လူတွေရဲ့ ဖျော်ဖြေမှုအတွက် လမစေ့ကလေးတွေကို ပြသပြီး အသက်ပေါင်း ၆၅၀၀ကို ကယ်တင်ခဲ့တဲ့ ၂၀ရာစုအစောပိုင်းက ဆရာဝန်အတု

0
266

ဒီကလေးငယ်တွေကိုတွေ့ရင် ဒီလိုထူးဆန်းတဲ့ သတ္တဝါလေးတွေက လူသားတွေ ဘယ်လိုဖြစ်လာမှာလဲလို့ သင်တွေးမိပါလိမ့်မယ်။ သူတို့ဟာ နောက်ဆုံးမှာ ကြံ့ခိုင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေဖြစ်လာမယ့် မျောက်သေးသေးလေးတွေနဲ့ တူတယ်လို့ World’s Fair weekly ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးကို 1933မှာ “Saving Babies”လို့နာမည်ပေးပြီး ထုတ်ဝေခဲ့ပါတယ်၊ အဲ့ဒီအချိန်တုန်းက ဆေးရုံတွေဟာ လမစေ့မွေးဖွားတဲ့ ကလေးတွေကို မကုသကြပါဘူး။ လမစေ့ဘဲ မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူတို့က ငါတို့အားလုံးအတွက် ဘာအကူအညီမှ မပေးခဲ့ပါဘူး၊ ကမ္ဘာကြီးကို မင်းမပိုင်တဲ့အတွက် မင်းသေယုံပဲရှိတယ် ဆိုပြီး ပြန်ပြောပြခဲ့ပါတယ်၊။ ဒါပေမယ့် သူမဖခင်က သူမကို ဂရုစိုက်ပေးနိုင်မယ့် လူတစ်ယောက်ကို သိခဲ့ပါတယ်။ သူ့နာမည်ကတော့ Martin Couney ဖြစ်ပါတယ်။

Martin Couney ဟာ ဆေးဘက်ဆိုင်ရာ ဘာအထောက်အထားမှ ရှိပုံမပေါ်ပါဘူး။ သူဟာ ဥရောပမှာ incubators ခေါ် အနွေးဓါတ်ပေးတဲ့ ဖန်ပေါင်းချောင်တွေကို လူကြိုက်များလာစေခဲ့သူ ပြင်သစ်ဆရာဝန် Pierre-Constant Budinရဲ့ လမ်းညွှန်ပံ့ပိုးမှုကို ရရှိထားသူ တစ်ယောက်ဖြစ်တယ်လို့ ဆိုထားပေမယ့် ဒီပြောဆိုချက်အတွက် ဘာအထောက်အထားမျှ မရှိခဲ့ပါဘူး။ ဖန်ပေါင်းချောင်တွေကို ၁၈၈၀ ခုနှစ်တုန်းက ကလေးတွေအတွက် ပြင်သစ်မှာ တီထွင်ခဲ့ပါတယ်၊။ Martin Couney ဟာ 1896 ခုနှစ်တွင် ဘာလင်ပြပွဲမှာ ပထမဆုံးပြသခဲ့ပါတယ်။ သူဟာ တခြားနိုင်ငံတွေမှာနောက်ထပ်ပြပွဲများကို သွားရောက် ပြသခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာတော့ ဖန်ပေါင်းချောင် ထဲထည့်ပြီး လမစေ့ကလေးတွေ ပြစားမှုကို အမေရိကန်နိုင်ငံမှာပဲ အခြေချခဲ့ပါတယ်။

ဧည့်သည်တွေဟာ ကလေး သေးသေးလေးတွေကို ကြည့်ဖို့ ၂၅ဆင့်ပေးရပြီး ထိုငွေဖြင့် ကလေးတွေကို စောင့်ရှောက်မှု ထောက်ပံ့ပေးပါတယ်။ (နောက်ပိုင်းမှာ incubator doctor လို့အခေါ်ခံရတဲ့) ကိုယ့်ဘာသာ ဆရာဝန်ခံယူထားတဲ့ Martin Couney ဟာ သေခြင်းနှင့် ရှင်သန်ခြင်းအကြားက ရုန်းကန်မှုကို ပြသခဲ့ပါတယ်။ Coney ကျွန်းဟာ ဆွဲဆောင်မှု အကောင်းဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

အများအားဖြင့် လမစေ့ကလေးတွေကို မျိုးရိုးဗီဇဆိုင်ရာ အဆင့်အတန်းနိမ့်ကျတယ်လို့ သတ်မှတ်ထားပြီး စွန့်ပစ်ကြပါတယ်။ ဒါကို Martin Couney ကလက်မခံနိုင်တာကြောင့် စမ်းသပ်လေ့လာမှုအဖြစ် စျေးကြီးတဲ့ အဖြေတစ်ခုကို သူရှာဖွေခဲ့ပါတယ်။ ဆေးရုံက ဘာစောင့်ရှောက်မှုမှာ မပေးနိုင်တဲ့ လမစေ့ကလေးတွေကို incubators ထဲထည့်ပြီး လူတွေကို ပြသခဲ့ပါတယ်။

ထိုကလေးတွေကို ကုသဖို့ တစ်နေ့လျှင် ဒေါ်လာ ၁၅ဒေါ်လာ လောက်(ယနေ့ ဒေါ်လာ ၄၀၀ကျော်နှင့် ညီမျှတဲ့နှုန်းဖြင့်) ကုန်ကျတာကြောင့် ကလေးတွေကို ကြည့်ရှုဖို့ ၂၅ဆင့်ပေးရသူများဟာ အခြေခံအားဖြင့် ကလေးတွေရဲ့ ဘဝတိုက်ပွဲကို ငွေကြေး ထောက်ပံ့နေကြရသလို ဖြစ်စေပါတယ်။

Martin Couneyကို တကယ့်ဆရာဝန်မဟုတ်တဲ့ showman တစ်ယောက်အဖြစ်သာ သတ်မှတ်ထားပြီး ဆေးပညာရှင်များက ရှောင်ဖယ်ထားခဲ့ပါတယ်။ လမစေ့မွေးတဲ့ ကလေးတွေကို ဂရုစိုက်ပေးပါက သူ့ရဲ့ ဒီပြပွဲတွေကို စွန့်လွှတ်ပါမယ့်လို့ မီဒီယာများကို သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်၊။

ဖန်ပေါင်းချောင်တွေကို ဖန်နှင့် စတီးဖြင့် ပြုလုပ်ထားပြီး ၅ပေခန့် အမြင့်ရှိပါတယ်။ ကလေးအိပ်တဲ့ အိပ်ရာကို အပြင်ဘက်ကနေ ဘွိုင်လာတစ်လုံးဖြင့် အပူပေးထားပါတယ်။ သူဟာ မိခင်နို့တိုက်ကျွေးဖို့အတွက် စောစီးစွာ ထောက်ခံခဲ့သူဖြစ်ပြီး သူ့ရဲ့သူနာပြုတွေ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ တွေ့ရှိတာနဲ့ အလုပ်မှ ထုတ်ပစ်တတ်ပါတယ်။ သူနာပြုတွေဟာ အဖြူရောင် ယူနီဖောင်းကို ဝတ်ဆင်ကြပြီး ကလေးငယ်တွေထားတဲ့နေရာကို လုံးဝသန့်ရှင်းအောင် သန့်ရှင်းထားရပါတယ်။ Prussian မှာမွေးဖွားတဲ့ Martin Couney ဟာ အမေရိကန်ဆေးပညာလောကကို ပြောင်းလဲစေခဲ့ပြီး မွေးကင်းစကလေး ၆၅၀၀ခန့်ကို ကယ်တင်ခဲ့တယ်လို့ လူတွေက ခန့်မှန်းခဲ့ကြပါတယ်။

၁၉၄၀ ပြည့်နှစ် အစောပိုင်းအချိန်မှာ လမစေ့ကလေးတွေရဲ့ မျက်နှာသွင်ပြင်ကို စိတ်ဝင်စားမှု လျော့နည်းသွားသော်လည်း ဆေးရုံတွေဟာ လမစေ့ကလေးတွေကို စောင့်ရှောက်မှုနှင့် ကုသမှုပေးတဲ့ စင်တာများကို စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ Couney ရဲ့ အိမ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူဟာ ၁၉၅၀ခုနှစ် အသက် ၈၀အရွယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပိုက်ဆံမရှိတာကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမွေအနှစ်တွေက ရှင်သန်နေဆဲပါ။

Lifestyle_Myanmar

LM_Nandar

ZawGyi

လူေတြရဲ႕ ေဖ်ာ္ေျဖမႈအတြက္ လမေစ့ကေလးေတြကို ျပသၿပီး အသက္ေပါင္း ၆၅၀၀ ကိုကယ္တင္ခဲ့တဲ့ ၂၀ရာစုအေစာပိုင္းက ဆရာဝန္အတု
ဒီကေလးငယ္ေတြကိုေတြ႕ရင္ ဒီလိုထူးဆန္းတဲ့ သတၱဝါေလးေတြက လူသားေတြ ဘယ္လိုျဖစ္လာမွာလဲလို႔ သင္ေတြးမိပါလိမ့္မယ္။ သူတို႔ဟာ ေနာက္ဆုံးမွာ ႀကံ့ခိုင္တဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြျဖစ္လာမယ့္ ေမ်ာက္ေသးေသးေလးေတြနဲ႔ တူတယ္လို႔ World’s Fair weekly ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။ ဒီေဆာင္းပါးကို 1933မွာ “Saving Babies”လို႔နာမည္ေပးၿပီး ထုတ္ေဝခဲ့ပါတယ္၊ အဲ့ဒီအခ်ိန္တုန္းက ေဆး႐ုံေတြဟာ လမေစ့ေမြးဖြားတဲ့ ကေလးေတြကို မကုသၾကပါဘူး။ လမေစ့ဘဲ ေမြးဖြားခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူတို႔က ငါတို႔အားလုံးအတြက္ ဘာအကူအညီမွ မေပးခဲ့ပါဘူး၊ ကမာၻႀကီးကို မင္းမပိုင္တဲ့အတြက္ မင္းေသယုံပဲရွိတယ္ ဆိုၿပီး ျပန္ေျပာျပခဲ့ပါတယ္၊။ ဒါေပမယ့္ သူမဖခင္က သူမကို ဂ႐ုစိုက္ေပးႏိုင္မယ့္ လူတစ္ေယာက္ကို သိခဲ့ပါတယ္။ သူ႔နာမည္ကေတာ့ Martin Couney ျဖစ္ပါတယ္။

Martin Couney ဟာ ေဆးဘက္ဆိုင္ရာ ဘာအေထာက္အထားမွ ရွိပုံမေပၚပါဘူး။ သူဟာ ဥေရာပမွာ incubators ေခၚ အေႏြးဓါတ္ေပးတဲ့ ဖန္ေပါင္းေခ်ာင္ေတြကို လူႀကိဳက္မ်ားလာေစခဲ့သူ ျပင္သစ္ဆရာဝန္ Pierre-Constant Budinရဲ႕ လမ္းၫႊန္ပံ့ပိုးမႈကို ရရွိထားသူ တစ္ေယာက္ျဖစ္တယ္လို႔ ဆိုထားေပမယ့္ ဒီေျပာဆိုခ်က္အတြက္ ဘာအေထာက္အထားမွ် မရွိခဲ့ပါဘူး။ ဖန္ေပါင္းေခ်ာင္ေတြကို ၁၈၈၀ ခုႏွစ္တုန္းက ကေလးေတြအတြက္ ျပင္သစ္မွာ တီထြင္ခဲ့ပါတယ္၊။ Martin Couney ဟာ 1896 ခုႏွစ္တြင္ ဘာလင္ျပပြဲမွာ ပထမဆုံးျပသခဲ့ပါတယ္။ သူဟာ တျခားႏိုင္ငံေတြမွာေနာက္ထပ္ျပပြဲမ်ားကို သြားေရာက္ ျပသခဲ့ပါတယ္။ ၁၉၀၃ ခုႏွစ္မွာေတာ့ ဖန္ေပါင္းေခ်ာင္ ထဲထည့္ၿပီး လမေစ့ကေလးေတြ ျပစားမႈကို အေမရိကန္ႏိုင္ငံမွာပဲ အေျခခ်ခဲ့ပါတယ္။

ဧည့္သည္ေတြဟာ ကေလး ေသးေသးေလးေတြကို ၾကည့္ဖို႔ ၂၅ဆင့္ေပးရၿပီး ထိုေငြျဖင့္ ကေလးေတြကို ေစာင့္ေရွာက္မႈ ေထာက္ပံ့ေပးပါတယ္။ (ေနာက္ပိုင္းမွာ incubator doctor လို႔အေခၚခံရတဲ့) ကိုယ့္ဘာသာ ဆရာဝန္ခံယူထားတဲ့ Martin Couney ဟာ ေသျခင္းႏွင့္ ရွင္သန္ျခင္းအၾကားက ႐ုန္းကန္မႈကို ျပသခဲ့ပါတယ္။ Coney ကြၽန္းဟာ ဆြဲေဆာင္မႈ အေကာင္းဆုံးေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။

အမ်ားအားျဖင့္ လမေစ့ကေလးေတြကို မ်ိဳး႐ိုးဗီဇဆိုင္ရာ အဆင့္အတန္းနိမ့္က်တယ္လို႔ သတ္မွတ္ထားၿပီး စြန္႔ပစ္ၾကပါတယ္။ ဒါကို Martin Couney ကလက္မခံႏိုင္တာေၾကာင့္ စမ္းသပ္ေလ့လာမႈအျဖစ္ ေစ်းႀကီးတဲ့ အေျဖတစ္ခုကို သူရွာေဖြခဲ့ပါတယ္။ ေဆး႐ုံက ဘာေစာင့္ေရွာက္မႈမွာ မေပးႏိုင္တဲ့ လမေစ့ကေလးေတြကို incubators ထဲထည့္ၿပီး လူေတြကို ျပသခဲ့ပါတယ္။ ထိုကေလးေတြကို ကုသဖို႔ တစ္ေန႔လွ်င္ ေဒၚလာ ၁၅ေဒၚလာ ေလာက္(ယေန႔ ေဒၚလာ ၄၀၀ေက်ာ္ႏွင့္ ညီမွ်တဲ့ႏႈန္းျဖင့္) ကုန္က်တာေၾကာင့္ ကေလးေတြကို ၾကည့္ရႈဖို႔ ၂၅ဆင့္ေပးရသူမ်ားဟာ အေျခခံအားျဖင့္ ကေလးေတြရဲ႕ ဘဝတိုက္ပြဲကို ေငြေၾကး ေထာက္ပံ့ေနၾကရသလို ျဖစ္ေစပါတယ္။

Martin Couneyကို တကယ့္ဆရာဝန္မဟုတ္တဲ့ showman တစ္ေယာက္အျဖစ္သာ သတ္မွတ္ထားၿပီး ေဆးပညာရွင္မ်ားက ေရွာင္ဖယ္ထားခဲ့ပါတယ္။ လမေစ့ေမြးတဲ့ ကေလးေတြကို ဂ႐ုစိုက္ေပးပါက သူ႔ရဲ႕ ဒီျပပြဲေတြကို စြန္႔လႊတ္ပါမယ့္လို႔ မီဒီယာမ်ားကို သူကိုယ္တိုင္ ေျပာၾကားခဲ့ပါတယ္၊။ ဖန္ေပါင္းေခ်ာင္ေတြကို ဖန္ႏွင့္ စတီးျဖင့္ ျပဳလုပ္ထားၿပီး ၅ေပခန္႔ အျမင့္ရွိပါတယ္။ ကေလးအိပ္တဲ့ အိပ္ရာကို အျပင္ဘက္ကေန ဘြိဳင္လာတစ္လုံးျဖင့္ အပူေပးထားပါတယ္။ သူဟာ မိခင္ႏို႔တိုက္ေကြၽးဖို႔အတြက္ ေစာစီးစြာ ေထာက္ခံခဲ့သူျဖစ္ၿပီး သူ႔ရဲ႕သူနာျပဳေတြ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ ေတြ႕ရွိတာနဲ႔ အလုပ္မွ ထုတ္ပစ္တတ္ပါတယ္။ သူနာျပဳေတြဟာ အျဖဴေရာင္ ယူနီေဖာင္းကို ဝတ္ဆင္ၾကၿပီး ကေလးငယ္ေတြထားတဲ့ေနရာကို လုံးဝသန္႔ရွင္းေအာင္ သန္႔ရွင္းထားရပါတယ္။ Prussian မွာေမြးဖြားတဲ့ Martin Couney ဟာ အေမရိကန္ေဆးပညာေလာကကို ေျပာင္းလဲေစခဲ့ၿပီး ေမြးကင္းစကေလး ၆၅၀၀ခန္႔ကို ကယ္တင္ခဲ့တယ္လို႔ လူေတြက ခန္႔မွန္းခဲ့ၾကပါတယ္။

၁၉၄၀ ျပည့္ႏွစ္ အေစာပိုင္းအခ်ိန္မွာ လမေစ့ကေလးေတြရဲ႕ မ်က္ႏွာသြင္ျပင္ကို စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားေသာ္လည္း ေဆး႐ုံေတြဟာ လမေစ့ကေလးေတြကို ေစာင့္ေရွာက္မႈႏွင့္ ကုသမႈေပးတဲ့ စင္တာမ်ားကို စတင္ဖြင့္လွစ္ခဲ့ၾကပါတယ္။ Couney ရဲ႕ အိမ္မက္က အမွန္တကယ္ျဖစ္လာခဲ့ပါတယ္။ ကံမေကာင္းစြာပဲ သူဟာ ၁၉၅၀ခုႏွစ္ အသက္ ၈၀အ႐ြယ္မွာ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ ပိုက္ဆံမရွိတာေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အေမြအႏွစ္ေတြက ရွင္သန္ေနဆဲပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here