လိုင်စင်မဲ့ ဆရာဝန်ကြောင့် Plastic Surgery လုပ်ရင်း ကွယ်လွန်သွားတဲ့ အမျိုးသမီး

0
725
Plastic Surgery
Plastic Surgery

Plastic Surgery ကြောင့် အထိတ်တလန့် ပြဿနာတွေ မကြာခဏဆိုသလို ကြုံတွေ့နေရပြီး အခုလည်း အသက် ၂၈နှစ်အရွယ် တရုတ်အမျိုးသမီးဟာ Plastic Surgery လုပ်နေရင်း ကွယ်လွန်သွားခဲ့ပါတယ်။ Oriental Daily သတင်းရဲ့ အဆိုအရ သြဂုတ်လ ၁၈နှစ်မှာ အဆိုပါ အမျိုးသမီးရဲ့ ယောက်ျားထံ Plastic Surgery ဆေးခန်းက ဖုန်းဆက်သွယ်လာခဲ့ပါတယ်။ ဆက်သွယ်တဲ့နေရာမှာတော့ မိန်းမဖြစ်သူကို ခွဲစိတ်မှုပြုလုပ်ရင်း မတော်တဆ ထိခိုက်မှု အနည်းငယ် ရှိခဲ့တယ်လို့ ဆိုလာတာပါ။

ယောကျ်ားဖြစ်သူ အမျိုးသားလည်း ဆေးခန်းကို မြန်မြန်လိုက်သွားခဲ့ပြီး ဆေးခန်းကို ရောက်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ မိန်းမဟာ မျှောနေပါပြီ။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆရာဝန်တွေ အသည်းအသန် ကုသခဲ့ပေမဲ့ အသတ်မမှီခဲ့ပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဟာ ရဲကို အမှုဖွင့်တိုင်ကြခဲ့ပေမဲ့ ဆေးခန်ဘက်က CCTV မှတ်တမ်းတွေကအစ ဖျက်ဆီးထားခဲ့ပါတယ်။

ရဲတွေဘက်က သက်သေတွေ တောင်းဆိုတဲ့ အခါမှာလည်း ဆေးခန်းဘက်က ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေဆုံးသူအမျိုးသမီးဟာ ခွဲစိတ်မှုကို သဘောတူ လက်ခံကြောင်း လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းကို ပြသခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ ရင်သား၊ နဖူး၊ လည်ပင်း နဲ့ တင်ပါးတို့ကို filer ထိုးခြင်း အခြားခွဲစိတ်မှု အချို့ပြုလုပ်ခဲ့တာပါ။

သူမရဲ့ အလောင်းကိုလည်း စစ်ဆေးရာမှာ လည်ပင်းနေရာမှာ အပေါက်ဖောက်ထားပြီး မျက်လုံးနဲ့ နှာခေါင်းက သွေးတွေထွက်နေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနောက် သေဆုံးသူ အမျိုးသမီးရဲ့ ဖုန်း message တွေကို စစ်ဆေးကြည့်တဲ့အခါ အဆိုပါ ဆေးခန်းက သူနာပြုတစ်ယောက်ဖြစ်တဲ့ Zhao ဆိုသူ အမျိုးသမီးနဲ့ စကားပြောဆိုထားတာကိုတွေ့ရပါတယ်။ စာထဲမှာတော့ သူမတို့ဆီမှာ plastic surgery လုပ်ဖို့ ဖိတ်ခေါ်ထားတဲ့ စာတွေပါ။

သူမမသေဆုံးခင် ၂လအကြာက ခင်ပွန်းဖြစ်သူက သူမရဲ့ ရင်သားနဲ့ ပတ်သက်ပြီး ရူးသွပ်ခဲ့ဖူးပါတယ်။ အမျိုးသားက ရင်သားကြီးထွားတာကို နှစ်သက်သူဖြစ်တာရယ် Plastic Surgery ဆေးခန်းက သူနာပြုတစ်ယောက်က သူမရဲ့ ရင်သားကို ပြုပြင်ဖို့ မြူဆွယ်တာရယ် စတာတွေကြောင့် သူမရဲ့ စိတ်ထဲမှာ ရင်သားကို ပြုပြင်ဖို့အတွေးဝင်ခဲ့ပုံ ပေါ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဆေးခန်းဘက်က အမျိုးသမီးရဲ့ သဘောတူညီချက် လက်မှတ်ကို အတုပြုလုပ်ခဲ့တာရယ် လူသေဆုံးမှုဖြစ်ပွားခဲ့တာရယ်၊ လိုင်စင်မဲ့ ဖြစ်တာရယ် စတဲ့ ပြစ်မှုတွေကြောင့် Zhao သူနာပြုအပါအဝင် အားလုံးကို ဖမ်းဆီးအရေးယူကြောင်းသိပြီး ဆေးခန်းကိုလည်း ပိတ်သိမ်းထားကြောင်း သိရပါတယ်။

#Lifestyle_Myanmar

သေသွားတဲ့ ခွေးလေးအတွက် ဘတ်ငွေ ၁.၅ သန်းအကုန်ခံပြီး သင်္ဂြိုဟ်ပေးခဲ့တဲ့ ခွေးချစ်သူ စုံတွဲ

Zawgyi fonts

လိုင္စင္မဲ့ ဆရာဝန္ေၾကာင့္ Plastic Surgery လုပ္ရင္း ကြယ္လြန္သြားတဲ့ အမ်ိဳးသမီး
Plastic Surgery ေၾကာင့္ အထိတ္တလန္႔ ျပႆနာေတြ မၾကာခဏဆိုသလို ၾကဳံေတြ႕ေနရၿပီး အခုလည္း အသက္ ၂၈ႏွစ္အရြယ္ တ႐ုတ္အမ်ိဳးသမီးဟာ Plastic Surgery လုပ္ေနရင္း ကြယ္လြန္သြားခဲ့ပါတယ္။ Oriental Daily သတင္းရဲ့ အဆိုအရ ၾသဂုတ္လ ၁၈ႏွစ္မွာ အဆိုပါ အမ်ိဳးသမီးရဲ့ ေယာက္်ားထံ Plastic Surgery ေဆးခန္းက ဖုန္းဆက္သြယ္လာခဲ့ပါတယ္။ ဆက္သြယ္တဲ့ေနရာမွာေတာ့ မိန္းမျဖစ္သူကို ခြဲစိတ္မွုျပဳလုပ္ရင္း မေတာ္တဆ ထိခိုက္မွု အနည္းငယ္ ရွိခဲ့တယ္လို႔ ဆိုလာတာပါ။

ေယာက်္ားျဖစ္သူ အမ်ိဳးသားလည္း ေဆးခန္းကို ျမန္ျမန္လိုက္သြားခဲ့ၿပီး ေဆးခန္းကို ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ့ မိန္းမဟာ ေမၽွာေနပါၿပီ။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ဆရာဝန္ေတြ အသည္းအသန္ ကုသခဲ့ေပမဲ့ အသတ္မမွီခဲ့ပါဘူး။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေသဆုံးသူအမ်ိဳးသမီးရဲ့ ခင္ပြန္းဟာ ရဲကို အမွုဖြင့္တိုင္ၾကခဲ့ေပမဲ့ ေဆးခန္ဘက္က CCTV မွတ္တမ္းေတြကအစ ဖ်က္ဆီးထားခဲ့ပါတယ္။

ရဲေတြဘက္က သက္ေသေတြ ေတာင္းဆိုတဲ့ အခါမွာလည္း ေဆးခန္းဘက္က ခြဲစိတ္မွုမျပဳလုပ္ခင္မွာ ေသဆုံးသူအမ်ိဳးသမီးဟာ ခြဲစိတ္မွုကို သေဘာတူ လက္ခံေၾကာင္း လက္မွတ္ေရးထိုးထားတဲ့ စာရြက္စာတမ္းကို ျပသခဲ့ပါတယ္။ ေသဆုံးသူ အမ်ိဳးသမီးဟာ ရင္သား၊ နဖူး၊ လည္ပင္း နဲ႔ တင္ပါးတို႔ကို filer ထိုးျခင္း အျခားခြဲစိတ္မွု အခ်ိဳ႕ျပဳလုပ္ခဲ့တာပါ။

သူမရဲ့ အေလာင္းကိုလည္း စစ္ေဆးရာမွာ လည္ပင္းေနရာမွာ အေပါက္ေဖာက္ထားၿပီး မ်က္လုံးနဲ႔ ႏွာေခါင္းက ေသြးေတြထြက္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ အဲ့ဒီေနာက္ ေသဆုံးသူ အမ်ိဳးသမီးရဲ့ ဖုန္း message ေတြကို စစ္ေဆးၾကည့္တဲ့အခါ အဆိုပါ ေဆးခန္းက သူနာျပဳတစ္ေယာက္ျဖစ္တဲ့ Zhao ဆိုသူ အမ်ိဳးသမီးနဲ႔ စကားေျပာဆိုထားတာကိုေတြ႕ရပါတယ္။ စာထဲမွာေတာ့ သူမတို႔ဆီမွာ plastic surgery လုပ္ဖို႔ ဖိတ္ေခၚထားတဲ့ စာေတြပါ။

သူမမေသဆုံးခင္ ၂လအၾကာက ခင္ပြန္းျဖစ္သူက သူမရဲ့ ရင္သားနဲ႔ ပတ္သက္ၿပီး ႐ူးသြပ္ခဲ့ဖူးပါတယ္။ အမ်ိဳးသားက ရင္သားႀကီးထြားတာကို ႏွစ္သက္သူျဖစ္တာရယ္ Plastic Surgery ေဆးခန္းက သူနာျပဳတစ္ေယာက္က သူမရဲ့ ရင္သားကို ျပဳျပင္ဖို႔ ျမဴဆြယ္တာရယ္ စတာေတြေၾကာင့္ သူမရဲ့ စိတ္ထဲမွာ ရင္သားကို ျပဳျပင္ဖို႔အေတြးဝင္ခဲ့ပုံ ေပၚပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ေဆးခန္းဘက္က အမ်ိဳးသမီးရဲ့ သေဘာတူညီခ်က္ လက္မွတ္ကို အတုျပဳလုပ္ခဲ့တာရယ္ လူေသဆုံးမွုျဖစ္ပြားခဲ့တာရယ္၊ လိုင္စင္မဲ့ ျဖစ္တာရယ္ စတဲ့ ျပစ္မွုေတြေၾကာင့္ Zhao သူနာျပဳအပါအဝင္ အားလုံးကို ဖမ္းဆီးအေရးယူေၾကာင္းသိၿပီး ေဆးခန္းကိုလည္း ပိတ္သိမ္းထားေၾကာင္း သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here