လမ်းဘေးကနေ ကောက်ယူမွေးစားထားပြီး ကြီးလာမှ ဘာကောင်လဲဆိုတာ သိရ

0
3837
(ရှူပျံ) ရှဉ့်
(ရှူပျံ) ရှဉ့်

ဇလော်ရီဒါပြည်နယ်မှာ Jeff ဆိုသူက လမ်းလျှောက်ထွက်ရင်း တိရိစ္ဆာသားပေါက်လေး တစ်ကောင်ကို မမှတ်မထင်တွေခဲ့ရပါတယ်။ အဆိုပါ သားပေါက်လေးဟာ ကြွက်သားပေါက်လေးနဲ့ တူလွန်းပါတယ်။

-Advertisement-

မိခင်နဲ့ကွဲပြီး လမ်းဘေးရောက်နေတဲ့အတွက် အခြားသူတွေ တက်နင်းမိမှာ အကောင်တစ်ကောင်ကောင်က အန္တရာယ်ပြုမှာဆိုတာကြောင့် Jeff တစ်ယောက် ဒီတိရိစ္ဆာပေါက်စလေးကို ကယ်တင်မယ်စိတ်ကူးပြီး အိမ်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အကောင်ပေါက်စလေးဖြစ်တာကြောင့် သူ့အတွက် နို့နဲ့ ဘီစကွတ်မုန့်ကို သေချာဂရုတစ်စိုက်ကျွေးမွေးရပြီး တစ်ဖြည်းဖြည်းနဲ့ အကောင်ကြီးလာတဲ့အခါမှာတော့ ထိုတိရိစ္ဆာန်လေးဟာ ရှူးပျံလို့ခေါ်တဲ့ ရှဉ့်အမျိုးအစားတစ်ကောင်ဆိုတာ သိခဲ့ရပါတယ်။

အကောင်ကြီးလာတော့ အရမ်းကို ချစ်ဖို့ကောင်းလာတယ်လို့ Jeff က ဆိုပါတယ်။ အဆိုပါ ရှဉ့်လေးဟာ အမ လေးဖြစ်ပြီး တစ်ခါတလေမှာ jeff နဲ့အတူ ပင်ပေါင်ဘောလုံးကစားတတ်ပါတယ်။

Jeff ရဲ့ ပြောပုံအရ ထိုရှဉ့်မလေးဟာ ကြီးကြီးမားမားရှိတဲ့ သစ်ပင်ပေါ်မှာ လှည့်ပတ်ပြေးရတာ ကြိုက်ပြီး ကျေးငှက်လေးတွရဲ့ အသံကို ကြားရတဲ့အချိန်မျိုး၊ စိတ်လှုပ်ရှားမှုရှိတဲ့အချိန်မျိုး၊ ရေချိုးသန့်စင်ပေးတဲ့ အချိန်မျိုးဆို အရာဝတ္ထုတွေအပေါ် ဟိုခုန် ဒီခုန် လုပ်နေတတ်ပါတယ်။

Jeff မှာ အိမ်မွေးခွေးလေးတစ်ကောင်ရှိပြီးJeff မရှိတဲ့အခါ ဒီခွေးကပဲ ရှဉ့်မလေးကို စောင့်ကြည့်ထားပေးရပါတယ်။

Jeff ရဲ့ စိတ်ထင် သဘာဝကျကျ တောထဲမှာ နေနေတဲ့ ဒီလိုတိရိစ္ဆာန်တွေဟာ မွေးနေကျ အိမ်မွေးတိရိစ္ဆာတွေလိုတော့ အိမ်မှာ ကြာကြာနေနိုင်မှာမဟုတ်လောက်ဘူးလို့ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အတန်းဖော်တွေကို ရေခဲထုပ်ရောင်းပြီး တက္ကသိုလ်တက်ရတဲ့ ကျောင်းသား

Zawgyi fonts

လမ္းေဘးက ေကာက္လာၿပီးေမြးစားထားတာ ႀကီးလာမွ ဘာေကာင္လဲဆိုတာ သိရ
ဇေလာ္ရီဒါျပည္နယ္မွာ Jeff ဆိုသူက လမ္းေလၽွာက္ထြက္ရင္း တိရိစၧာသားေပါက္ေလး တစ္ေကာင္ကို မမွတ္မထင္ေတြခဲ့ရပါတယ္။ အဆိုပါ သားေပါက္ေလးဟာ ႂကြက္သားေပါက္ေလးနဲ႔ တူလြန္းပါတယ္။ မိခင္နဲ႔ကြဲၿပီး လမ္းေဘးေရာက္ေနတဲ့အတြက္ အျခားသူေတြ တက္နင္းမိမွာ အေကာင္တစ္ေကာင္ေကာင္က အႏၲရာယ္ျပဳမွာဆိုတာေၾကာင့္ Jeff တစ္ေယာက္ ဒီတိရိစၧာေပါက္စေလးကို ကယ္တင္မယ္စိတ္ကူးၿပီး အိမ္ကို ေခၚေဆာင္လာခဲ့ပါတယ္။

အေကာင္ေပါက္စေလးျဖစ္တာေၾကာင့္ သူ႔အတြက္ နို႔နဲ႔ ဘီစကြတ္မုန္႔ကို ေသခ်ာဂ႐ုတစ္စိုက္ေကၽြးေမြးရၿပီး တစ္ျဖည္းျဖည္းနဲ႔ အေကာင္ႀကီးလာတဲ့အခါမွာေတာ့ ထိုတိရိစၧာန္ေလးဟာ ရွူးပ်ံလို႔ေခၚတဲ့ ရွဥ့္အမ်ိဳးအစားတစ္ေကာင္ဆိုတာ သိခဲ့ရပါတယ္။ အေကာင္ႀကီးလာေတာ့ အရမ္းကို ခ်စ္ဖို႔ေကာင္းလာတယ္လို႔ Jeff က ဆိုပါတယ္။ အဆိုပါ ရွဥ့္ေလးဟာ အမ ေလးျဖစ္ၿပီး တစ္ခါတေလမွာ jeff နဲ႔အတူ ပင္ေပါင္ေဘာလုံးကစားတတ္ပါတယ္။

Jeff ရဲ့ ေျပာပုံအရ ထိုရွဥ့္မေလးဟာ ႀကီးႀကီးမားမားရွိတဲ့ သစ္ပင္ေပၚမွာ လွည့္ပတ္ေျပးရတာ ႀကိဳက္ၿပီး ေက်းငွက္ေလးတြရဲ့ အသံကို ၾကားရတဲ့အခ်ိန္မ်ိဳး၊ စိတ္လွုပ္ရွားမွုရွိတဲ့အခ်ိန္မ်ိဳး၊ ေရခ်ိဳးသန္႔စင္ေပးတဲ့ အခ်ိန္မ်ိဳးဆို အရာဝတၳဳေတြအေပၚ ဟိုခုန္ ဒီခုန္ လုပ္ေနတတ္ပါတယ္။ Jeff မွာ အိမ္ေမြးေခြးေလးတစ္ေကာင္ရွိၿပီးJeff မရွိတဲ့အခါ ဒီေခြးကပဲ ရွဥ့္မေလးကို ေစာင့္ၾကည့္ထားေပးရပါတယ္။

Jeff ရဲ့ စိတ္ထင္ သဘာဝက်က် ေတာထဲမွာ ေနေနတဲ့ ဒီလိုတိရိစၧာန္ေတြဟာ ေမြးေနက် အိမ္ေမြးတိရိစၧာေတြလိုေတာ့ အိမ္မွာ ၾကာၾကာေနနိုင္မွာမဟုတ္ေလာက္ဘူးလို႔ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here