လည်ပင်းနဲ့ ရင်ဘက်မှာ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ အားသွင်းရင် ဖုန်းအသုံးပြုသူအမျိုးသား

0
161
ဖုန်းပေါက်ကွဲမှု

စမတ်ဖုန်းတွေ ပေါလာတာနဲ့အမျှ စိတ်ဝင်စားစရာတွေ၊ စွဲမက်စရာ ဂိမ်းတွေကလည်း တစ်ဖြည်းဖြည်း ပိုများလာပါတယ်။ ဂိမ်းရူးသွပ်သူတွေအတွက် အကြိုက်ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း မမျှော်လင့်ဘဲ ကျရောက်တတ်တဲ့ အန္တရာယ်တွေများစွာရှိနေနိုင်ပါတယ်။ ဥစ္စာကို ကံစောင့် အသက်ကို ဉာဏ်စောင့်ဆိုသလို ဖုန်းကို အသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့ သတိထားဖို့တော့ လိုအပ်ပါတယ်။

-Advertisement-

ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်နေ့က မလေးရှားနိုင်ငံ Sarawakian မြို့မှာ အိပ်နေရင်း ဖုန်းပေါက်ကွဲတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ်အမျိုးသားတစ်ဦးဟာ အားသွင်းရင်း တန်းလန်းနဲ့ ဖုန်းအသုံးပြုပြီး အိပ်ပျော်သွားခဲ့ပါတယ်။ အိပ်ပျော်သွားတဲ့အခါ ဖုန်းဟာ ရင်ဘက်ပေါ်ပြုတ်ကျနေတာ သတိမထားမိခဲ့ပါဘူး။ ဒီအပြုအမူက သူ့အတွက် အရမ်းကို အန္တရာယ်များတယ်ဆိုတာ သတိထားမိပုံ မပေါ်ခဲ့ပါဘူး။

ဒီအချိန်မှာပဲ ဖုန်းဟာ အပူချိန်လွန်ကဲပြီး ရုတ်တရက် ပေါက်ကွဲခဲ့ပါတယ်။ ကံမကောင်းစွာပဲ အဆိုပါ အမျိုးသားရဲ့ ရင်ဘက်နဲ့ လည်ပင်း နေရာတွေမှာ ပြင်းထန်တဲ့ မီးလောင်မှုဒဏ်ရာတွေ ရရှိခဲ့ပြီး သူ့ရဲ့ အိပ်ရာခင်းလည်း မီးစွဲခဲ့ရပါတယ်။ အော်ဟစ်တဲ့ အသံတွေကြောင့် မိသားစုတွေ ရောက်ရှိလာပြီး ချက်ချင်းပဲ Sarawak မှာရှိတဲ့ အထွေထွေဆေးရုံကို အရေးပေါ်တင်လိုက်ရပါတယ်။

ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ထိုအမျိုးသား ခန္ဓာကိုယ်ရဲ့ ၂၀ရာခိုင်နှုန်းလောက်က မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာတွေ့ရပါတယ်။ ဖုန်းဘက်ထရီရဲ့ အားနည်းချက်ကြောင့်လား ဖုန်းအတွင်းပါဝင်တဲ့ ဆက်စပ်ပစ္စည်းတွေကြောင့်လား တိတိကျကျ အတည်မပြုရသေးပေမဲ့ ဒီလို အားသွင်းရင် ဖုန်းပေါက်ကွဲတဲ့ဖြစ်စဉ်တွေက ရှေ့မှာ မရေတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူး၊ ကြားဖူးကြမှာပါ။

ဒါ့ကြောင့် Lifestyle_Myanmar ပရိတ်သတ်ပြီးလည်း ဖုန်းအသုံးပြုမယ်ဆိုရင် အားသွင်းရင်း အသုံးမပြုဖို့ သတိပေးနိုးဆော်ရင်း ဒီအဖြစ်အပျက်ကို ပြန်လည်မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အတိတ်က အမှိုက်ပုံကြားမှာရှင်သန်ရပေမဲ့ အခုချိန် အားလုံးရဲ့ စင်ရှေ့ကို ရောက်နေခဲ့တဲ့ မိန်းကလေး

Zawgyi Fonts

လည္ပင္းနဲ႔ ရင္ဘက္မွာ မီးေလာင္ဒဏ္ရာရရွိခဲ့တဲ့ အားသြင္းရင္ ဖုန္းအသုံးျပဳသူအမ်ိဳးသား
စမတ္ဖုန္းေတြ ေပါလာတာနဲ႔အမၽွ စိတ္ဝင္စားစရာေတြ၊ စြဲမက္စရာ ဂိမ္းေတြကလည္း တစ္ျဖည္းျဖည္း ပိုမ်ားလာပါတယ္။ ဂိမ္း႐ူးသြပ္သူေတြအတြက္ အႀကိဳက္ျဖစ္ေပမဲ့ တစ္ဖက္မွာလည္း မေမၽွာ္လင့္ဘဲ က်ေရာက္တတ္တဲ့ အႏၲရာယ္ေတြမ်ားစြာရွိေနနိုင္ပါတယ္။ ဥစၥာကို ကံေစာင့္ အသက္ကို ဉာဏ္ေစာင့္ဆိုသလို ဖုန္းကို အသုံးျပဳမယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ သတိထားဖို႔ေတာ့ လိုအပ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁၅ရက္ေန႔က မေလးရွားနိုင္ငံ Sarawakian ၿမိဳ႕မွာ အိပ္ေနရင္း ဖုန္းေပါက္ကြဲတဲ့ အျဖစ္အပ်က္တစ္ခုျဖစ္ေပၚခဲ့ပါတယ္။ အသက္ ၂၁ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးဟာ အားသြင္းရင္း တန္းလန္းနဲ႔ ဖုန္းအသုံးျပဳၿပီး အိပ္ေပ်ာ္သြားခဲ့ပါတယ္။ အိပ္ေပ်ာ္သြားတဲ့အခါ ဖုန္းဟာ ရင္ဘက္ေပၚျပဳတ္က်ေနတာ သတိမထားမိခဲ့ပါဘူး။ ဒီအျပဳအမူက သူ႔အတြက္ အရမ္းကို အႏၲရာယ္မ်ားတယ္ဆိုတာ သတိထားမိပုံ မေပၚခဲ့ပါဘူး။

ဒီအခ်ိန္မွာပဲ ဖုန္းဟာ အပူခ်ိန္လြန္ကဲၿပီး ႐ုတ္တရက္ ေပါက္ကြဲခဲ့ပါတယ္။ ကံမေကာင္းစြာပဲ အဆိုပါ အမ်ိဳးသားရဲ့ ရင္ဘက္နဲ႔ လည္ပင္း ေနရာေတြမွာ ျပင္းထန္တဲ့ မီးေလာင္မွုဒဏ္ရာေတြ ရရွိခဲ့ၿပီး သူ႔ရဲ့ အိပ္ရာခင္းလည္း မီးစြဲခဲ့ရပါတယ္။ ေအာ္ဟစ္တဲ့ အသံေတြေၾကာင့္ မိသားစုေတြ ေရာက္ရွိလာၿပီး ခ်က္ခ်င္းပဲ Sarawak မွာရွိတဲ့ အေထြေထြေဆး႐ုံကို အေရးေပၚတင္လိုက္ရပါတယ္။

ဆရာဝန္ေတြရဲ့ စစ္ေဆးခ်က္အရ ထိုအမ်ိဳးသား ခႏၶာကိုယ္ရဲ့ ၂၀ရာခိုင္ႏွုန္းေလာက္က မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့တာေတြ႕ရပါတယ္။ ဖုန္းဘက္ထရီရဲ့ အားနည္းခ်က္ေၾကာင့္လား ဖုန္းအတြင္းပါဝင္တဲ့ ဆက္စပ္ပစၥည္းေတြေၾကာင့္လား တိတိက်က် အတည္မျပဳရေသးေပမဲ့ ဒီလို အားသြင္းရင္ ဖုန္းေပါက္ကြဲတဲ့ျဖစ္စဥ္ေတြက ေရွ႕မွာ မေရတြက္နိုင္ေအာင္ ၾကဳံေတြ႕ခဲ့ဖူး၊ ၾကားဖူးၾကမွာပါ။

ဒါ့ေၾကာင့္ Lifestyle_Myanmar ပရိတ္သတ္ၿပီးလည္း ဖုန္းအသုံးျပဳမယ္ဆိုရင္ အားသြင္းရင္း အသုံးမျပဳဖို႔ သတိေပးနိုးေဆာ္ရင္း ဒီအျဖစ္အပ်က္ကို ျပန္လည္မၽွေဝလိုက္ရျခင္း ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here