အယုံလွယ်တဲ့သူတွေက အလိမ်ခံရတာများပါတယ်။ လူတွေကို လွယ်လွယ်နဲ့ယုံတတ်တာက မကောင်းတဲ့အကျင့်တစ်ခုပါ။ လူတိုင်းကို သံသယမျက်လုံးတွေနဲ့ ကြည့်နေရမှာမဟုတ်ပေမယ့်လည်း ပုံအောပြီးတော့ မယုံသင့်ပါဘူး။ ဒါကြောင့် လူတိုင်းကို ဘာကြောင့်မယုံကြည်သင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကို ပြောပြပေးလိုက်ပါတယ်။
ရည်းစားထားတဲ့အခါမှာ ဖိတ်မခေါ်ပဲနဲ့ ကိုယ့်ဘဝထဲဝင်လာကြပြီး ကိုယ်ယုံကြည်နေတဲ့အချိန်ကျမှ သစ္စာဖောက်ပြီး ကိုယ့်ဘဝထဲက ပြန်ထွက်သွားတာကို ကြုံဖူးကြမှာပါ။ ကိုယ့်ကိုမရရင် သေရပါတော့မယ်ဆိုတဲ့လူကလည်း အရင်ကျောခိုင်းသွားတာပါပဲ။ ကိုယ့်အသံမကြားရရင် မနေနိုင်ပါဘူးဆိုတဲ့လူကလည်း အဆက်အသွယ်ဖြတ်သွားတာပါပဲ။ ကိုယ့်ကိုအရူးအမူးချစ်ခဲ့တဲ့လူကလည်း နောက်တစ်ယောက်နဲ့တွဲသွားတာပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ မယုံပါနဲ့။ ကိုယ်တိုင်လည်း ဒါမျိုးတွေကြုံခဲ့ဖူးပြီဆိုရင် ပိုတောင်သတိထားရပါမယ်။ ချစ်တဲ့စိတ်တစ်ခုနဲ့ ဘယ်တော့မှ ပုံအောပြီးမယုံလိုက်ပါနဲ့။

ကိုယ့်နားကပ်လာတဲ့သူက ဘယ်လိုလူလဲဆိုတာကို အရင်ကြည့်ပါ။ စဉ်းစားကြည့်မယ်ဆိုရင် ပိုက်ဆံချေးရင်တောင် လိုချင်လို့ ချေးတုန်းကပုံနဲ့ ပြန်ဆပ်တဲ့အချိန်မှာ ကိုယ့်အပေါ်ဆက်ဆံတဲ့ပုံစံက တူနေရဲ့လားဆိုတာကိုသာ စဉ်းစားကြည့်ပါ။ တချို့ကျတော့လည်း သူတို့လိုအပ်တဲ့အချိန်၊ အကူအညီလိုတဲ့အချိန်တွေမှာသာ ကိုယ့်ကိုဆက်သွယ်ပြီး သူတို့မလိုအပ်တော့တဲ့အချိန်မှာတော့ အဖတ်မလုပ်ပဲနေကြတာတွေ ရှိပါတယ်။ ကိုယ်လိုအပ်တဲ့အချိန်ကျ မသိချင်ယောင်နေတဲ့သူမျိုးတွေလည်း အများကြီးရှိပါတယ်။ နည်းနည်းခင်တဲ့မပြောနဲ့ သူငယ်ချင်းအရင်း၊ မိတ်ဆွေအရင်းကြီးတွေတောင် ဒီလိုလုပ်တာမျိုးတွေက ရှိပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုကလွဲလို့ လူတိုင်းကို မယုံကြည်ပါနဲ့။

တချို့လူတွေက ကိုယ်အောင်မြင်နေတဲ့အချိန်မှာ မြှောက်ပင့်ပေါင်းပြီး ကိုယ့်အကြိုက်ဆောင်နေတတ်ပါတယ်။ ဒီလိုအချိန်မှာတော့ ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူတစ်ယောက်လို နေပေးပြီး ကိုယ်ကျရှုံးသွားတဲ့အချိန်မှာတော့ ကိုယ့်အပေါ်ဆက်ဆံတာတွေဟာ ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ်ကယုံကြည်ခဲ့ပေမယ့်လည်း ကိုယ်ကျရှုံးသွားတဲ့အခါမှာတော့ ကိုယ့်အပေါ်သစ္စာဖောက်သွားတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ပုံအောပြီး မယုံလိုက်ပါနဲ့။

Lifestyle_Myanmar
ref-leadingwithtrust