အထက်တန်းကျောင်းသားဘဝတုန်းက ကြွေခဲ့ဖူးတဲ့ ကောင်မလေး၊ ကောင်လေးရဲ့ ရင်ခုန်စရာအကြည့်ကို ဝှက်စာဖော်သလို အဓိပ္ပါယ်ရှာခဲ့ဖူးပါသလား။ အဲဒါ သူမရဲ့/သူ့ရဲ့ တုန့်ပြန်မေတ္တာ အရိပ်အယောင်များလား။ တကယ်က ကောင်မလေးတစ်ယောက်/ကောင်လေးတစ်ယောက် ချစ်မိလာရင် သူလည်း အချစ်ကို တစ်နည်းနည်းနဲ့ မြင်သာအောင် ဖော်ပြတတ်ပါတယ်။ အခုပြောမယ့် သင်္ကေတတွေ ထဲက တစ်ခုခုနဲ့ပေါ့။
(၁) သူနဲ့ စကားပြောတိုင်း ပြုံးရယ်တတ်တယ်
တစ်ခုဖြည့်ပြီး ပြောချင်တာက တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကိုယ်ရှိတဲ့ ဘက်ကို ဖျပ်ခနဲ လှည့်ကြည့်ကြည့်ပြီး ရီတတ်တာကလည်း ကိုယ့်အပေါ် စိတ်ဝင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်မလေးတစ်ယောက်/ကောင်လေးတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ ကောင်လေး/ကောင်မလေးကို ကြည့်လိုက်တိုင်း သူ့မျက်လုံးတွေဟာ ကြည်ကြည်နူးနူးပြုံးတဲ့ အရိပ်အယောင် ပေါ်လာတတ်ပါတယ်။

(၂) မျက်လုံးချင်း ဆုံအောင် လုပ်တယ်
မျက်လုံးတွေဟာ သိပ်ကို စွမ်းအားကြီးပါတယ်။ အထူးသဖြင့် ကိုယ်ရင်ခုန်နေသူရဲ့ မျက်လုံးတောက်တောက်လေးတွေကို မြင်ရတဲ့ အခါမျိုးမှာဆို ခြေဖျားလက်ဖျားတွေပါ အေးတဲ့အထိ စွမ်းအားရှိပါတယ်။ ကောင်မလေးတစ်ယောက်နဲ့ (သို့) ကောင်လေးတစ်ယောက်နဲ့ ခဏခဏ အကြည့်ချင်း ဆုံနေတတ်ပြီး သူ့အကြည့်တိုင်းဟာ ရွှန်းလဲ့နေတယ်ဆိုရင် အတော်လေးကို အခြေအနေကောင်းနေပါပြီ။

(၃) ကိုယ့်ကို အကူအညီတောင်းတယ်
ရုံးမှာဆို အသေးအဖွဲ အကူအညီလေးတွေ ခဏခဏတောင်းတတ်တဲ့ ကောင်မလေး/ကောင်လေး၊ ကျောင်းမှာဆို ကိုယ့်ကို စာလာလာမေးတတ်တဲ့ (တစ်ချို့သူတွေကိုတော့ သူတို့ကပဲ စာပြန်ပြန်ရှင်းပြတာတို့ ၊ ကျောင်းပျက်တဲ့ နေ့အတွက် စာကူးပေးထားတာတို့ ) ကောင်မလေး/ကောင်လေးတစ်ယောက်ရှိနေရင် ထူးဆန်းတယ်လို့ အတွေးများ မဝင်မိဘူးလား။
ဒီနေရာမှာ အမျိုးသားတွေသိထားဖို့က မိန်းကလေးတွေဟာ ကောင်လေးတစ်ယောက်ကို အကြောင်းမဲ့ ခဏတိုင်း အကူအညီမတောင်းတတ်ပါဘူး။ ဒီလိုမျိုး အကူအညီလာတောင်းတယ်ဆိုတာဟာ ကိုယ်နဲ့ သူ့အကြား တံတားတစ်စင်းထိုးပေးထားတာပါ။ ကိုယ် ဖွင့်ပြောရဲတဲ့နေ့ရောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။

(၄) ကိုယ့်ဘဝကို စိတ်ဝင်စားတယ်
လူတစ်ယောက်ရဲ့ ပုဂ္ဂလိကဘဝအကြောင်း သိချင်တဲ့ အပြင်လူ များများစားစား မရှိပါဘူ။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အခန်းဖြစ်ပြီး ပြင်ပနယ်ပယ်နဲ့ ကင်းလွတ်နေတဲ့ ဇုန်တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝပေါ် စိတ်ဝင်စားခြင်းဟာ ကိုယ့်အပေါ် စိတ်ဝင်စားတာလို့ မှတ်ယူနိုင်ပါတယ်။ တကယ်လို့ ကံကောင်းမယ်ဆိုရင် ဒီအနေအထားဟာ သူစိမ်းဘဝကနေ ပိုပြီး နီးစပ်တဲ့ ဘဝကို သွားဖို့ အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။
(၅) ကိုယ်ပြောတာတွေပေါ် အာရုံစိုက်တယ်
အချိန်အတော်လေး ကြာတဲ့အထိ ပြောခဲ့တဲ့ Chat box ထဲက မက်ဆေ့အဟောင်းလေးတွေကို သတိတရနဲ့ ရှိတာဟာ ကိုယ့်အပေါ် စိတ်ဝင်စားနေလို့ပါ။ ကိုယ့်ကို သဘောကျနေတဲ့ သူတစ်ယောက်ဟာ ကိုယ်ပြောခဲ့သမျှကို မှတ်မှတ်သားသားရှိပြီး အကြောင်းတိုက်ဆိုင်ရင် ဒါကို ပြန်ပြောပြတတ်ပါတယ်။

(၆) သူ့ရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး ကိုယ့်အမြင်ကို မေးတယ်
သူများတကာက သူ့ကို ဘယ်လိုမြင်တယ်ဆိုတာထက် သူ့အတွေးထဲမှာက သင်သူ့ကို ဘယ်လိုမြင်သလဲဆိုတာကပဲ ပိုအရေးကြီးတာကြောင့် သူပြင်ဆင်ထားတာ၊ ဝတ်စားထားတာ အဆင်ပြေလားဆိုပြီး မေးတတ်တာပါ။ Facebook မှာဆို ပုံတစ်ပုံတင်ထားရင် ဘယ်သူတွေ Love React ပေးသလဲ ဆိုတာကို အမြဲ ဂရုစိုက်တတ်ပါတယ်။
Lifestyle_Myanmar
ref-parade