သူက တော်တယ် ၊ သူ့ပုံစံက မိုက်တယ် ၊ အလုပ်လုပ်တာ အရမ်းစမတ်ကျတယ် စတဲ့ ချီးကျူးစကားတွေ ကြားဖူးကြမှာပါ။ ဒီလို လူတိုင်းရဲ့ ပါးစပ်ဖျားမှာ တော်တဲ့ ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမယ့် လူတွေသဘောကျတတ်တဲ့ အပြုအမူလေးတွေကိုတော့ ဝေမျှပေးလို့ရပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ ပုံစံမျိုးနဲ့လူတွေကို လူတွေက သဘောကျကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဟန်ပန်ဟာ လေးစားစရာ၊ နှစ်သက်စရာကောင်းသလို လူတိုင်းလိုက်လုပ်ဖို့ မလွယ်ကူပါဘူး။ တကယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူမှသာ ဒီလို ပုံစံဟန်ပန်မူယာရှိနိုင်မှာပါ။ ဒီတော့ လူတွေ သဘောကျနှစ်သက်တာကို လိုချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။

ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့ ပုံစံ
တကယ်တော့ ခန္ဓာကိုယ်က အပြင်ပန်းမြင်တွေ့ရတဲ့ ပုံစံပါ။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သူတွေကို လူတွေက အပြင်ပန်းကြည့်ပြီး သဘောကျ နှစ်ခြိုက်တတ်ကြသလို စိတ်ဓာတ်ကြံ့ခိုင်ကြသူတွေကိုတော့ လူတွေက တဖွဖွချီးကျူးလို့ မဆုံးပါဘူး။

ဖြစ်ချင်တာကို ရအောင်လုပ်တဲ့သူ
အထူးသဖြင့် ကိုယ့်ကြိုးစားမှုနဲ့ ကိုယ် နေရာတစ်ခုကို ရအောင်လှမ်းတက်နိုင်သူတွေကို လူတွေက ချီးမွမ်းတတ်ကြပါတယ်။ ဘာကျောထောက်နောက်ခံမှမရှိဘဲ ကိုယ်ဖြစ်ချင်တာကို ရအောင်လုပ်တတ်သူတွေကို လူတွေက အထူးသဘောကျနှစ်ခြိုက်ကြပါတယ်။

စိတ်ဓာတ်ပြောင်းလဲမှုမရှိသူ
အောင်မြင်သွားတဲ့အချိန်ပဲဖြစ်ဖြစ် ၊ ကျရှုံးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ် ဘယ်အချိန်တွေကြုံကြုံ စိတ်ဓာတ်ပြောင်းလဲသွားခြင်းမရှိဘဲ စိတ်ကို တသမတ်တည်းထားနိုင်သူတွေကို လူတွေက သဘောကျနှစ်ခြိုက်ကြပါတယ်။ အတုယူလေးစားအားကျပါတယ်။ မအောင်မြင်ခင်ပုံစံတစ်မျိုး ၊ အောင်မြင်ပြီးပုံစံတစ်မျိုး လုပ်တတ်တဲ့လူတွေကို လူတွေက မုန်းတီးပါတယ်။

Lifestyle_Myanmar
ref-verywellmind