Home Celebrity လူကြိုက်အများဆုံးဖြစ်တဲ့ အသက် ၂၅နှစ်အောက် ထိုင်းလူငယ်သရုပ်ဆောင် (၁၀)ဦး

လူကြိုက်အများဆုံးဖြစ်တဲ့ အသက် ၂၅နှစ်အောက် ထိုင်းလူငယ်သရုပ်ဆောင် (၁၀)ဦး

0
1

ထိုင်းအနုပညာလောကဟာ နိုင်ငံတကာရုပ်ရှင်လောကကို ထိုးဖောက် ဝင်ရောက်လာသလို ထိုင်းရုပ်ရှင်ကားတွေ၊ တီဗီဒရမ်မာကားတွေဟာ အခုနောက်ပိုင်းမှာ အတော်လေး နာမည်ကြီးလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်တဲ့ အရည်အချင်းရှိသော ထိုင်းလူငယ်သရုပ်ဆောင် အများအပြားလည်း ပေါ်ထွက်လာပါတယ်။ ဒါကတာ့ ထိုင်းနိုင်ငံမှာ လက်ရှိလူကြိုက်အများဆုံး အသက် ၂၅နှစ်အောက် လူငယ်သရုပ်ဆောင် (၁၀)ဦးပါ။

၁။ Perth Tanapon

သူကတော့ အသက် ၁၈နှစ်သာ ရှိသေးပြီး ‘Love By Chance’ဆိုတဲ့ တီဗီစီးရီးမှာ သရုပ်ဆောင်ပြီး လက်ရှိမှာ ရေပန်းစားနေတဲ့ လူငယ်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

၂။ Saint Suppapong

အဆိုပါသရုပ်ဆောင်ကတော့ အသက် ၂၁နှစ်သာရှိပါသေးတယ်။ သူဟာ Perth Tanapon နှင့်အတူ ‘Love By Chance’ တီဗီစီးရီးမှာ သရုပ်ဆောင်ပြီးနောက် ကျော်ကြားလာပါတယ်။ သူ့ရဲ့ နောက်ထပ် သရုပ်ဆောင် ကျွမ်းကျင်မှုအဆင့်ကို ‘Bai Mai Tee Plid Plew’ဆိုတဲ့ တီဗီဒရမ်မာအသစ်မှာ ပြသဦးမှာပါ။

၃။ Pon Nawasch

Pon Nawaschဟာ ၂၃နှစ်ရှိပါပြီ။ ထိုင်းမင်းသမီးချော Bua Nalinthip နှင့်အတူ ‘Tra Barb See Chompoo’ဆိုတဲ့ တီဗီဒရမ်မာတစ်ခုမှာ သရုပ်ဆောင်ပြီးနောက် အာရုံစိုက်မှုအများကြီး ရရှိလာတာပါ။ သူဟာ လက်ရှိမှာ ‘Plerng Prang Tian’ဆိုတဲ့ တီဗီဒရမ်မာအသစ်မှာ သူ့ရဲ့ သရုပ်ဆောင်စကေးကို ပြသနေပါတယ်။

၄။ In Sarin Inpitar

အသက် ၂၄နှစ်ရှိပြီး “Thong Aek Mor Yah Tah Chalong” ဆိုတဲ့ တီဗီဒရမ်မာမှာ သရုပ်ဆောင်ခဲ့ပါတယ်။

၅။ Blue Pongtiwat

အသက် ၁၉နှစ်သာရှိသေးပြီး “Krong Karm” တီဗီဒရမ်မာမှာ သရုပ်ဆောင်ခဲ့ပါတယ်။

၆။ Pluem Purim

အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး Our Skyy ဆိုတဲ့ တီဗီဒရမ်မာဖြင့် နာမည်ကြီးလာတာဖြစ်ပါတယ်။

၇။ Chimon Wachirawit

အသက် ၁၉နှစ်ရှိသူဖြစ်ပြီး He’s Coming to Me တီဗီဒရမ်မာမှာ သရုပ်ဆောင်ခဲ့ပါတယ်။

၈။ Ohm Pawat

အသက် ၁၉နှစ်ရှိသူဖြစ်ပြီး He’s Coming to Me တီဗီဒရမ်မာမှာ သရုပ်ဆောင်ခဲ့ပါတယ်။

၉။ Singto Prachaya

အသက် ၂၄နှစ်ရှိပြီဖြစ်ပြီး He’s Coming to Me တီဗီဒရမ်မာမှာ သရုပ်ဆောင်ခဲ့သူပါ။

၁၀။ Krist Perawat

အသက် ၂၃နှစ်ရှိပြီး Love Beyond Frontier တီဗီစီးရီးမှာ သရုပ်ဆောင်ခဲ့သူပါ။

Lifestyle_Myanmar

LM_Nandar

Source-thaiupdate

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here