Home News လူတစ်ကိုယ်စာမက ကြီးမားတဲ့ ဧရာမပြည်ကြီးငါးကြီးကို ဖမ်းမိတဲ့ ဖိလစ်ပိုင်ငါးဖမ်းသမား

လူတစ်ကိုယ်စာမက ကြီးမားတဲ့ ဧရာမပြည်ကြီးငါးကြီးကို ဖမ်းမိတဲ့ ဖိလစ်ပိုင်ငါးဖမ်းသမား

0
1085
ပြည်ကြီးငါး
ပြည်ကြီးငါး

ဧရာမပြည်ကြီးငါးကို ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sibutu ရှိ Tawi-Tawi ကမ်းခြေနဲ့ ဝေလံခေါင်းဖျားတဲ့နေရာမှာ ငါးဖမ်းသမားတစ်ဦးက ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်နဲ့ဝေးလံခေါင်ဖျားတဲ့နေရာမှာ ဒီလောက်ကြီးမားတဲ့ ပြည်ကြီးငါးမျိုး တစ်ခါမှာမရဖူးတာကြောင့် ဒေသခံတွေတောင်အံ့အားသင့်ခဲ့ရပါတယ်။ Hadji Taha လို့အမည်ရတဲ့ ငါးဖမ်းသူရဲ့ အဆိုအရ သူဟာ ဒီလောက်ကြီးမားတဲ့ ပြည်ကြီးငါးကြီးကို သူ့အနေနဲ့ ခက်ခက်ခဲခဲနဲ့ ဖမ်းဆီးခဲ့ရတာလို့ ဆိုပါတယ်။

အဆိုပါ ပြည်ကြီးငါးကြီးဟာ အလျား ၈ပေခန့်နဲ့ လုံးပတ် ၁၈လက်မခန့်ရှိပါတယ်။ Hadji Taha ငါးဖမ်းသမားဟာ ဒီလိုကြီးမားတဲ့ ပြည်ကြီးငါးကိုရရှိတာ သူအနေနဲ့ ၃ကြိမ်ရှိပြီးလို့ ဆိုပါတယ်။ ဒါ့အပြင်ပင်လယ် ရေနက်ပိုင်းမှာဆို သူနဲ့ မျိုးတူအရွယ်အစား ပြည်ကြီးငါးတွေနဲ့ သူ့ထက်ကြီးမားတဲ့ပြည်ကြီးငါးတွေ အများအပြား ရှိနေနိုင်သေးတယ်လို့လည်း ခန်းမှန်းကြပါတယ်။

ပင်လယ်နေ သတ္တဝါအကြောင်း ကျွမ်းကျင်တဲ့သူတွေက အဆိုပါ ပြည်ကြီးငါးဟာ ငယ်ရွယ်ပြီး သက်တမ်းသိပ့်မရှိသေးဘူးလို့ ဆိုပါတယ်။ အချို့သူတွေကတော့ အဆိုပါပြည်ကြီးငါးရဲ့ ကြီးမားတဲ့ အရွယ်အစားကိုကြည့်ပြီး ကြောက်ကျပေမဲ့ ပင်လယ်စာကြိုက်သူတွေကတော့ ဖြူဖွေးပြီး ကြီးမာတဲ့ သူ့ရဲ့ အသားဟာ ဘယ်လောက်တောင် အရသာရှိမလဲ သိချင်လိုက်တာလို့တောင် ပြောဆိုနေကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လက်နှစ်ဖက်မပါပေမဲ့ လက်လုပ်ကစားစရာသေးသေးလေးတွေ လုပ်ပြီး အသက်မွေးတဲ့ ဖိလစ်ပိုင်ကောင်လေး

Zawgyi fonts




NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here