လူလယ်ကောင်မှာ ချစ်သူကို ၅၂ချက်တိတိ ပါးရိုက်ရတဲ့စုံတွဲတစ်တွဲရဲ့ နောက်ကွယ်ကအကြောင်းအရင်း

0
539
ချစ်သူစုံတွဲ
ချစ်သူစုံတွဲ

စုံတွဲအများစုထဲကမှ အချို့စုံတွဲတွေဟာ ကိုယ့်ချစ်သူက ကိုယ့်အပေါ် ဘယ်လောက်ချစ်တယ်/ ဘယ်လောက် မချစ်ဘူးဆိုတာကို အခုလို ကုန်ပစ္စည်းတွေနဲ့ စမ်းသပ်လေ့ရှိပါတယ်။ အခုအဖြစ်အပျက်လေးဟာ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့က တရုတ်နိုင်ငံ စီချွမ်လမ်းမပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်ကတော့ အချိန်တိုအတွင်း အကျည်းတန်စွာပဲ အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။

-Advertisement-

ပါးရိုက်ရတဲ့ အခြေအနေအထိ သူမပေါက်ကွဲရတဲ့ အကြောင်းအရင်းကတော့ ရည်းစားဖြစ်သူက သူမအတွက် ဖုန်းမဝယ်ပေးလို့ပဲဖြစ်ပါတယ်။ လူလယ်ကောင်ကြားမှာ ၅၂ချက်အထိ ပါးရိုက်ခဲ့ပေမဲ့ ကောင်လေးဘက်ကဘာလက်တုံ့ပြန်မှုမှ မရှိသေးဘူးလို့ဆိုပါတယ်။ ဘေးမှာရှိတဲ့ လူအချို့ က သူမရဲ့ အပြုအမူကို ရန့်တန့်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက် ရဲတွေရာက်လာပြီး သူမကို မတော်မတရားပြုမှုဆက်ဆံမှုနဲ့ ရဲစခန်းမှာဖြေရှင်းဖို့ ခေါ်ခဲ့ပါတယ်။

ရဲတွေဘက်က ထိုစုံတွဲကို ကြားဝင်ဖြေရှင်းခဲ့ပေမဲ့ ကောင်လေးဘက်က သူ့ရည်းစားဒုက္ခရောက်မှာဆိုးလို့ ထိုအုပ်စုနဲ့ဝေးတဲ့နေရာ ကောင်မလေးကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ရဲတွေကလည်း တာဝန်အရ သူမတို့နှစ်ဦးစီ လိုက်လာပြီး အေးအေးဆေးဆေး စစ်ဆေးကြည့်တဲ့အခါမှာတော့ အဖြစ်အပျက်အားလုံးကို သိခဲ့ရပြီး ကောင်မလေးဘက်က ဒေါသထွက် ပါးရိုက်တာကို ခွင့်လွတ်ပေးလိုက်ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ ကောင်လေးကို အမြဲလိုလို ငွေရေးကြေးရေး ထောက်ပံ့ပေးသူတစ်ဦးလည်းဖြစ်ပါတယ်။ ယခု ၅လပိုင်း ၂၀ ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ အချစ်သင်္ကေတ ၅၂၀ ချစ်သူများနေ့ လို့ သတ်မှတ်ကြပါတယ်။ ထိုအထိမ်းအမှတ်ရောက်တဲ့အခါ ကောင်မလေးဘက်က ကောင်လေးဆီကနေ ဖုန်းလိုချင်လို့ ပူဆာခဲ့ပါတယ်။ ကောင်လေးဘက်က ဖုန်းဝယ်ဖို့ မတတ်နိုင်တဲ့အခါမှာတော့ အခုလို ဒေါသထွက်ပြီး ကိုယ်ထိလက်ရောက် ပြုမူဆက်ဆံခဲ့တာလို့ ဆိုပါတယ်။ ကောင်မလေးဘက်က ၅၂၀ ချစ်သူများနေ့ အထိမ်းအမှတ်နဲ့ ပါးကို ၅၂နှစ်တိတိ ရေပြီ ရိုက်လိုက်တာနဲ့တူပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သင့်ရဲ့ relationship ကိုပိုမိုတည်ငြိမ်စေဖို့အတွက် အလွယ်ကူဆုံးအရာလေးများ

Zawgyi fonts








LEAVE A REPLY

Please enter your comment!
Please enter your name here