လူတွေမသိသေးတဲ့ facebookရဲ့ လှည့်ကွက် ၆ခု

0
1026
- Advertisement -

facebookဟာ လူတွေကို ဆက်သွယ်ရေးပိုကောင်းအောင် လုပ်ပေးနေတဲ့ social နည်းပညာတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်ကာလတစ်ခုကပဲ facebookမှာ အသစ်ပြောင်းလဲသွားတဲ့အရာတွေရှိပါတယ်။ အချို့သော သော့ချက်စာလုံးများရိုက်ထည့်လိုက်ရုံနှင့် သက်၀င်လာတဲ့ stickerအသစ်တွေကို သင့်အနေနဲ့ သတိထားမိမယ်လို့ မျှော်လင့်ပါတယ်။

-Advertisement-

တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေက စကားလုံးတွေနဲ့ မလုံလောက်တဲ့အခါမျိုးတွေရှိပါတယ်။သင့်ရဲ့ အကောင်းဆုံးမိတ်ဆွေ (သို့) သင်ချစ်မြတ်နိုးရတဲ့သူတွေကို စိတ်ရွှင်လန်းစေဖို့ ၊ ဆုတောင်းပေးချင်တဲ့ဆန္ဒ (သို့) အလွန်အံ့ဩဖို့ကောင်းတဲ့ စကားပြောဖို့ သင်စာလုံးလေးတွေရေးတဲ့အခါ facebookက ရောင်စုံပျော်စရာstickerများထည့်ပေးလေ့ရှိပါတယ်။ အဓိကသော့ချက်က အခုမှ လာမှာပါ။

”you are the best”

သင့်ချစ်ရသူတစ်ဦးကို ချီးမွမ်းစကားလုံးများကို ရိုက်ထည့်ပါ။ တစ်ယောက်ယောက်ကို သူဟာ ဘယ်လောက်ကြီးမြတ်ကြောင်း ကောင်းကောင်းသိစေတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ နောက်က stickerလေးတွေ လိုက်လာမှာဖြစ်တာကြောင့် ပိုပြီး အသက်၀င်စေတာလည်း ဖြစ်ပါတယ်။

”bff”, ”bffs”

သင့်ရဲ့ အကောင်းဆုံးmentionခေါ်ခြင်းအတွက် လက်ခုပ်တီးနေတဲ့ stickerလေးတွေfacebook ထည့်ပေးတာဖြစ်ပါတယ်။ ချိုမြိန်စရာ ချစ်စဖွယ် stickerလေးတွေပါ။

”best wishes”

တစ်စုံတစ်ဦးကို အင်္ဂလိပ်နဲ့ အခြားဘာသာစကားများစွာမှာ အကောင်းဆုံးအရာအတွက် ဆုတောင်းပေးတဲ့အခါ သင့်ကို အရောင်အသွေးစုံသော confettiလေးတွေနဲ့ အံ့အားသင့်စေပါလိမ့်မယ်။

”You can Do it”

ကျွန်တော်တို့ဟာ ဒီစကားလုံးတွကို ကြားရဖို့ အလွန်ကို လိုအပ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီဆိုတာ အလွန်ကို အရေးကြီးပါတယ်။ အခုဆိုရင် သင့်အနေနဲ့ သင့်သူငယ်ချင်းကို တကယ့်ကို ကြီးမားတဲ့ thumbs-up emojiလေးတွေနဲ့ အားပေးနိုင်ပါတယ်။

”congrats, congrations”

ဘာသာစကားများစွာဖြင့် လူတွေကို ဂုဏ်ပြုခြင်းက ၎င်းတို့ကို စိတ်လှုပ်ရှားစေပြီး အရောင်အသွေးစုံသော confettiလေးတွေနဲ့ သင့်ဖုန်း screenမှာ ပူဖောင်းလေးတွေ ပေါ်လာပါလိမ့်မယ်။

”xo, xoxo”

ဒီစကားလုံးလေးတွေကို ကျွန်တော်တို့တွေ အများကြီးသုံးကြတယ်မဟုတ်ပါလား၊ ပျောက်ဆုံးနေတဲ့ အရာတစ်ခုခုရှိမယ်ဆိုရင် ၎င်းက ပျံသန်းနေသော နှလုံးသားရဲ့ ရင်ခုန်ကြည်နူးစရာကောင်းသော emojiလေးတွေနဲ့ stickerလေးတွေဖြစ်ပါတယ်။ ရင်ခုန်စရာနှင့် ချစ်စရာ xoxoလို့ ရိုက်ထည့်လိုက်ပါ။ ပြီးတော့ သင့်အနမ်းတွေအတွက် လိပ်စာပေးနေတဲ့သူက Xနှင့် Oအက္ခရာတွေသာမကဘဲ အနီရောင်နှလုံးသားတွေက ဖန်သားပြင်ပေါ်မှာ မျောနေမှာပါ။

ဒီနေ့ကာလမှာ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အများကြီးပိုလွယ်လာပါတယ်။ ဖေ့စ်ဘွတ်ခ်developerများက သင့်စိတ်ကိုများ ဖတ်နေသလား။ ၎င်းတို့က ကျွန်တော်တို့လိုချင်သောအရာကို အတိအကျသိပုံရပါတယ်။ ဆိုရှယ်မီဒီယာမှတစ်ဆင့် တစ်ခါတစ်ရံမှာ တစ်ချို့ အရာတွေက စကားလုံးတွေနဲ့ ဖော်ပြဖို့ မလုံလောက်တာကြောင့် စိတ်ခံစားမှုကို ပိုပြီးသက်၀င်စေဖို့ emoji တွေ၊ stickerတွေနဲ့ ပံ့ပိုးနေပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-mambee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here