ဖက်ရှင်က လူတစ်ယောက်အတွက် အရမ်းအရေးပါတယ်။ စမြင်တာနဲ့ ဖက်ရှင်ကို အရင်ဆုံးကြည့်မှာပါ။ အသားအရေကလည်း ကြည့်ကောင်းနေရမယ်။ ဝတ်တာစားတာကလည်း စတိုင်မိရမယ်။ ဖက်ရှင်ဆိုတာ စမတ်ကျပြီး သေသပ်လှပတာကို ပြောတာပါ။
ပထမဆုံးမြင်တာက ဖက်ရှင်ကိုပါ
လူတစ်ယောက်နဲ့ တစ်ယောက် စတင်မြင်တွေ့ချိန်မှာ စကားတွေ၊ ဘာတွေ မပြောရသေးခင် ပထမဆုံး သတိထားမိတာက ဖက်ရှင်ကိုပါ။ ဝတ်ပုံစားပုံက ဘယ်လိုရှိလဲ၊ ဘယ်လိုပုံစံလဲ ဖက်ရှင်ကျရဲ့လား စတာတွေဟာ ပထမဆုံးတွေ့ဆုံချိန်မှာ သတိထားမိတဲ့အရာတွေ ဖြစ်တဲ့အတွက် ဖက်ရှင်က အရမ်းအရေးပါပါတယ်။

သေသပ်သန့်ရှင်းမှု
သပ်ရပ်သန့်ရှင်းတဲ့ ဝတ်စားဆင်ယင်မှုပုံစံနဲ့ သေသပ်တဲ့ ဆံပင်စတိုင်လည်းရှိနေဖို့ လိုအပ်ပါတယ်။ ဒါဟာ လူတစ်ဦးတစ်ယောက်အတွက် ရှိသင့်တဲ့ ကိုယ်ပိုင်ဖက်ရှင်စတိုင်ပါ။ ဖက်ရှင်က အရေးမကြီးပါဘူးလို့ အသားကုန်ပြိုင်ငြင်းမနေပါနဲ့တော့။ သင်ကိုယ်တိုင် သေသေသပ်သပ် ဝတ်စားဆင်ယင်ထားချိန်မှာ ကိုယ့်ကိုယ်ကိုယ် အထူးကျေနပ်နေတယ်ဆိုတာ သိသာပါတယ်။

ဖက်ရှင်က ပြောတဲ့ အဆင့်အတန်း
ဆင်းရဲတာ ချမ်းသာတာနဲ့ ဖက်ရှင်မရှိတာက လားလားမှ မသက်ဆိုင်ပါဘူး။ ငွေကြေးမတတ်နိုင်ရင်တောင်မှ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်တာက တမျိုးပိုသာပါတယ်။ လုပ်ငန်းခွင်အတွင်း ၊ သူငယ်ချင်းတွေအကြား၊ ကိုယ်နဲ့ တခါမှမဆုံဖူးတဲ့သူတွေနဲ့ ပထမဆုံး ဆုံတွေ့စဉ်အချိန်တွေမှာ ကိုယ့်ရဲ့ ဖက်ရှင်စတိုင်ဟာ ကိုယ့်ကို အားလုံးအကြားမှာ ထူးခြားသူတစ်ယောက်ဖြစ်သွားမှာ အသေအချာပါပဲ။

Lifestyle_Myanmar
ref-fashionmodesta