လူကြီးလူငယ် ကျားမ မရွေး အားလုံးလိုက်နာရမယ့် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ စည်းမျဥ်းများ

0
53

လူသားတွေရဲ့ခန္ဓာကိုယ်ဆိုတာဟာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ၊ ကပ်ပါးကောင်းတွေ ပေါက်ဖွားကြီးထွားပြီး တဖြည်းဖြည်းတိုးပွားလာနိုင်မယ့် နေရာပေါင်းမြောက်မြားစွာရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အသားအရေနဲ့ ခန္ဓာကိုယ်ရဲ့ အပြင်လေထုနဲ့ထိတွေ့နိုင်တဲ့ နေရာတွေအကုန်လုံးကနေတဆင့် ကိုယ်တွင်းသို့ဝင်ရောက်သွားနိုင်တာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ဆိုတာ အင်မတန်ကို အရေးကြီးပါတယ်။

-Advertisement-

တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မျှော်လင့်ရင်း အောက်ဖော်ပြပါ အလေ့အထကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ်ခန္ဓာကို မကြာမကြာသန့်ရှင်းရေးလုပ်ပါ – ဖြစ်နိုင်မယ်ဆိုပါက နေ့စဥ်နေ့တိုင်း ရေချိုးပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းက နေ့တိုင်းကျန်းမာနေမှာမဟုတ်လို့ နာမကျန်းဖြစ်နေချိန်တွေမှာတော့ ရေပတ်တိုက်ပေးခြင်းကို ပြုလုပ်ပေးပါ။

တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် သွားတိုက်ပါ – ထမင်းစားပြီးတိုင်း သွားတိုက်ပေးခြင်းက သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်ရာရောက်ပြီးတော့ သွားပိုးစားခြင်းကိုလည်း ရှောင်ကြဥ်နိုင်မှာဖြစ်ပါတယ်။ မနက်စာစားပြီးနောက်နှင့် အိပ်ရာမဝင်ခင် သွားတိုက်ပေးဖို့က အင်မတန်အရေးကြီးပါတယ်။

အနည်းဆုံးတစ်ပတ်တစ်ခါလောက် ခေါင်းလျှော်ပါ။ အိမ်သာသွားပြီးတိုင်း ဆပ်ပြာနဲ့ လက်ကို သေချာပြောင်စင်အောင် ပွတ်တိုက်ဆေးကြောပါ။ အစားမစားခင် သို့မဟုတ် စားပြီးတိုင်းလည်း လက်ကိုဆပ်ပြာနဲ့ဆေးကြောပေးခြင်းက လက်နဲ့လက်သည်းအောက်မှာ ကပ်ညိနေတဲ့ ပိုးမွှားတွေကို ဖယ်ရှားရာရောက်ပါတယ်။

သန့်ရှင်းစင်ကြယ်တဲ့ အဝတ်တွေကိုဝတ်ဆင်ပါ – အဝတ်အစားတွေကို ဝတ်ပြီးတိုင်း ချွေး၊ တခြားအရာတို့ကြောင့် ညစ်ပတ်သွားပြီဆိုရင် သေသေချာချာ ဆပ်ပြာနဲ့ ပြောင်စင်အောင် လျှော်ဖွပ်ပြီးမှ နောက်တစ်ကြိမ်ဝတ်ပါ။ အဝတ်ကို ဆပ်ပြာနဲ့သေချာလျှော်ပြီးပြီဆိုရင် နေရောင်အောက်မှာ ခြောက်အောင်လှန်းပါ။ နေရောင်က အကျီပေါ်မှာ ကျန်နေသေးတဲ့ ပိုးမွှားတွေကို သေစေမှာဖြစ်ပါတယ်။

နှာချေ၊ ချောင်းဆိုးတဲ့အခါ တခြားလူတွေဆီကနေ မျက်နှာလွှဲပြီးတော့ တစ်ရှူးရှိပါက တစ်ရှူး၊ မရှိဘူးဆိုရင် လက်ကို အုပ်ပြီး နှာချေ၊ ချောင်းဆိုးပါ။ အခုလိုမျိုး မလုပ်ဘူးဆိုရင် နှာခေါင်းနဲ့ပါးစပ်အတွင်းရှိ ပိုးမွှားပါတဲ့ အရည်တွေက လေထဲကိုလွင့်စင်သွားပြီး တခြားလူတွေက ရှူရှိုက်နိုင်မိတာ သို့မဟုတ် အစားအသောက်တွေပေါ် ကျတာမျိုး ဖြစ်သွားနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-health.gov.au

Zawgyi

လူႀကီးလူငယ္ က်ားမ မေ႐ြး အားလုံးလိုက္နာရမယ့္ တစ္ကိုယ္ရည္သန႔္ရွင္းမႈဆိုင္ရာ စည္းမ်ဥ္းမ်ား

လူသားေတြရဲ႕ခႏၶာကိုယ္ဆိုတာဟာ ေရာဂါျဖစ္ေစႏိုင္တဲ့ ပိုးမႊားေတြ၊ ကပ္ပါးေကာင္းေတြ ေပါက္ဖြားႀကီးထြားၿပီး တျဖည္းျဖည္းတိုးပြားလာႏိုင္မယ့္ ေနရာေပါင္းေျမာက္ျမားစြာရွိတဲ့ အရာတစ္ခုျဖစ္ပါတယ္။ အသားအေရနဲ႔ ခႏၶာကိုယ္ရဲ႕ အျပင္ေလထုနဲ႔ထိေတြ႕ႏိုင္တဲ့ ေနရာေတြအကုန္လုံးကေနတဆင့္ ကိုယ္တြင္းသို႔ဝင္ေရာက္သြားႏိုင္တာေၾကာင့္ တစ္ကိုယ္ရည္သန႔္ရွင္းမႈရွိဖို႔ဆိုတာ အင္မတန္ကို အေရးႀကီးပါတယ္။

တစ္ကိုယ္ရည္သန႔္ရွင္းမႈရွိျခင္းျဖင့္ က်န္းမာေပ်ာ္႐ႊင္တဲ့လူေနမႈဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ေမွ်ာ္လင့္ရင္း ေအာက္ေဖာ္ျပပါ အေလ့အထေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

ကိုယ္ခႏၶာကို မၾကာမၾကာသန႔္ရွင္းေရးလုပ္ပါ – ျဖစ္ႏိုင္မယ္ဆိုပါက ေန႔စဥ္ေန႔တိုင္း ေရခ်ိဳးေပးဖို႔လိုအပ္ပါတယ္။ ဒါေပမယ့္လည္း လူတိုင္းက ေန႔တိုင္းက်န္းမာေနမွာမဟုတ္လို႔ နာမက်န္းျဖစ္ေနခ်ိန္ေတြမွာေတာ့ ေရပတ္တိုက္ေပးျခင္းကို ျပဳလုပ္ေပးပါ။

တစ္ေန႔ကို အနည္းဆုံးတစ္ႀကိမ္ သြားတိုက္ပါ – ထမင္းစားၿပီးတိုင္း သြားတိုက္ေပးျခင္းက သြားဖုံးေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ရာေရာက္ၿပီးေတာ့ သြားပိုးစားျခင္းကိုလည္း ေရွာင္ၾကဥ္ႏိုင္မွာျဖစ္ပါတယ္။ မနက္စာစားၿပီးေနာက္ႏွင့္ အိပ္ရာမဝင္ခင္ သြားတိုက္ေပးဖို႔က အင္မတန္အေရးႀကီးပါတယ္။

အနည္းဆုံးတစ္ပတ္တစ္ခါေလာက္ ေခါင္းေလွ်ာ္ပါ။ အိမ္သာသြားၿပီးတိုင္း ဆပ္ျပာနဲ႔ လက္ကို ေသခ်ာေျပာင္စင္ေအာင္ ပြတ္တိုက္ေဆးေၾကာပါ။ အစားမစားခင္ သို႔မဟုတ္ စားၿပီးတိုင္းလည္း လက္ကိုဆပ္ျပာနဲ႔ေဆးေၾကာေပးျခင္းက လက္နဲ႔လက္သည္းေအာက္မွာ ကပ္ညိေနတဲ့ ပိုးမႊားေတြကို ဖယ္ရွားရာေရာက္ပါတယ္။

သန႔္ရွင္းစင္ၾကယ္တဲ့ အဝတ္ေတြကိုဝတ္ဆင္ပါ – အဝတ္အစားေတြကို ဝတ္ၿပီးတိုင္း ေခြၽး၊ တျခားအရာတို႔ေၾကာင့္ ညစ္ပတ္သြားၿပီဆိုရင္ ေသေသခ်ာခ်ာ ဆပ္ျပာနဲ႔ ေျပာင္စင္ေအာင္ ေလွ်ာ္ဖြပ္ၿပီးမွ ေနာက္တစ္ႀကိမ္ဝတ္ပါ။ အဝတ္ကို ဆပ္ျပာနဲ႔ေသခ်ာေလွ်ာ္ၿပီးၿပီဆိုရင္ ေနေရာင္ေအာက္မွာ ေျခာက္ေအာင္လွန္းပါ။ ေနေရာင္က အက်ီေပၚမွာ က်န္ေနေသးတဲ့ ပိုးမႊားေတြကို ေသေစမွာျဖစ္ပါတယ္။

ႏွာေခ်၊ ေခ်ာင္းဆိုးတဲ့အခါ တျခားလူေတြဆီကေန မ်က္ႏွာလႊဲၿပီးေတာ့ တစ္ရႉးရွိပါက တစ္ရႉး၊ မရွိဘူးဆိုရင္ လက္ကို အုပ္ၿပီး ႏွာေခ်၊ ေခ်ာင္းဆိုးပါ။ အခုလိုမ်ိဳး မလုပ္ဘူးဆိုရင္ ႏွာေခါင္းနဲ႔ပါးစပ္အတြင္းရွိ ပိုးမႊားပါတဲ့ အရည္ေတြက ေလထဲကိုလြင့္စင္သြားၿပီး တျခားလူေတြက ရႉရႈိက္ႏိုင္မိတာ သို႔မဟုတ္ အစားအေသာက္ေတြေပၚ က်တာမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here