လူတစ်ယောက်ထိုင်တတ်တဲ့ ပုံစံကိုကြည့်ပြီး သူ့အကြောင်း ခန့်မှန်းမယ်

0
1415


၁။ ပုံစံ A

၂။ ပုံစံ B

၃။ ပုံစံ C

၎။ ပုံစံ D

၅။ ပုံစံ E

LM_Naung_Naung

Lifestyle_Myanmar

Source-Troab

လူတစ်ယောက်ရဲ့ ထိုင်တဲ့ပုံစံကိုက ပြောပြနေတဲ့ သူ့အကြောင်း
ကိုယ်အမူအယာ ဘာသာစကား body language ဟာလူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ဝိသေသ လက္ခဏာလည်းဖြစ်ပါတယ်။ ဒီလို ကိုယ်ပိုင်ဝိသေသလက္ခဏာတွေထဲကမှ ထိုင်တဲ့ပုံစံကိုအမျိုးမျိုးကို ကြည့်ပြီး စိတ်ပညာရှင်တွေက လူတစ်ယောက်အကြောင်းကို ခန့်မှန်းနိုင်ကြောင်း ပြောခဲ့ကြပါတယ်။ ဒါကြောင့် သင်ထိုင်တဲ့ပုံစံကို ကြည့်ပြီး ဘယ်လိုထူးခြားချက်တွေ ရှိတယ်ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

၁။ ပုံစံ A
ထိုင်တဲ့အခါတိုင်း ယခုလိုပုံစံမျိုး ထိုင်တတ်သူတွေဟာဖန်တီးနိုင်စွမ်းရှိသူတွေဖြစ်ပြီး တချို့ကိစ္စတွေမှာ ကလေးဆန်တတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေရဲ့ အမြင်ကို မြန်ဆန်စွာပြောတတ်ကြပြီး စကားပြောတဲ့အခါတိုင်း သိပ်ပြီးတော့ တွေးတောခြင်းမရှိပါဘူး။ သူတို့ဟာ ဘဝရဲ့ပြဿနာတွေကို ရှောင်ရှာတတ်ကြပြီး အများစုမှာ ပျင်းစရာမကောင်းပဲ ပျော်ရွင်နေတတ်ကြပါတယ်။

၂။ ပုံစံ B
ယခုလိုပုံစံမျိုး ထိုင်တတ်သူတွေကတော့ အမြဲတမ်းစိတ်ကူးယဉ်တတ်ပြီး ထူးခြားတဲ့စိတ်ကူးတွေကြောင့် လူတွေကို သြဇာလွှမ်းမိုးနိုင်ရုံသာမကပဲ အခြားသူတွေနဲ့ကွဲထွက်နေတတ်ပါတယ်။ သူတို့တွေဟာ စိတ်ကူးဉာဏ် ပြောင်မြောက်သလောက် အမြဲတမ်းအနားမနေရတဲ့သူတွေပါ။ နေရာတစ်ခုတည်းမှာ အချိန်အကြာကြီးနေရခြင်းကို မလိုလားသလို ဘဝနဲ့ဆိုင်တဲ့အလုပ်တွေနဲ့ သူငယ်ချင်း၊ ချစ်သူတွေနဲ့တောင်မှ အချိန်အကြာကြီးမနေလိုသူတွေပါ။ ဒါ့အပြင် သူတို့တွေဟာ ခင်မင်တတ်သူတွေဖြစ်ကြပြီး သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဝန်းရံနေတတ်ပါတယ်။

၃။ ပုံစံ C
ယခုလိုပုံစံမျိုးကိုတော့ လူအများဆုံး ထိုင်တတ်ကြပြီး သူတို့တွေဟာ အာရုံစူးစိုက်မှု အားနည်းကြပြီး အနည်းငယ်ဇီဇာကြောင်ကြတာကြောင့် အခြားသူတွေနဲ့ ကွဲထွက်နေတတ်ပါတယ်။ ဒါ့အပြင် အဝတ်အစားဝတ်တဲ့အခါမှာလည်း ဖရိုဖရဲနဲ့ သူတို့စိတ်ကြိုက် ရွေးချယ်တတ်ကြပါတယ်။ သူတို့အတွက် သက်တောင့်သက်သာရှိမှုကသာ အရေးကြီးပါတယ်။

၄။ ပုံစံ D
ထိုသူတွေဟာ အရာရာတိုင်းကို အသိဉာဏ်နဲ့ချင့်ချိန်ပြီး စဉ်းစားတွေးတောတတ်ပေမယ့် နည်းနည်းလေးမှတော့ အထိခိုက်မခံတတ်ကြပါဘူး။ သူတို့တွေဟာ ပြဿနာတွေကို ရှောင်ရှားတတ်ကြပြီး ပြဿနာတွေကို ဖြစ်ပွားစေခြင်းထက် မကောင်းတဲ့ခံစားချက်တွေကို မျိုသိပ့်ထားတတ်ကြပါတယ်။ ယခုလိုပုံစံမျိုးထိုင်ပြီး ခြေထောက်တွေကို ထိကပ်ထားသူတွေကတော့ သပ်သပ်ရပ်ရပ်နေတတ်သူ တစ်ဦးဖြစ်ပြီး ပွင့်လင်းတဲ့စိတ်ထား ရှိသူလည်းဖြစ်ပါတယ်။

၅။ ပုံစံ E
ယခုလိုအနေအထားမျိုး ထိုင်တတ်သူတွေဟာ သူတို့ရဲ့ ပညာရေး၊ အသက်မွေးအလုပ်တွေအပေါ် စေ့စပ်စွာသိရှိထားပြီး ဂရုစိုက်တတ်သူလည်း ဖြစ်ပါတယ်။ ပညာရေးနဲ့ အလုပ်တိုးတက်ဖို့အတွက် အမြဲတမ်းသတိရှိနေပြီး မြင့်မားတဲ့မျှော်လင့်ချက်တွေ၊ သပ်သပ်ရပ်ရပ် ဝတ်စားပုံတွေကြောင့် လူအများရဲ့အထင်ကြီးမှုကိုခံရပြီး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ တသမတ်တည်းရှိနေတတ်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Source-Troab

LEAVE A REPLY

Please enter your comment!
Please enter your name here