လမ်းခွဲခြင်းနှင့် လူတွေရဲ့ အမြင်များ

လမ်းခွဲခြင်းနှင့် လူတွေရဲ့ အမြင်များ

0
32

ကျွန်မတို့အများစုဟာ လမ်းခွဲခြင်းကို မဆုံးဖြတ်ခင်မှာ တစ်ခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲ ဘယ်လိုကဲ့ရဲ့ ကြမလဲဆိုတဲ့ အချက်ကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် သင့်ပတ်၀န်းကျင်က လူတွေက ဘယ်လိုတွေ ပြောနေပါစေ သင့်ရဲ့ဘ၀ ပိုကောင်းအောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချနေတယ်ဆိုတာ နားလည်ရပါမယ်။

-Advertisement-

လမ်းခွဲခြင်း

သင်တို့အတူတူနှစ်ပေါင်းများစွာလက်တွဲပြီး အချိန်တွေကုန်လာရင်း အတိတ်ရဲ့ အမှတ္တရလေးတွေက လမ်းခွဲခြင်းကို ခက်ခဲပါစေလိမ့်မယ်။ ကလေးရှိနေမယ်ဆိုရင် ပိုတောင် ဆိုးသွားပါလိမ့်ဦးမယ်။ သင်ကိုယ်တိုင်အချိန်ပေးပြီး အကြံပေးသူတွေရဲ့ အကူအညီကို အနည်းငယ်ရယူနိုင်ပါတယ်။ ဇွဲရှိဖို့နှင့် အချိန်မပေးနိုင်ဘူးဆိုရင် ရေရှည်မှာ နှစ်ယောက်စလုံးအတွက် အဆင်မပြေနိုင်ပါဘူး။ သင့်အနေနဲ့ သင့်ရဲ့ partnerကို သင်လက်မခံနိုင်တဲ့ သူရဲ့ ချွတ်ယွင်းချက်တွေကို ပြောပြပါ။ သင့်အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ သင့်ရဲ့ ထင်မြင်ယူဆချက်တွေကို ဆွေးနွေးပါ။ ဒါပေမယ့် ထူးခြားမလာဘူးဆိုရင်တော့ သင်တို့ လမ်းခွဲသင့်ပါပြီ။

သင့်ကို နာကျင်မှုကို ဖြစ်စေသော အရာတစ်ခုခုကို တွယ်ကပ်နေခြင်းထက် သင့်အတွက် အလုပ်လုပ်သော သင့်ကို လိုအပ်သော ဆက်ဆံရေးကို ရှာဖွေခြင်းက သင့်အတွက် ပိုပြီးတော့ ကျန်းမာစေပါတယ်။ ဘ၀ဟာ တိုတောင်းလွန်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်မှု မပေးနိုင်ဘဲအတူတူနေထိုင်ခြင်းက နှစ်ယောက်စလုံးအတွက် ဆိုးကျိုးတွေပဲ ရှိလာပါလိမ့်မယ်။

လူတွေရဲ့ အမြင်များ

relationshipတစ်ခုကို အဆုံးသတ်ဖို့ ပြင်ဆင်နေတဲ့ လူတွေမှာ စိတ်ပူစရာများစွာထဲက အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ လမ်းခွဲလိုက်တဲ့အခါ လူတွေဘယ်လိုထင်ကြမလဲ။ ထွက်သွားတာက နာကျင်မှုအဆင့်ဖြစ်နိုင်ပြီးတော့ လူနည်းနည်းလောက်ကသာ မင်းအကြောင်းပြောနိုင်တာပါ။ အဲ့သလိုပဲ လူနည်းနည်းလောက်ကတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တစ်ချို့ကလည်း မကောင်းဆိုး၀ါးလို့ ပြောချင်လည်း ပြောပါလိမ့်မယ်။ သို့သော် သင်ကိုယ်သင် ဒီမေးခွန်းတွေကို မေးပါ။ ဒီလူတွေက သင်တစ်ယောက်တည်းရှိနေချိန်တွေက ဘယ်လိုဖေးမခဲ့လဲ၊ ဘယ်လိုကူညီပေးဖူးသလဲ၊ နောက်ပြီး သင့်ဘ၀ကို မြှင့်တင်ပေးမယ့်သူလား၊ ဆွဲချမယ့်သူလားဆိုတာ ဆန်းစစ်ကြည့်ပါ။ အဖြေက Noဆိုရင်တော့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဘာကြောင့် ဂရုစိုက်သင့်တယ်လို့ သင်တွေးနေတာပါလဲ။ သင်ဘယ်လိုဖြတ်သန်းနေရတယ်၊ သင်ဘယ်လောက်ခက်ခဲတယ်ဆိုတာ သင်ပဲသိပါတယ်။ တစ်ခြားဘယ်သူမှ မရှိပါဘူး။အဲ့တော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်တာလည်း မှန်နေတာမဟုတ်လား။

သင်ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိလာတဲ့အခါ ပိုမိုပျော်ရွှင်လာလိမ့်မည်။ ငါတို့ပတ်၀န်းကျင်မှာ အခြေမခိုင်တဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။ သင့်ရဲ့ သူငယ်ချင်းတော်တော်များများဟာ မကျန်းမာသော ဆက်ဆံရေးတွေမှာ ရှိနေကြပါတယ်။ ဆက်ဆံရေးတစ်ခုက သင့်ဘ၀ရဲ့ တိုးတက်မှုကို မတားဆီးနိုင်ပါဘူး။ ပြဿနာက လူတွေဟာ သူတို့ရဲ့ ခရီး(သို့) ပန်းတိုင်တစ်ခုကို သွားတဲ့အခါ တစ်စုံတစ်ယောက်ကို ဇွတ်ဆွဲပြီးခေါ်ဆောင်သွားချင်ကြတယ်။ တကယ်တော့ သင့်အနေနဲ့ သင်သွားရမယ်ခရီးတစ်ခုကို ရွေးချယ်ပြီးသွားတဲ့အခါ သင့်နဲ့အတူတူ ”ဒိုးတူပေါင်ဖက်”လိုက်နိုင်တဲ့ သူတစ်ယောက်ကိုသာ ခေါ်ဆောင်သွားသင့်ပါတယ်။ နောက်တစ်ကြိမ်မှာ relationshipတစ်ခု မဖန်တီးခင် သင်ရှာဖွေရမယ့်အရာနဲ့ ပတ်သက်ပြီး များများ စဥ်းစားပါ။ ဒါမှသာ ပိုမိုကျန်းမာသော relationshipဖြစ်ပြီး ယိုင်နဲ့နဲ့ ဆက်ဆံရေးတွေကို အဆုံးသတ်စေနိုင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-Lovepanky

LEAVE A REPLY

Please enter your comment!
Please enter your name here