လက်ဝှေ့မယ်ကိုမှ ဓားပြသွားတိုက်မိလို့ နောင်တတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့ ချိဖ

0
667
Polyana Viana
Polyana Viana

UFC ရဲ့ အရှည်ခေါက်ဟာ Unlimited Fight Championship လို့ခေါ်ပြီး ကြိုးဝိုင်းထဲမှာ သွေးအလိမ့်လိမ့်နဲ့ အကြိတ်အနယ် ထိုးသတ်ရတဲ့ နိုင်ငံတကာ လက်ဝှေ့အားကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ပွဲမျိုးကို အပွဲပွဲဆင်နွဲနေတဲ့ Polyana Viana ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ချိန်းခြောက်လုယက်မှုတစ်ခုနဲ့ ကြုံခဲ့ပါတယ်။ သူမဟာ ဘရာဇီးနိုင်ငံရဲ့ UFC ဖိုက်တာကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အသက် ၂၆နှစ်အရွယ်သာ ရှိပါသေးတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်တာကြောင့် အထိုးအကြိတ်၊ အသတ်အပုတ်ကတော့ ပြောစရာကို မလိုပါဘူး။

ဒါပေမဲ့ သူမကားစောင့်နေတဲ့အချိန်မှာ လူတစ်ဦးက သူမနားကို လာပြီး အချိန်ဘယ်လောက်ရှိပြီလဲ လာမေးပါတယ်။ သူမလည်း ရိုးရိုးသားသားထင်ပြီး ပြန်ပြောဆိုလိုက်ပေမဲ့ အဆိုပါလူဟာ သူမနားကမသွားဘဲ အနားမှာရစ်သီရစ်သီလုပ်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူမနောက်ကို ရောက်လာပြီး နောက်ကျောကို သေနတ်နဲ့ ထောက်ကာ ဖုန်းကို ပေးဖို့ ချိန်းခြောက်ခဲ့ပါတယ်။ ဘာမှတုံ့ပြန်ဖို့ မကြိုးစားနဲ့ လှုပ်တာနဲ့ ပစ်မှာလို့ ချိန်းခြောက်ခဲ့ပေမဲ့ အဆိုပါချိန်းခြောက်တဲ့သူ ထောက်ထားတဲ့အရာဟာ သူမခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့အခါ ခပ်ပျော့ပျော့လေးလို့ ခံစားမိတာနဲ့ သေနတ်မဟုတ်မှန်း တဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ်။

သေနတ်မဟုတ်မှန်းသိတာနဲ့ UFC ဖိုက်တာဆိုတော့ သိတဲ့အတိုင်းပဲ လက်သီးနဲ့ ၂ချက်ဆင့်ကျွေးပြီး ခြေဖြင့်တစ်ချက် ကန်ထည့်လိုက်ပါတယ်။ ကန်ချက်ကြောင့် လဲကျသွားတဲ့အခါ လက်နောက်ပြန်ချုပ်ထားပြီး လမ်းသွားလမ်းလာတဲ့သူတွေကို ရဲခေါ်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ လုယက်သူဟာ သူမရဲ့ ထိုးနှက်ချက်တွေကြောင့် ကြောက်လန့်သွားပြီး ရဲကိုသာခေါ်လိုက်ပါ ပြန်ပြီးလည်း မခုခံတော့ပါဘူး ကျွန်တော်ရဲလာတဲ့အထိ စောင့်ဆိုင်းပေးပါ့မယ်လို့ ပြောယူရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဆိုပါ လုယက်သူ သူမကို ချိန်းခြောက်ဖို့ သေနတ်အဖြစ်အသုံးပြုခဲ့တဲ့အရာက သေနတ်မဟုတ်ပါဘူး။ ကတ်ထူစက္ကူလေးကို သေနတ်ပုံစံ ချိုးထားတာလေးပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Unicode

လက္ေဝွ႕မယ္ကိုမွ ဓားျပသြားတိုက္မိလို႔ ေနာင္တေတြနဲ႔ ရင္ဆိုင္လိုက္ရတဲ့ ခ်ိဖ
UFC ရဲ့ အရွည္ေခါက္ဟာ Unlimited Fight Championship လို႔ေခၚၿပီး ႀကိဳးဝိုင္းထဲမွာ ေသြးအလိမ့္လိမ့္နဲ႔ အႀကိတ္အနယ္ ထိုးသတ္ရတဲ့ နိုင္ငံတကာ လက္ေဝွ႕အားကစားနည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ထိုကဲ့သို႔ ပြဲမ်ိဳးကို အပြဲပြဲဆင္ႏြဲေနတဲ့ Polyana Viana ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ခ်ိန္းေျခာက္လုယက္မွုတစ္ခုနဲ႔ ၾကဳံခဲ့ပါတယ္။ သူမဟာ ဘရာဇီးနိုင္ငံရဲ့ UFC ဖိုက္တာၾကယ္ပြင့္တစ္ပြင့္ျဖစ္ၿပီး အသက္ ၂၆ႏွစ္အရြယ္သာ ရွိပါေသးတယ္။ ပေရာ္ဖက္ရွင္နယ္ ကစားသမားျဖစ္တာေၾကာင့္ အထိုးအႀကိတ္၊ အသတ္အပုတ္ကေတာ့ ေျပာစရာကို မလိုပါဘူး။

ဒါေပမဲ့ သူမကားေစာင့္ေနတဲ့အခ်ိန္မွာ လူတစ္ဦးက သူမနားကို လာၿပီး အခ်ိန္ဘယ္ေလာက္ရွိၿပီလဲ လာေမးပါတယ္။ သူမလည္း ရိုးရိုးသားသားထင္ၿပီး ျပန္ေျပာဆိုလိုက္ေပမဲ့ အဆိုပါလူဟာ သူမနားကမသြားဘဲ အနားမွာရစ္သီရစ္သီလုပ္ေနခဲ့ပါတယ္။ အဲ့ဒီေနာက္ သူမေနာက္ကို ေရာက္လာၿပီး ေနာက္ေက်ာကို ေသနတ္နဲ႔ ေထာက္ကာ ဖုန္းကို ေပးဖို႔ ခ်ိန္းေျခာက္ခဲ့ပါတယ္။ ဘာမွတုံ႔ျပန္ဖို႔ မႀကိဳးစားနဲ႔ လွုပ္တာနဲ႔ ပစ္မွာလို႔ ခ်ိန္းေျခာက္ခဲ့ေပမဲ့ အဆိုပါခ်ိန္းေျခာက္တဲ့သူ ေထာက္ထားတဲ့အရာဟာ သူမခႏၶာကိုယ္နဲ႔ ထိေတြ႕တဲ့အခါ ခပ္ေပ်ာ့ေပ်ာ့ေလးလို႔ ခံစားမိတာနဲ႔ ေသနတ္မဟုတ္မွန္း တျဖည္းျဖည္း သေဘာေပါက္လာခဲ့ပါတယ္။

ေသနတ္မဟုတ္မွန္းသိတာနဲ႔ UFC ဖိုက္တာဆိုေတာ့ သိတဲ့အတိုင္းပဲ လက္သီးနဲ႔ ၂ခ်က္ဆင့္ေကၽြးၿပီး ေျချဖင့္တစ္ခ်က္ ကန္ထည့္လိုက္ပါတယ္။ ကန္ခ်က္ေၾကာင့္ လဲက်သြားတဲ့အခါ လက္ေနာက္ျပန္ခ်ဳပ္ထားၿပီး လမ္းသြားလမ္းလာတဲ့သူေတြကို ရဲေခၚေပးဖို႔အကူအညီေတာင္းခဲ့ပါတယ္။ လုယက္သူဟာ သူမရဲ့ ထိုးႏွက္ခ်က္ေတြေၾကာင့္ ေၾကာက္လန႔္သြားၿပီး ရဲကိုသာေခၚလိုက္ပါ ျပန္ၿပီးလည္း မခုခံေတာ့ပါဘူး ကၽြန္ေတာ္ရဲလာတဲ့အထိ ေစာင့္ဆိုင္းေပးပါ့မယ္လို႔ ေျပာယူရတဲ့အထိျဖစ္ခဲ့ပါတယ္။ အဆိုပါ လုယက္သူ သူမကို ခ်ိန္းေျခာက္ဖို႔ ေသနတ္အျဖစ္အသုံးျပဳခဲ့တဲ့အရာက ေသနတ္မဟုတ္ပါဘူး။ ကတ္ထူစကၠဴေလးကို ေသနတ္ပုံစံ ခ်ိဳးထားတာေလးပဲျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here