လူကို သေစေလောက်တဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ လင်းနို့စွပ်ပြုတ်ကနေတစ်ဆင့် ကူးစက်လာတာလို့ ဒေသခံအချို့ယုံကြည်နေကြ

0
30146
ဝူဟန်ဗိုင်းရပ်စ်
- Advertisement -

သုတေသန ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ ယခုရက်ပိုင်း ကူးစက်ခံနေရတဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ Coronavirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်မျိုးစိပ်တစ်မျိုးဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်တွေထဲကမှ စတင်ကူးစက်လာတာလို့ဆိုပါတယ်။ သုတေသီတို့ရဲ့ အဆိုပြုချက်တွေအရ အဆိုပါ ဗိုင်းရပ်စ်ပိုးမှာရှိတဲ့ ပရိုတိန်းကုဒ်ဟာ မြွေအများအပြားတွင် ပါဝင်တဲ့ ပရိုတိန်းကုဒ်တွေနဲ့ ဆင်တူနေပါတယ်။ CNA ရဲ့ အဆိုအရ မြွေတွေဟာ မကြာခဏဆိုသလို လင်းနို့တွေကို ရှာဖွေစားသောက်လေ့ရှိတာကြောင့် ထိုလင်းနို့တွေကနေတစ်ဆင့် မြွေတွေဆီကို ကူးစက်ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

-Advertisement-

တရုတ်နိုင်ငံရိုက်တာ သတင်းတွေအရ Coronavirus ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့အတွင်း တရားမဝင်ရောင်းချနေတဲ့ တောရိုင်းတိရစ္ဆာန်စျေးကွက်တစ်ခုမှ စတင်ခဲ့တာဖြစ်ပါတယ်။ တရုတ်ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာမှ ညွှန်ကြားရေးမှုးချုပ် Gao Fu ရဲ့ အဆိုအရ အဆိုပါ ဗိုင်းရပ်စ်ဟာလင်းနို့တွေဆီက တစ်ဆင့် ကူးစက်နိုင်တဲ့ coronavirus မျိုးစိပ်ထဲက တစ်ခုဖြစ်ပြီး SARS ဗိုင်းရပ်စ်နဲ့ ၇၀ရာခိုင်နှုန်း နီးပါး ဆင်တူတယ်လို့ ဆိုပါတယ်။

ဝူဟန်ဒေသခံများ လင်းနို့စွပ်ပြုတ် သောက်စားနေကြတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ အများအပြားထွက်ပေါ်လာပြီးနောက် ကျွမ်းကျင်ပညာရှင်အချို့က ထိုလင်းနို့တွေကနေ ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ အကြံပြုထားကြပါတယ်။ ကူးစက်နိုင်ချေ ရှိ မရှိ တည်တည်ကျကျ မသိရသေးပေမဲ့ လူဦးရေ ၁၀၀လောက်မှာ ၅၀လောက်က ထိုမှ တစ်ဆင့်ကူးစက်တာလို့ ယုံကြည်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်ကဖြစ်ပွားခဲ့တဲ့ SARS ဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေတစ်ဆင့် ကူးစက်ခဲ့ကြောင်း အတည်ပြုထားခဲ့လို့ပဲဖြစ်ပါတယ်။

တရားမဝင်ဆိုပေမဲ့ လင်းနို့ကို စျေးကွက်မှာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားနေတာကြောင့် လူသားများကြား ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းက ဘယ်လောက်တောင် ရှိနိုင်မလဲဆိုတာ စိုးရိမ်စရာတစ်ခုပါပဲ။ လက်ရှိအချိန်မှာတော့ ဗိုင်းရပ်ကူးစက်သူ ၅၇၁ဦးထိ ရှိနေပြီး သေဆုံးသူ ၁၇ဦးထိ ရှိနေပါတယ်။ သုတေသနပညာရှင်တွေနဲ့ ကျွမ်းကျင်သူများအနေနဲ့လည်း အဆိုပါ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှုန်းကို ကာကွယ်တားဆီးနိုင်မဲ့ နည်းလမ်းတစ်ခု အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်မယ်လို့ အများက မျှော်လင့်နေတာတော့ အမှန်ပါ။

原來真係有人食蝙蝠🤢#武漢肺炎源頭舟山蝙蝠 #食野味害死人

Posted by 金正欣 on Tuesday, 21 January 2020

#Lifestyle_Myanmar

#Thar_Nage

Ref- worldofbuzz

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here