လည်ပင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အထိအခိုက်မခံတဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် အထွေအထူးဂရုစိုက်စရာမလိုဘဲ လျစ်လျူထားလို့ရပါတယ်။ သို့ပေမယ့် နောက်ဆက်တွဲရလဒ်ကတော့ အရေပြားတွေတွန့်လာခြင်းနှင့် လိုင်းများ ဖြစ်လာနိုင်ပါတယ်။ ဒီလိုင်းကြောင်းတွေရှိနေတာက လူတွေကို ပုံမှန်အသက်ထက် ပိုပြီး ကြီးရင့်ရောင် ပေါ်စေပါလိမ့်မယ်။ ဒါ့အပြင် ပျိုမေတို့ရဲ့ အလှအပအတွက်လည်း အနှောင့်အယှက်ဖြစ်စေတာကြောင့် ဒီအရာတွေကို ပျောက်စေနိုင်မယ့် အိမ်တွင်းနည်းလမ်းတစ်ချို့ကို မျှဝေချင်ပါတယ်။
၁။ သင့်ရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုပါ

ကျွန်မတို့တွေဟာ ဖုန်းမျက်နှာပြင်ကို နာရီပေါင်းများစွာကြာအောင် ကြည့်ပြီး အသုံးပြုနေကြပါတယ်။ ရလဒ်အနေနဲ့ ဒီလိုထပ်တလဲလဲလှုပ်ရှားမယ်ဆိုရင် ကျွန်မတို့ရဲ့ လည်ပင်းပေါ်က အရေပြားတွန့်လာပြီး နောက်ကျောနာကျင်မှုတွေဖြစ်လာပါလိမ့်မယ်။ လည်ပင်းက လိုင်းတွေကို ကာကွယ်ဖို့ သင့်ရှေ့က ကွန်ပျူတာကို အလိုက်သင့်ပြောင်းပြီး သင့်ခေါင်းကို မတ်မတ်ထားပြီး ရှေ့ကို ဖြောင့်ဖြောင့်ကြည့်ပါ။ သင့်အတွက် သက်တောင့်သက်သာမရှိဘူးဆိုရင် သင့်ရဲ့ screen ကို ညှိပေးနိုင်မယ့် ကိရိယာတွေ စျေးကွက်ထဲမှာရှိပါတယ်။
၂။ သင့်ရဲ့ ဉီးခေါင်းနှင့် လည်ပင်းကို ထိန်းချုပ်နိုင်မယ့် စပယ်ရှယ် app တွေကို သုံးကြည့်ပါ
သင့်ရဲ့ ကိုယ်ဟန်အနေအထားနဲ့ ပတ်သက်ပြီး ချက်ချင်းတုန့်ပြန်မှုပေးနိုင်တဲ့ Android နှင့် iPhone အတွက် text neck app တွေ အမြောက်အများထွက်ပေါ်နေပါပြီ။ သင့်ရဲ့ ဉီးခေါင်းအနေအထားကို ထိန်းချုပ်ဖို့လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒီနည်းလမ်းဖြင့် အတွန့်တွေ၊ အရေးအကြောင်းတွေကို တိုက်ထုတ်တဲ့နေရာမှာ ပိုပြီးထိရောက်မှုရှိစေဖို့ အခွင့်အလမ်းတွေပိုများလာပါလိမ့်မယ်။
၃။ သင့်ရဲ့ မျက်နှာနှင့်အတူ လည်ပင်းတစ်လျှောက်ကို နေ့တိုင်းသန့်ရှင်းပါ

ညနေတိုင်း ဒီလိုတူညီတဲ့ သန့်ရှင်းမှုလေးကို ပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့ လည်ပင်းတစ်ခုလုံးအပါအဝင် သင့်မျက်နှာက မိတ်ကပ်တွေကို ဖျက်ပါ။ သင့်ရဲ့ အသားအရေအမျိုးအစားအလိုက် ကောင်းမွန်တဲ့ cleanser သုံးပါ။ လည်ပင်းအပါအဝင် သင့်မျက်နာကို moisturizer တစ်ချို့ လိမ်းပေးပါ။ သင့်ရဲ့ အသားအရေကိုလည်း ကြည်လင်စေပြီး လည်ပင်းက အဆိပ်အတောက်ကိုပါ တစ်ကြိမ်တည်းဖယ်ရှားပေးပါလိမ့်မယ်။
၄။ သင့်ရင်ဘတ်ကို exfoliate
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နှင့် မျက်နှာကို မကြာခဏ exfoliate လုပ်ကြပါလိမ့်မယ်။ သို့ပေမယ့် ကျွန်မတို့ရဲ့ ရင်ဘတ်ကိုတော့ exfoliate လုပ်ဖို့တော့ မေ့တတ်ကြပါတယ်။ အရေပြားက အထိအခိုက်မခံတာမှန်ပေမယ့် အာရုံစိုက်ဖို့တော့ အမှန်တကယ်လိုအပ်ပါတယ်။ exfoliate လုပ်ခြင်းက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ပြုလုပ်ပေးပါ။
၅။ လည်ပင်းယောဂလုပ်ပါ
လည်ပင်းယောဂကို တစ်နေ့လျှင် အနည်းဆုံး မိနစ် (၃၀) နှုန်းနဲ့ အနည်းဆုံး ငါးလကြာပြုလုပ်ပေးဖို့ အကြံပြုကြပါတယ်။ လေ့ကျင့်ခန်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

မေးစေ့ထုတ်ခြင်း
၁။ အဆင်ပြေသက်သာတဲ့အနေအထားနဲ့ ထိုင်ပါ
၂။ ပထမဆုံးမေးစေ့ကို အပြင်ထုတ်ပါ
၃။ ၅ စက္ကန့်အကြာ ပြုံးထားပြီး မေးကို မော့မြဲမော့ထားပါ။
၄။ သင့်လည်ပင်းထဲက ကြွက်သားတွေထဲက တင်းမာမှုကို ခံစားပါ။
၅။ ဒီနည်းလမ်းအတိုင်း သုံးကြိမ်သုံးခါပြုလုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ (၁) ကြိမ် (သို့) (၂) ကြိမ်ပြုလုပ်ပေးပါ။
လည်ပင်းပြဿနာတွေအတွက် ထိရောက်လွန်းတဲ့နည်းလမ်းတစ်ခုကတော့ မျက်နှာကျက်ကို နမ်းခြင်းလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ?
၁။ သင့်ရဲ့ ပုခုံးတွေကို အောက်ချထားပြီး အနားယူမှုကို ထိန်းထားပါ။
၂။ သင့်ရဲ့ မေးကို မျက်နှာကျက်တွေကို မော့ကြည့်ပါ။ သင့်ရဲ့ လည်ပင်းနှင့် မေးစေ့မှာရှိတဲ့ ကောင်းမွန်တဲ့တင်းမာမှု ကို ခံစားသင့်ပါတယ်။
၃။ တစ်ချိန်တည်းမှာ သင့်ရဲ့ လျှာတွေကို stick out လုပ်ပြီး ဘဲနှုတ်ခမ်းပြုလုပ်ပါ။
၄။ ဒီအနေအထားအတိုင်း ၅ စက္ကန့်လောက်အထိ ထားပါ။ ထပ်ခါထပ်ခါပြုလုပ်ပြီး ၃ ကြိမ်အထိ ပြုလုပ်ပေးပါ။
၅။ တစ်နေ့လျှင် ၁ ကြိမ် (သို့) ၂ ကြိမ်အထိ ပြုလုပ်ပေးပါ။
Swan လေ့ကျင့်ခန်းလုပ်ကြည့်ပါ

၁။ အဆင်ပြေသက်သာတဲ့အနေအထားနဲ့ ထိုင်ပါ။ ပုခုံးကို သက်သက်သာသာချထားပါ။
၂။ သင့်ရဲ့ collarbone အောက်မှာ သင့်ရဲ့ ညာဘက်လက်ကို ထားပါ။ နည်းနည်းလေး ဖိအားထည့်ပေးပါ။
၃။ သင့်ရဲ့ ဉီးခေါင်းနှင့် လည်ပင်းကို ညာဘက်အထိ ဆွဲဆန့်ပါ။ သင့်ရဲ့ အနေအထားက Swan ရဲ့ လည်ပင်းနဲ့ တူနေသင့်ပါတယ်။
၄။ ဘဲနှုတ်ခမ်းလေး လုပ်ထားပါ။
၅။ (၅) စက္ကန့်အထိ ထားပြီးရင် ဘယ်ဘက်ကို ပြောင်းပါ။
၆။ တစ်နေ့လျှင် (၁) ကြိမ် (သို့) (၂) ကြိမ်ပြုလုပ်ပေးပါ။
Lifestyle_Myanmar
Nyein_Thu
Ref-brightsideme