လူတိုင်းမှာတော့ ရည်းစားဟောင်းဆိုတာရှိတတ်ကြပါတယ်။ တစ်ချို့တွေကတော့ စိတ်ဓာတ်ပြတ်သားလွန်းပြီး နာကျဉ်းလွန်းတဲ့စိတ်တွေကြောင့် ရည်းစားဟောင်းနဲ့ ပြန်မတွေ့ချင်လောက်အောင်ကို စိတ်ဓာတ်တွေကပြင်းထန်နေတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရည်းစားဟောင်းနဲ့ လမ်းမှာတောင်ပြန်မဆုံမိအောင် နေနိုင်ဖို့လိုက်နာသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သူ့အလုပ်ရှိတဲ့နေရာမျိုးတွေကိုရှောင်ပါ
တကယ်လို့ အလုပ်ကိုင်ချင်းတူနေမယ်ဆိုရင် တခြားအလုပ်နေရာကိုပြောင်းဖို့ ကြိုးစားပါ။ ကိုယ်နဲ့အဆင်မပြေတော့တဲ့သူတစ်ယောက်နဲ့ တစ်နေရာထဲမှာတူတူရှိနေရတာက ပိုပြီးတော့ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်ပြောင်းလိုက်တာမျိုးက အကောင်းဆုံးပါ။

သူသွားတတ်တဲ့နေရာတွေကိုရှောင်ပါ
ကိုယ့်ရည်းစားဖြစ်ခဲ့တာဆိုတော့ သူသွားတတ်တဲ့နေရာတွေကို အနည်းအကျဉ်းလောက်တော့ သိထားပြီးသားဖြစ်မှာပါ။ ပြတ်ပြီးသွားလို့ ပြန်တောင်မတွေ့ချင်တော့ဘူးဆိုရင် သူရှိလောက်မယ့်နေရာမျိုးတွေကို တတ်နိုင်သလောက်ရှောင်တာက သင့်အတွက်ပိုပြီးတော့ ကောင်းမွန်စေပါတယ်။
သူ့ဆီကိုဖုန်းမခေါ်မိပါစေနဲ့
ရူးနေရင်တောင်မလုပ်သင့်တဲ့ အရာမျိုးပါ။ ယောင်ရမ်းပြီးဖုန်းခေါ်လိုက်မိမယ်ဆိုရင်တော့ သေလောက်အောင်ကြီးမှားတဲ့ ပြစ်မှုကြီးပါပဲ။ အဆင်မပြေတော့လို့လမ်းခွဲပြီးမှာ ဖုန်းဆက်လိုက်မယ်ဆိုရင်၊ သူဖုန်းဆက်လာတာတွေကို လက်ခံလိုက်လို့မဖြစ်ပါဘူး။

အကုန်လုံးကို Block ထားလိုက်ပါ
လုံးဝပြတ်သားဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သူရဲ့ဖုန်းတွေရော၊ Account တွေအားလုံးကိုပါ Block ထားလိုက်ပါ။ ဒါဆိုရင် သူ့ကိုမြင်စရာအကြောင်းလည်းမရှိတော့သလို သူလုပ်တာတွေလည်းမမြင်ရတော့ ဘယ်တော့မှ သတိရတော့မှာမဟုတ်ပါဘူး။
သူ့သူငယ်ချင်းတွေနဲ့ဝေးဝေးမှာနေပါ
ကိုယ်နဲ့တွဲနေတဲ့အချိန်တုန်းက သူ့သူငယ်ချင်းတွေက ကိုယ့်သူငယ်ချင်းလည်းဖြစ်ခဲ့တာတော့ မှန်ပေမယ့် ပြတ်သွားပြီးတဲ့အချိန်ကြရင်တော့ သူ့သူငယ်ချင်းတွေနဲ့လည်း မပတ်သတ်ပဲနေလိုက်ပါ။ ဒါမှလည်း သူတို့ဆီကနေပြီး သတင်းတွေပြန်မကြားရတော့မှာပေါ့။

သူရှိနေနိုင်တဲ့နေရာတွေကိုရှောင်ပါ
နောက်ဆုံးပြောချင်တာကတော့ သူရှိနေလောက်မယ်လို့ထင်တဲ့နေရာတွေ၊ သူ့ပတ်ဝန်းကျင်နားတွေကို ခြေမချမိစေဖို့ ကြိုးစားပါ။ တကယ်လို့ အမှတ်မထင် သူ့ကိုတွေ့လိုက်ရပြီဆိုရင်လည်း တွေဝေမနေပါနဲ့၊ ရင်ခုန်တာတွေကြောက်တာတွေလည်းဖြစ်မနေပါနဲ့။ စိတ်နာနာနဲ့ပဲ မျက်နှာချင်းမဆိုင်မိအောင် မျက်နှာကိုလွဲနေလိုက်တာက အကောင်းဆုံးပါပဲ။
Lifestyle_Myanmar
ref-evolve.how