
0
644



#Lifestyle_Myanmar

#Thar_Nage

သင့်ကလေးရဲ့ အမှောင်ကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်အောင် ဘယ်လိုကူညီပေးမလဲ?

Unicode

လူမျက်နှာနဲ့ ရေပုတ်သင်ခန္ဓာကိုယ်ရှိတဲ့ တိရိစ္ဆာန်တစ်ကောင်ကို ဥယျာဉ်တစ်ခုမှာတွေ့ရ
ဒီလို လူမျက်နှာပုံစံနဲ့ ရေပုတ်သင်ခန္ဓာကိုယ်ရှိတဲ့ တိရိစ္ဆာန်တစ်ကောင်ကို အိန္ဒိယမှာမွေးဖွားခဲ့တဲ့အတွက်ကြောင့် ထူးဆန်းတဲ့သတ္တဝါအဖြစ် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ အဆိုပါ တိရိစ္ဆာန်ရဲ့ မျက်နှာဖွဲ့စည်းပုံဟာ လူတစ်ယောက်လိုနူးညံ့သိမ်မွေ့မှုရှိပြီး နှာခေါင်း နဲ့ နှုတ်ခမ်းတို့က လူသားတစ်ယောက်နဲ့ အတော်လေးကို ဆင်တူပါတယ်။ ဒီလို လူတစ်ပိုင်း တိရိစ္ဆာန်တစ်ပိုင်းအဖြစ် မွေးဖွားလာတဲ့ တိရိစ္ဆာန်ကို ရွာခံတွေအားလုံးက မွေးမွေးပြီးချင်း အထိတ်တလန့်ဖြစ်ကုန်ကြပါတယ်။

အဆိုပါ ပုတ်သင်နေထိုင်တဲ့နေရာပတ်ပတ်လည်ကို Video ရိုက်ထားခြင်းရှိပေမဲ့ အန္ဒိယရဲ့ ဘယ်နေရာမှာလည်းဆိုတာတော့ အတည်အကျဖော်ပြထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် အင်တာနက်သုံးဆွဲသူတွေအနေနဲ့ အဆိုပါပုံဟာ တကယ်အစစ်မဟုတ်ဘူး။ Photoshop နဲ့ ပြုပြင်ထားတဲ့ပုံလို့လည်း မှတ်ချက်ပေးကြပါတယ်။ အချို့ကလည်း အခုခေတ်မှာ တစ်ဖြေးဖြေးနဲ့ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေတောင် လူနဲ့ ရုပ်ချင်းဆင်လာကြတာကြောင့် တစ်ဖြေးဖြေးနဲ့ ခေတ်ကြီးက ပြောင်းလဲလာတာလို့လဲ ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here