လူကြီးမိဘတွေ ပြောတဲ့ အစာစားပြီးရင် ရှောင်ရှားသင့်တဲ့ အရာ (၇)ခု

0
103

လူကြီးမိဘတွေက လူငယ်တွေကို အစာစားပြီးရင် ရေမချိုးနဲ့ ၊ မအိပ်နဲ့ အစာမကြေဖြစ်မယ် အစရှိသဖြင့် ပြောလေ့ရှိကြပါတယ်။ ထမင်းစားပြီးတဲ့ အချိန်မှာ လူအတော်များများက အားလပ်ချိန်နည်းနည်းရတာကြောင့် ထိုအချိန်ကို အခွင့်ကောင်းယူပြီး နားတတ်တဲ့ အလေ့အထတွေ ရှိကြပါတယ်။ ဒီအလေ့အထတွေများစွာကို မသိစိတ်က ပြုလုပ်မိနေတတ်ပါတယ်။ ဒီအလေ့အထတွေက ကျွန်တော်တို့ ကျန်းမာရေးအတွက် မကောင်းတဲ့ အလေ့အထတွေ ဖြစ်ပေမယ့် လိုက်နာမှုမရှိဘဲ လုပ်မိနေကြဆဲပါ။ ဒါ့ကြောင့် လူကြီးမိဘတွေပြောတဲ့ အစာစားပြီး ရှောင်ရှားရမယ့် အချက် (၇)ချက်နဲ့ ၎င်းတို့ကို ဘာ့ကြောင့် ရှောင်ရှားသင့်သလဲဆိုတာကို သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ အစာစားပြီးရင် အိပ်တာကို ရှောင်ကြဉ်သင့်ပါတယ်

အစာစားပြီး အိပ်တာ၊ နေ့လယ်နေ့ခင်း တစ်မှေးအိပ်တာက အစာမကြေ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက အနားယူခြင်းဖြစ်ပြီး လူအများစုအတွက် အလေ့အကျင့်တစ်ခုလို ဖြစ်ပေမယ့် ထိုသို့ပြုလုပ်ခြင်းက အစာခြေစနစ်ကို တိုက်ရိုက် အကျိုးသက်ရောက်တာကို သတိရပါ။
ခန္ဓာကိုယ်က လဲလျောင်းနေတယ်ဆိုရင် အစာအိမ်ရည်က အစာအိမ်ထဲက အစာတွေကို အပြည့်အဝ မဖုံးအုပ်ပေးနိုင်ပါဘူး.။ဒါ့ကြောင့် အစားအစာရဲ့ အာဟာရများကို အပြည့်အဝ မစုပ်ယူပါဘူး။ ဒါ့အပြင် အစာပြွန်မှာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာအိမ်အရည်ရဲ့ အက်ဆစ် သဘာဝကြောင့် ရင်ပူတာတွေ၊ အစာရည် အထက်ဆန်တာတွေ ဖြစ်ပေါ်စေပါတယ်။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်သူတိုင်းက ထမင်းစားပြီးရင် ဆေးလိပ်သောက်တဲ့ အလေ့အထရှိကြပါတယ်။ ဆေးလိပ်သောက်ခြင်းအကျင့်ဆိုးက အဆုတ်နဲ့ နှလုံးသွေးကြောရောဂါဆိုင်ရာ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ တချို့သူတွေက အစာစားပြီးနောက် ဆေးလိပ်သောက်တဲ့အခါ အန္တရာယ်ကို ပိုမိုမြင့်မားစေနိုင်ပါတယ်။

နီကိုတင်းက အစာခြေခြင်းအတွက် လိုအပ်တဲ့ အောင်စီဂျင်အပိုအလျှံနှင့်အတူ ပေါင်းစပ်လိုက်တာကြောင့် ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ကင်ဆာရောဂါ ဖြစ်လွယ်တာပါ။

၃။ သစ်သီးစားခြင်း

အချို့လူတွေက ထမင်းစားပြီးရင် အချိုတည်းတဲ့ အနေနဲ့ သစ်သီးတွေကိုစားပေးတာက ကျန်းမာတဲ့ နည်းလမ်းလို့ ထင်ကြပါတယ်။ ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်စားတာက အကောင်းဆုံးဆိုတာ လူအနည်းစုသာ သိကြပါတယ်။ သစ်သီးကို မနက်ခင်းမှာ စားလို့ရပြီး မနက်စာနဲ့ နေ့လယ်စာအကြားမှာ စားပေးလို့ရပါတယ်။
ဘာ့ကြောင့်လဲဆိုတာ့ သစ်သီးတွေကို အစာခြေဖို့ အင်ဇိုင်းမျိုးစုံ လိုအပ်ပါတယ်။ ခန္ဓာကိုယ်က သစ်သီးရဲ့ သဘာဝသကြားဓါတ်ကို အပြည့်အဝစုပ်ယူဖို့ အချိန်ကြာကြာလိုအပ်ပါတယ်။ တစ်ချိန်တည်းမှာ အစာခြေဖို့ တခြားအစားအစာမရှိရင် သစ်သီးရဲ့ အာဟာရတွေ၊ အမျှင်နှင့် သကြားတွေအားလုံးကို ခန္ဓာကိုယ်က ရရှိပါလိမ့်မယ်။ ရလဒ်ကတော့ စွမ်းအင်ပိုမိုရရှိပါလိမ့်မယ်။ အစာမစားခင်နှင့် အစာစားပြီးနောက် သစ်သီးစားသုံးတာက အစာမခြေနိုင်ဘဲ အစာအိမ်ထဲမှာ ကြာရှည်နေစေပြီး အစာမကြေတာ၊ ရင်ပူတာတွေကို ဖြစ်ပေါ်စေပါတယ်။

၄။ ရေချိုးခြင်း

ရေချိုးခြင်းက အနားယူခြင်းတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းပေမယ့် အစာစားပြီး ရေချိုးတာက အစာခြေစနစ်ကို အားနည်းစေနိုင်ပါတယ်။ ရေချိုးခြင်းက ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းနှင့် လက်တွေကို သွေးစီးဆင်းမှု တိုးစေပါတယ်။ ထမင်းစားပြီး ရေချိုးလိုက်ရင် အစာအိမ်ဧရိယာကို သွေးစီးဆင်းမှု နည်းသွားပါလိမ့်မယ်။

အကျိုးဆက်အနေနဲ့ သင့်အစာအိမ်ဟာ အလုံအလောက် လည်ပတ်နိုင်ခြင်း မရှိတာကြောင့် ဗိုက်နာတာ၊ ရောင်ရမ်းတာ၊ လေးလံတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေချိုးခြင်းက အစာစားပြီးနောက် ရှောင်ရှားသင့်တဲ့အရာ ဖြစ်ပါတယ်။

၅။ ရေအေးသောက်ခြင်း

အစာစားပြီးနောက်နဲ့ အစာစားနေစဉ်အတွင်း ရေအေးသောက်ခြင်းက အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အာဟာရများကို စုပ်ယူပြီး စွန့်ပစ်ပစ္စည်းတွေကို ခွဲထုတ်ရာမှာ ပိုမိုခက်ခဲစေပါတယ်။

၆။ လက်ဖက်ရည်သောက်ခြင်း

လက်ဖက်ရည်က ကျန်းမာတဲ့ သောက်စရာတစ်ခုဖြစ်သော်လည်း ထမင်းစားပြီးချိန်မှာ သောက်ဖို့ မသင့်လျော်ပါဘူး။ tannic acid လို့ခေါ်တဲ့ ဒြပ်ပါဝင်တာကြောင့် သံဓါတ်စုပ်ယူခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။
၎င်းက ပရိုတိန်းနှင့် ဆက်နွယ်နေတာကြောင့် သံဓါတ်စုပ်ယူမှုကို ၈၇ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ ဒါက နာတာရှည် သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေပါတယ်။ သံဓါတ်ချို့တဲ့ခြင်းက ရင်ခေါင်နာကျင်ခြင်း၊ အသားအရေဖျော့တော့ခြင်း၊ အားနည်းခြင်း၊ အလွန်အမင်း ပင်ပန်းခြင်း။ လက်သည်းများ ပျက်စီးခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ခြေလက်တွေ အေးခြင်းကဲ့သို့သော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၇။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း

အစာစားပြီးနောက် ရှောင်ရှားရမယ့် နောက်အချက်က လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းဖြစ်ပါတယ်။ အစာစားပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး သင့်ခါးဆိုဒ်ကို ကျစေတယ်လို့ ထင်တာ မှားပါတယ်။ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းက ကျန်းမာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ထမင်းစားပြီးနောက်မှာ အစာမကြေတာ၊ ဗိုက်နာတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထမင်စားပြီးနောက် အနည်းဆုံး မိနစ် ၃၀အထိ လမ်းလျှောက်ဖို့ မသင့်ပါ။ လမ်းလျှောက်မယ်ဆိုရင် ၁၀မိနစ်ထက် မပိုသင့်ပါဘူး။

Lifestyle_Myanmar

LM_Nandar

ZawGyi

လူႀကီးမိဘေတြ ေျပာတဲ့ အစာစားၿပီးရင္ ေရွာင္ရွားသင့္တဲ့ အရာ (၇)ခု
လူႀကီးမိဘေတြက လူငယ္ေတြကို အစာစားၿပီးရင္ ေရမခ်ိဳးနဲ႔ ၊ မအိပ္နဲ႔ အစာမေၾကျဖစ္မယ္ အစရွိသျဖင့္ ေျပာေလ့ရွိၾကပါတယ္။ ထမင္းစားၿပီးတဲ့ အခ်ိန္မွာ လူအေတာ္မ်ားမ်ားက အားလပ္ခ်ိန္နည္းနည္းရတာေၾကာင့္ ထိုအခ်ိန္ကို အခြင့္ေကာင္းယူၿပီး နားတတ္တဲ့ အေလ့အထေတြ ရွိၾကပါတယ္။ ဒီအေလ့အထေတြမ်ားစြာကို မသိစိတ္က ျပဳလုပ္မိေနတတ္ပါတယ္။ ဒီအေလ့အထေတြက ကြၽန္ေတာ္တို႔ က်န္းမာေရးအတြက္ မေကာင္းတဲ့ အေလ့အထေတြ ျဖစ္ေပမယ့္ လိုက္နာမႈမရွိဘဲ လုပ္မိေနၾကဆဲပါ။ ဒါ့ေၾကာင့္ လူႀကီးမိဘေတြေျပာတဲ့ အစာစားၿပီး ေရွာင္ရွားရမယ့္ အခ်က္ (၇)ခ်က္နဲ႔ ၎တို႔ကို ဘာ့ေၾကာင့္ ေရွာင္ရွားသင့္သလဲဆိုတာကို သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

၁။ အစာစားၿပီးရင္ အိပ္တာကို ေရွာင္ၾကဥ္သင့္ပါတယ္

အစာစားၿပီး အိပ္တာ၊ ေန႔လယ္ေန႔ခင္း တစ္ေမွးအိပ္တာက အစာမေၾက လကၡဏာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါက အနားယူျခင္းျဖစ္ၿပီး လူအမ်ားစုအတြက္ အေလ့အက်င့္တစ္ခုလို ျဖစ္ေပမယ့္ ထိုသို႔ျပဳလုပ္ျခင္းက အစာေျခစနစ္ကို တိုက္႐ိုက္ အက်ိဳးသက္ေရာက္တာကို သတိရပါ။
ခႏၶာကိုယ္က လဲေလ်ာင္းေနတယ္ဆိုရင္ အစာအိမ္ရည္က အစာအိမ္ထဲက အစာေတြကို အျပည့္အဝ မဖုံးအုပ္ေပးႏိုင္ပါဘူး.။ဒါ့ေၾကာင့္ အစားအစာရဲ႕ အာဟာရမ်ားကို အျပည့္အဝ မစုပ္ယူပါဘူး။ ဒါ့အျပင္ အစာႁပြန္မွာ ျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အစာအိမ္အရည္ရဲ႕ အက္ဆစ္ သဘာဝေၾကာင့္ ရင္ပူတာေတြ၊ အစာရည္ အထက္ဆန္တာေတြ ျဖစ္ေပၚေစပါတယ္။

၂။ ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္သူတိုင္းက ထမင္းစားၿပီးရင္ ေဆးလိပ္ေသာက္တဲ့ အေလ့အထရွိၾကပါတယ္။ ေဆးလိပ္ေသာက္ျခင္းအက်င့္ဆိုးက အဆုတ္နဲ႔ ႏွလုံးေသြးေၾကာေရာဂါဆိုင္ရာ က်န္းမာေရးအတြက္ ဆိုးက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။ တခ်ိဳ႕သူေတြက အစာစားၿပီးေနာက္ ေဆးလိပ္ေသာက္တဲ့အခါ အႏၲရာယ္ကို ပိုမိုျမင့္မားေစႏိုင္ပါတယ္။

နီကိုတင္းက အစာေျချခင္းအတြက္ လိုအပ္တဲ့ ေအာင္စီဂ်င္အပိုအလွ်ံႏွင့္အတူ ေပါင္းစပ္လိုက္တာေၾကာင့္ ျဖစ္ပါတယ္။ အက်ိဳးဆက္ကေတာ့ ကင္ဆာေရာဂါ ျဖစ္လြယ္တာပါ။

၃။ သစ္သီးစားျခင္း

အခ်ိဳ႕လူေတြက ထမင္းစားၿပီးရင္ အခ်ိဳတည္းတဲ့ အေနနဲ႔ သစ္သီးေတြကိုစားေပးတာက က်န္းမာတဲ့ နည္းလမ္းလို႔ ထင္ၾကပါတယ္။ ဗိုက္ထဲမွာ အစာမရွိတဲ့အခ်ိန္စားတာက အေကာင္းဆုံးဆိုတာ လူအနည္းစုသာ သိၾကပါတယ္။ သစ္သီးကို မနက္ခင္းမွာ စားလို႔ရၿပီး မနက္စာနဲ႔ ေန႔လယ္စာအၾကားမွာ စားေပးလို႔ရပါတယ္။
ဘာ့ေၾကာင့္လဲဆိုတာ့ သစ္သီးေတြကို အစာေျခဖို႔ အင္ဇိုင္းမ်ိဳးစုံ လိုအပ္ပါတယ္။ ခႏၶာကိုယ္က သစ္သီးရဲ႕ သဘာဝသၾကားဓါတ္ကို အျပည့္အဝစုပ္ယူဖို႔ အခ်ိန္ၾကာၾကာလိုအပ္ပါတယ္။ တစ္ခ်ိန္တည္းမွာ အစာေျခဖို႔ တျခားအစားအစာမရွိရင္ သစ္သီးရဲ႕ အာဟာရေတြ၊ အမွ်င္ႏွင့္ သၾကားေတြအားလုံးကို ခႏၶာကိုယ္က ရရွိပါလိမ့္မယ္။ ရလဒ္ကေတာ့ စြမ္းအင္ပိုမိုရရွိပါလိမ့္မယ္။ အစာမစားခင္ႏွင့္ အစာစားၿပီးေနာက္ သစ္သီးစားသုံးတာက အစာမေျခႏိုင္ဘဲ အစာအိမ္ထဲမွာ ၾကာရွည္ေနေစၿပီး အစာမေၾကတာ၊ ရင္ပူတာေတြကို ျဖစ္ေပၚေစပါတယ္။

၄။ ေရခ်ိဳးျခင္း

ေရခ်ိဳးျခင္းက အနားယူျခင္းတစ္မ်ိဳးျဖစ္ၿပီး ေသြးလည္ပတ္မႈဆိုင္ရာ က်န္းမာေရးအတြက္ ေကာင္းေပမယ့္ အစာစားၿပီး ေရခ်ိဳးတာက အစာေျခစနစ္ကို အားနည္းေစႏိုင္ပါတယ္။ ေရခ်ိဳးျခင္းက ခႏၶာကိုယ္ရဲ႕ ေအာက္ပိုင္းႏွင့္ လက္ေတြကို ေသြးစီးဆင္းမႈ တိုးေစပါတယ္။ ထမင္းစားၿပီး ေရခ်ိဳးလိုက္ရင္ အစာအိမ္ဧရိယာကို ေသြးစီးဆင္းမႈ နည္းသြားပါလိမ့္မယ္။

အက်ိဳးဆက္အေနနဲ႔ သင့္အစာအိမ္ဟာ အလုံအေလာက္ လည္ပတ္ႏိုင္ျခင္း မရွိတာေၾကာင့္ ဗိုက္နာတာ၊ ေရာင္ရမ္းတာ၊ ေလးလံတာေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ေရခ်ိဳးျခင္းက အစာစားၿပီးေနာက္ ေရွာင္ရွားသင့္တဲ့အရာ ျဖစ္ပါတယ္။

၅။ ေရေအးေသာက္ျခင္း

အစာစားၿပီးေနာက္နဲ႔ အစာစားေနစဥ္အတြင္း ေရေအးေသာက္ျခင္းက အစာမေၾကျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အာဟာရမ်ားကို စုပ္ယူၿပီး စြန္႔ပစ္ပစၥည္းေတြကို ခြဲထုတ္ရာမွာ ပိုမိုခက္ခဲေစပါတယ္။

၆။ လက္ဖက္ရည္ေသာက္ျခင္း
လက္ဖက္ရည္က က်န္းမာတဲ့ ေသာက္စရာတစ္ခုျဖစ္ေသာ္လည္း ထမင္းစားၿပီးခ်ိန္မွာ ေသာက္ဖို႔ မသင့္ေလ်ာ္ပါဘူး။ tannic acid လို႔ေခၚတဲ့ ျဒပ္ပါဝင္တာေၾကာင့္ သံဓါတ္စုပ္ယူျခင္းကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။
၎က ပ႐ိုတိန္းႏွင့္ ဆက္ႏြယ္ေနတာေၾကာင့္ သံဓါတ္စုပ္ယူမႈကို ၈၇ရာခိုင္ႏႈန္းအထိ ေလ်ာ့က်ေစပါတယ္။ ဒါက နာတာရွည္ ေသြးအားနည္းေရာဂါကို ျဖစ္ေပၚေစပါတယ္။ သံဓါတ္ခ်ိဳ႕တဲ့ျခင္းက ရင္ေခါင္နာက်င္ျခင္း၊ အသားအေရေဖ်ာ့ေတာ့ျခင္း၊ အားနည္းျခင္း၊ အလြန္အမင္း ပင္ပန္းျခင္း။ လက္သည္းမ်ား ပ်က္စီးျခင္း၊ အစာစားခ်င္စိတ္မရွိျခင္း၊ ေျခလက္ေတြ ေအးျခင္းကဲ့သို႔ေသာ လကၡဏာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၇။ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္း

အစာစားၿပီးေနာက္ ေရွာင္ရွားရမယ့္ ေနာက္အခ်က္က လမ္းေလွ်ာက္ျခင္းႏွင့္ ေျပးျခင္းျဖစ္ပါတယ္။ အစာစားၿပီး ကိုယ္လက္လႈပ္ရွားမႈလုပ္ျခင္းက ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစၿပီး သင့္ခါးဆိုဒ္ကို က်ေစတယ္လို႔ ထင္တာ မွားပါတယ္။ လမ္းေလွ်ာက္ျခင္းႏွင့္ ေျပးျခင္းက က်န္းမာတယ္ဆိုတာ ျငင္းလို႔မရပါဘူး။ ဒါေပမယ့္ ထမင္းစားၿပီးေနာက္မွာ အစာမေၾကတာ၊ ဗိုက္နာတာကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ထမင္စားၿပီးေနာက္ အနည္းဆုံး မိနစ္ ၃၀အထိ လမ္းေလွ်ာက္ဖို႔ မသင့္ပါ။ လမ္းေလွ်ာက္မယ္ဆိုရင္ ၁၀မိနစ္ထက္ မပိုသင့္ပါဘူး။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here