လူပျင်းတွေအတွက် အလိုလျောက် ခေါင်းလျှော်ပေးတဲ့စက်ကို တီထွင်ခဲ့တဲ့ အမျိုးသား

0
339

ပြီးခဲ့တဲ့အပတ်က Handyman Di ဆိုသူ တရုတ်အမျိုးသားတစ်ဦးဟာ ဇောက်ထိုးအနေအထားနဲ့ အလိုလျှောက်ခေါင်းလျှော်ပေးနိုင်မယ့် စက်ကိုတီထွင်ခဲ့ပြီး weibo မှာသူ့ရဲ့ ဗီဒီယိုတင်ခဲ့ပါတယ်။

Di ရဲ့အဆိုအရ နည်းလမ်းဟောင်းနဲ့ ခေါင်းလျှော်ခြင်းဟာ အချိန်နဲ့စွမ်းအင်ကို ပိုမိုသုံးစွဲရပြီး အရမ်းအားသုံးရင်လည်း ဆံသားတွေကိုပျက်စီးစေနိုင်ပါတယ်။ ယခုသူတီထွင်တဲ့ စက်ကတော့ အလိုလျောက်ခေါင်းလျှော်ပေးတဲ့အတွက် အချိန်ကုန်သက်သာခြင်း၊ လူအားမစိုက်ရခြင်း၊ ရေကိုချွေတာရာရောက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာြဖစ်ကြောင်း သူကဆိုပါတယ်။

စက်သုံးစွဲဖို့အတွက် အနည်းငယ်ရှုပ်ထွေးနိုင်ပေမယ့် အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပထမဦးစွာ အိပ်ရာပေါ်မှာအိပ်လျှက်အနေအထားနဲ့ ရေအောက်မှာအသက်ရှုနိုင်ဖို့အတွက် ပလပ်စတစ်ပြွန်ကို အရင်ဆုံးတပ်ထားရပါတယ်။

ပြီးလျှင်အိပ်ရာကို ၉၀ ဒီဂရီအနေအထားထောင်ပြီး လူကဇောက်ထိုးအနေအထားနဲ့ ခေါင်းလျှော်စက်ထဲကို ခေါင်းစိုက်ထားရပါတယ်။

ပြီးရင်တော့ ရေကသူ့အလိုလိုဖြည့်ပြီး ခေါင်းကိုစတင်လျှော်မှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်လောက်ကြာရင် ရေကသူ့အလိုလို ထွက်သွားမှာဖြစ်ပြီး ဆံပင်ခြောက်ဖို့အတွက် Dryer က စတင်အလုပ်လုပ်မှာဖြစ်ပါတယ်။

သူရဲ့ဗီဒီယိုကို ကြည့်ရှုခဲ့သူ ၂၃ သန်းကျော်ရှိခဲ့ပြီး သူ့ရဲ့ခက်ခက်ခဲခဲ တီထွင်ခဲ့မှုအတွက် ချီးကျူးတဲ့သူတွေ၊ ဟာသလုပ်တဲ့သူတွေလည်း အင်တာနက်မှာ အမြောက်အများရှိခဲ့ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar
Source

လူပ်င္းေတြအတြက္ အလိုေလ်ာက္ ေခါင္းေလွ်ာ္ေပးတဲ့စက္ကို တီထြင္ခဲ့တဲ့ အမ်ိဳးသား
ၿပီးခဲ့တဲ့အပတ္က Handyman Di ဆိုသူ တ႐ုတ္အမ်ိဳးသားတစ္ဦးဟာ ေဇာက္ထိုးအေနအထားနဲ႔ အလိုေလွ်ာက္ေခါင္းေလွ်ာ္ေပးႏိုင္မယ့္ စက္ကိုတီထြင္ခဲ့ၿပီး weibo မွာသူ႔ရဲ႕ ဗီဒီယိုတင္ခဲ့ပါတယ္။
Di ရဲ႕အဆိုအရ နည္းလမ္းေဟာင္းနဲ႔ ေခါင္းေလွ်ာ္ျခင္းဟာ အခ်ိန္နဲ႔စြမ္းအင္ကို ပိုမိုသုံးစြဲရၿပီး အရမ္းအားသုံးရင္လည္း ဆံသားေတြကိုပ်က္စီးေစႏိုင္ပါတယ္။ ယခုသူတီထြင္တဲ့ စက္ကေတာ့ အလိုေလ်ာက္ေခါင္းေလွ်ာ္ေပးတဲ့အတြက္ အခ်ိန္ကုန္သက္သာျခင္း၊ လူအားမစိုက္ရျခင္း၊ ေရကိုေခြၽတာရာေရာက္ျခင္း စတဲ့ အက်ိဳးေက်းဇူးေတြကို ရရွိမွာျဖစ္ေၾကာင္း သူကဆိုပါတယ္။
စက္သုံးစြဲဖို႔အတြက္ အနည္းငယ္ရႈပ္ေထြးႏိုင္ေပမယ့္ အဆင္ေျပစြာ အသုံးျပဳႏိုင္မွာျဖစ္ေၾကာင္း ပထမဦးစြာ အိပ္ရာေပၚမွာအိပ္လွ်က္အေနအထားနဲ႔ ေရေအာက္မွာအသက္ရႈႏိုင္ဖို႔အတြက္ ပလပ္စတစ္ႁပြန္ကို အရင္ဆုံးတပ္ထားရပါတယ္။ ၿပီးလွ်င္အိပ္ရာကို ၉၀ ဒီဂရီအေနအထားေထာင္ၿပီး လူကေဇာက္ထိုးအေနအထားနဲ႔ ေခါင္းေလွ်ာ္စက္ထဲကို ေခါင္းစိုက္ထားရပါတယ္။
ၿပီးရင္ေတာ့ ေရကသူ႔အလိုလိုျဖည့္ၿပီး ေခါင္းကိုစတင္ေလွ်ာ္မွာျဖစ္ပါတယ္။ မိနစ္အနည္းငယ္ေလာက္ၾကာရင္ ေရကသူ႔အလိုလို ထြက္သြားမွာျဖစ္ၿပီး ဆံပင္ေျခာက္ဖို႔အတြက္ Dryer က စတင္အလုပ္လုပ္မွာျဖစ္ပါတယ္။ သူရဲ႕ဗီဒီယိုကို ၾကည့္ရႈခဲ့သူ ၂၃ သန္းေက်ာ္ရွိခဲ့ၿပီး သူ႔ရဲ႕ခက္ခက္ခဲခဲ တီထြင္ခဲ့မႈအတြက္ ခ်ီးက်ဴးတဲ့သူေတြ၊ ဟာသလုပ္တဲ့သူေတြလည္း အင္တာနက္မွာ အေျမာက္အမ်ားရွိခဲ့ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here