက တစ်ခြားတိရိစ္ဆာန်တွေထက် ပိုမိုတောက်ပတာလို့ ယူဆကြပါတယ်။ သူတို့ကို တခါတလေ တောင်အာဖရိကမှာတွေ့ရပြီး အံ့သြစရာကောင်းလောက်အောင် ခန့်ငြားကြပါတယ်။

၎။ Axolotl
အဆိုပါသတ္တ၀ါဟာ ငါးမျိုးစိတ်ထဲမှာပါဝင်ပြီး ထူးဆန်းစွာခြေလေးချောင်းရှိတာကြောင့် လမ်းလျှောက်တဲ့ငါးလို့တင်စားကြပါတယ်။ ယင်းသတ္တ၀ါကို မက္ကဆီကန်ဒေသမှာ တွေ့ရှိရပြီး သူ့ရဲ့ ကြီးမားတဲ့ ပါးဟပ်တွေနဲ့ အမြဲတမ်းပြုံးနေသယောင်ရှိတာကြောင့် အိမ်မွေးတရိစ္ဆာန်အဖြစ် လူတွေကမွေးမြူကြပါတယ်။ ဒါကြောင့်ယခုအချိန်မှာ သူတို့ကို
တောနက်ထဲမှာတွေ့ဖို့ အရမ်းကိုခက်ခဲပါတယ်။ အရွယ်ရောက်တဲံ့ Axolitl ဟာတစ်လက်မသာသာခန့်သာ ရှည်ပြီးတော့ သူတို့မှာထူးခြားတဲ့ စွမ်းအားတွေရှိပါတယ်။ အဲဒါဟာ သူတို့ရဲ့ ပါးဟက်၊ အမြီးနဲ့ ခြေလက်အင်္ဂါတို့ဟာ အသစ်တဖန်ပြန်လည်မွေးဖွား နိုင်လို့ပါပဲ။

၅။ Thorny devil
ဆူးနတ်ဆိုးလို့ အဓိပ္ပာယ်ရတဲ့ အဆိုပါပုတ်သင်ညိုဟာ သြစတြေးလျတိုက်မှာ တွေ့ရှိရတဲ့ သတ္တ၀ါဖြစ်ပါတယ်။ သူ့ရဲ့ဦးခေါင်းပေါ်က ဦးချိုတွေနဲ့ မိစ္ဆာပုံစံဦးခေါင်းကြောင့် ရန်သူတွေနဲ့ သားကောင်ကိုလှည့်စားတိုက်ခိုက်ရာမှာ ပိုမိုလွယ်ကူပါတယ်။ Horny Devil တွေဟာ အစာကြူးသူများဖြစ်ပါတယ်။ သူတို့ဟာ တရက်ကိုပုရွက်ဆိတ်ထောင်ပေါင်းများစွာ ဖမ်းယူစားသောက်နိုင်ကြပါတယ်။

၆။ Pygmy marmoset
အလွန်သေးငယ်တဲ့ အဆိုပါပစ်ဂမီ မျောက်ဟာအရွယ်အစားအကြီးဆုံး ၆လက်မခန့်သာရှိပြီး အသေးဆုံးမျိုးစိတ်တွေထဲမှာ ပါဝင်ပါတယ်။၎င်း မျောက်များကို တောင်အမေရိကတိုက်ရဲ့ မိုးသစ်တောတွေမှာ တွေ့ရှိရပြီး သူတို့ဟာ သစ်ပင်တွေပေါ်မှာနေထိုင်အသက်ရှင်ပါတယ်။

၇။ Blobfish
ရုပ်အင်မတန်ဆိုးတဲ့ အဆိုပါငါးဟာ ပင်လယ်ရေနက် ပေပေါင်း ၂၄၀၀ လောက်မှာအသက်ရှင်နေထိုင်ပါတယ်။ ရေနက်ပိုင်းမှာနေသောလည်း သူ့ခန္ဓာကိုယ်သိပ်သည်းဆဟာ ရေထက်အများကြီးနည်းတာကြောင့် ရေအောက်မှာ အားစိုက်စရာမလိုပဲ ရေကူးနိုင်ကြောင်းသိရပါတယ်။ ယင်းသတ္တ၀ါကို အင်တာနက်တွင် meme အဖြစ်အသုံးပြုကြောင်း
သိရပါတယ်။ အာရှမှာ အဆိုပါငါးကို စာကောင်းသောက်ဖွယ်အဖြစ် စားသုံးကြောင်းလည်း သိရပါတယ်။

၈။ Frill-necked lizard
ကမ္ဘာပေါ်မှာ နဂါးသာတကယ်ရှိခဲ့လျှင် ယခုပုတ်သင်ညိုမျိုးစိတ်နဲ့ အလွန်တူမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းကြပါတယ်။ သူတို့ရဲ့ လည်ပင်းမှာအလွန်ကြီးမားတဲ့ ဒိုင်းသဖွယ်ပါရှိပြီး သားကောင်ဖမ်းရာမှာ အလွန်အစွမ်းထက်တဲ့ မုဆိုးများဖြစ်ကြပါတယ်။

၉။ Stove pipe sponge
သက်ရှိတစ်ကောင်ထက် အပင်တစ်ပင်နဲ့ ပိုတူတဲ့ အဆိုပါရေမြှပ်ဟာ ပြွန်ပုံသဏ္ဍာန်ဖွဲ့စည်းမှုနှင့် ကြောက်မက်ဖွယ်အသွင်သဏ္ဍာန်ရှိပါတယ်။ သူရဲ့ပြွန်ချောင်းတွေဟာ ၅ ပေ အမြင့်ထိရှည်လျားနိုင်ပြီး သုံးလက်မလောက်ထိအထူရှိပါတယ်။အဆိုပါရေမြှပ်ဟာ သူသေဆုံးပြီး နှစ်ရာပေါင်းများစွာထိ ပြွန်ချောင်းတွေဟာ ဆက်လက်ကြီးထွားကြောင်း သိရပါတယ်။


၁၀။ Aye-aye
Maurice ကာတွန်းမှာ ကာတွန်းဇာတ်ကောင်အဖြစ်ပါဝင်တဲ့ အဆိုပါသတ္တ၀ါလေးဟာ မာဒါဂတ်စကာရဲ့ မြောက်ပိုင်းမှာ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ သူတို့ဟာ စပ်စုတဲ့သတ္တ၀ါလေးတွေအဖြစ် လူသိများပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ အသင့်အတင့်သာရှိပြီး အမြီးကတော့ ၂ပေလောက်ရှည်လျားပါတယ်။

၁၁။ Lesser mouse-deer
သမင်မျိုးနွယိဝင်ဖြစ်တဲ့ အဆိုပါကြွက်နှုတ်သီိးနဲ့သတ္တ၀ါဟာ ကမ္ဘာ့ခြေချောင်းအသေးဆုံး သတ္တ၀ါစာရင်းဝင် ဖြစ်ပါတယ်။ အရွယ်ရောက်နေတဲ့ အကောင်တောင်မှ ၁၀ လက်မခန့်သာရှိပါတယ်။ သူတို့ဟာ အလွန်အမင်းကြောက်တတ်ကြပြီး ညမှာကျက်စားတဲ့ တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်။

မိသားစုအတွင်း ကောင်းမွန်တဲ့အကျင့်စရိုက်နဲ့၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အကျင့်စရိုက် (၈) မျိုး

Source-Trending Cube
#LM_Naung_Naung
#Lifestyle_Myanmar

 

LEAVE A REPLY

Please enter your comment!
Please enter your name here