ခရီးထွက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ထင်လဲ။ ယောကျာ်းလေးအများစုဟာ ခရီးသွားခါနီးမှာ ဒီတိုင်း ထထွက်သွားကြတာများပါတယ်။ ဒီအပြုအမူဟာတော်တော်လေးကို လမ်းခရီးမှာဒုက္ခရောက်စေပါလိမ့်မယ်။ ဒါ့ကြောင့် ခရီးသွားခါနီးမှာ ပြုလုပ်သင့်တဲ့ အချက်ကလေးတွေကို နည်းနည်းလေးဝေမျှပေးချင်ပါတယ်။
သွားရမယ့်လမ်းကြောင်းတွေကို ကြိုလေ့လာထားပါ
ကိုယ်သွားမယ့် ခရီးနဲ့ပတ်သက်ပြီးလမ်းကြောင်းတွေကို ကြိုတင်လေ့လာထားပါ။ ဒီလိုလေ့လာထားခြင်းအားဖြင့် ကိုယ့်ရဲ့ လမ်းခရီးမှာ လမ်းမှားတာမျိုး အချိန်ဖင့်တာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ခရီးမသွားခင် သုံးလေးရက် အလိုလောက်ကတည်းက ကိုယ်သွားမယ့်နေရာအကြောင်း ၊ ကိုယ်သွားမယ့်ဒေသရဲ့ မသွားမဖြစ် သွားသင့်တဲ့ နေရာလေးတွေအကြောင်းလေ့လာထားဖို့ လိုပါလိမ့်မယ်။ ဒါမှ ကိုယ် ရောက်နေတဲ့အချိန်မှာ လည်ပတ်သင့်တဲ့ နေရာတွေ ကျန်မသွားမှာပါ။

သွားမယ့် ကားကိုသေချာစစ်ဆေးပါ
ခရီးထွက်ခါနီးမှာ ကိုယ်မောင်းမယ့်ကားကို သေချာစစ်ဆေးဖို့ အထူးအရေးကြီးပါတယ်။ ကားရဲ့ ကြံ့ခိုင်မှုအပိုင်းနဲ့အတူ အရေးကြီးတဲ့အချက်တွေအားလုံး လုံးဝမေ့မကျန်ခဲ့စေဘဲ စစ်ဆေးသွားဖို့တော့လိုပါလိမ့်မယ်။ ဒါမှ လမ်းခရီးမှာကားချို့ယွင်းမှုဖြစ်ခြင်းကနေ ကင်းဝေးသွားမှာပါ။

မိုးလေဝသအခြေအနေတွေကိုလည်း ဆန်းစစ်လေ့လာထားပါ
ကိုယ်သွားမယ့် နေရာဒေသရဲ့ ရာသီဥတုအခြေအနေ မိုးလေဝသအခြေအနေတွေကို လေ့လာထားဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ ကိုယ်ကမလေ့လာဘဲ ဒီတိုင်းထထွက်သွားခဲ့လို့ ရာသီဥတုဆိုးဆိုးဝါးဝါးနဲ့တိုးတဲ့အခါမျိုးမှာကိုယ့်ရဲ့ ခရီးလမ်းဟာမဖြောင့်ဖြူးဘဲ စိတ်ညစ်ရပါလိမ့်မယ်။

ယူဆောင်သွားရမယ့် ပစ္စည်းတွေစစ်ဆေးပါ
နောက်ဆုံးအချက်ကတော့ ယူဆောင်သွားရမယ့်ပစ္စည်းတွေ အားလုံးပါမပါ စစ်ဆေးသင့်ပါတယ်။ ဒီအလေ့အထကလည်း ကိုယ့်ကိုလမ်းခရီးမှာစိတ်အနှောင့်အယှက်မဖြစ်အောင်၊ ဒုက္ခမများအောင် ကယ်တင်ပေးနိုင်တဲ့ အလေ့အထပါ။ ဒီတော့ ကိုယ့်ကိုအဆင်ပြေပြေနဲ့ ခရီးမှာပျော်ရွှင်ခွင့်ရအောင် ဒီအချက်ကလေးတွေကိုမမေ့မလျော့ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါရစေ။

Lifestyle_Myanmar
ref-huffpost